အင်ဒို-အာရိယန် လူမျိုးများ

အင်ဒို-အာရိယန် လူမျိုးများသည် တောင်အာရှဒေသတွင်လူမျိုးစုများကွဲပြားစွာဖြင့်တည်ရှိနေသော အင်ဒို-အာရိယန်ဘာသာစကားပြောသူများဖြစ်သည်။သမိုင်းအရ ဗဟိုအာရှရှိ အင်ဒို-အီရန် ရွေ့ပြောင်းသူများသည် တောင်အာရှဒေသသို့ အင်ဒို-အာရိယန် တို့၏ ရှေ့ပြေး အုပ်စုအဖြစ် ရွေ့ပြောင်းရောက်ရှိလာသည်ဟု ယူဆရသည်။အင်ဒူမြစ်ဝှမ်းဒေသ၏မြောက်ပိုင်းဒေသများတွင်အခြေချနေထိုင်ခဲ့သော အစောပိုင်း အင်ဒို-အာရိယန် လူမျိုးများသည် အင်ဒို-အီရန်အုပ်စုနှင့် ယဉ်ကျေးမှု၊ဘာသာစကား၊သမိုင်းကြောင်းများ သိသာထင်ရှားစွာဆက်စပ်နေသည်။ထို အင်ဒို-အာရိယန် ဘာသာစကားပြောဆိုသူများသည် အင်ဒူမြစ်၏တောင်ပိုင်းဒေသများကိုဖြတ်သန်း တောင်အာရှဒေသခံ မျိုးနွယ်စုများနှင့်အားပြိုင်မှုများဖြစ်ခဲ့သည်၊ ထိုအားပြိုင်မှုသည် ရာမာယဏဇာတ်တော်တွင်ထင်ရှားသည်။ ထိုနောက်သက်တမ်းရှည် ပေါင်းသင်းနေထိုင်မှုများရှိသည်။ မိခင်ဘက်မျိုးနွယ်ဆိုင်ရာ mtDNA အချက်အလက်များအရ၊ ဒေသခံ ဒြာဝီဒီယန်မျိုးနွယ်အမျိုးသမီးများနှင့် ပေါင်းသင်းမှုရှိကြောင်း တွေ့ရသည်။ ယနေ့ခေတ် ဘင်္ဂလာဒေ့ရှ်၊ နီပေါနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းဒေသများနှင့် အိန္ဒိယ နိုင်ငံမြောက်ပိုင်းဒေသ များတွင့် ပြန့်နှံ့စွာနေထိုင်လျက်ရှိသည်။

Indo-Aryan peoples
1978 မြေပုံသည် အင်ဒို-အာရိယန်ဘာသာစကားကြီးများ၏ ပထဝီဝင်အနေအထားကို ဖြန့်ဖြူးပြသထားသည်။
လူဦးရေ စုစုပေါင်း
သန်းပေါင်း~၁၄၀၀[ကိုးကားချက်လိုသည်]
အများစု နေထိုင်သည့် နေရာ
 အိန္ဒိယ၉၁၁သန်းကျော်[]
 ပါကစ္စတန်၁၈၀သန်းကျော်[]
 ဘင်္ဂလားဒေ့ရှ်၁၇၀သန်းကျော်[]
 နီပေါ၂၈သန်းကျော်
 သီရိလင်္ကာ၁၄သန်းကျော်
 အာဖဂန်နစ္စတန်၂သန်းကျော်
 မောရစ်ရှ၇၂၅၄၀၀ကျော်
 မော်လဒိုက်၃၀၀၀၀၀ကျော်[]
 ဘူတန်၂၄၀၀၀၀ကျော်
ဘာသာစကား
အင်ဒို-ဥရောပနွယ် ဘာသာစကားများ
ကိုးကွယ်မှု
အိန္ဒိယ (အဓိကအားဖြင့် ဟိန္ဒူဘာသာ; နှင့် အနည်းငယ်သောဗုဒ္ဓဘာသာ, ဆစ်ခ်ဘာသာ and ဂျိန်းဘာသာ) နှင့် အစ္စလာမ်ဘာသာ, [[ ခရစ်ယာန်]] နှင့်ဘာသာမဲ့များ
  1. IndiaThe World Factbook (16 November 2021)။
  2. PakistanThe World Factbook (4 February 2022)။
  3. BangladeshThe World Factbook (4 February 2022)။
  4. Population of Lhotshampas in BhutanUNHCR (2004)။ 16 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2016 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya