အင်းလျားလိတ်ဟိုတယ်

အင်းယားလိတ်ဟိုတယ် ကို ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာနိုင်ငံခြားအဆင့်အတန်းမီဟိုတယ် ၊ ကလိုသူကို ခေါ်လာ၍ တွဲကနိုင်သည်။ ကချေသည်တော့ ထားမည်မဟုတ်ဆိုခြင်း ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့၏။ ကျပ် (၂၆၅) သိန်း ကုန်ကျခဲ့ပြီး ရုရှားနိုင်ငံမှ လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖွင့်ပွဲသို့ ဟိုတယ် မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးချုပ်တီကလစ်၊ ဟိုတယ် အုပ်ချုပ်ရေးအဖွဲ့ သဘာပတိ၊ အစ္စရေးသံအမတ်ကြီးနှင့် ဟိုတယ် မန်နေဂျာ မစ္စတာမာတစ်တို့ တက်ရောက်ခဲ့ကြသည်။ ယင်းဟိုတယ်ကြီးကို အစ္စရေးနိုင်ငံမှ ဖင်ဒါမင် အင်တာပရိတ် (Findamin Enterprise) က ဦးစီးဆောက်လုပ်ခဲ့ပြီး တစ်ယောက်ခန်း (၇၅)ခန်း၊ နှစ်ယောက်ခန်း (၁၂၄)ခန်း ရှိသည်ဟု ဆို၏။ ဟိုတယ် တည်းခိုနှုန်းမှာ တစ်နေ့ (၂၄) နာရီ အတွက် တစ်ယောက်ခန်း ၅၂ ကျပ် ၂၅ ပြား မှ ၅၉ ကျပ် ၅၀ ပြား ၊ နှစ်ယောက်ခန်း ၈၀ ကျပ် ၇၅ ပြား မှ ၉၂ ကျပ် ၇၅ ပြား ဖြစ်သည်။ ခန်းမကျယ်ကြီးများလည်း ရှိပြီး တစ်နေကုန် အသုံးပြုလျှင် ၁၁၈ ကျပ် ၇၅ ပြားမှ ၂၈၅ ကျပ် အထိ ကျသင့်ပါသည်။ အစားအသောက်နှုန်းထားများမှာမူ နံနက်လက်ဖက်ရည် ၂ ကျပ် ၅၀ ပြား ၊ နေ့လယ်စာ ၁၁ ကျပ် ၇၅ ပြား နှင့် ညစာ ၁၆ ကျပ် ၅၀ ပြားတို့ အသီးသီး ဖြစ်သည်။ []

ကိုးကား

  1. တင်နိုင်တိုး။ ''ခေတ်ဟောင်းသတင်းစာများကပြောသော ၁၂ လရာသီ အဖြစ်အပျက်များ''။ သူရိယစာပေ၊ ရန်ကုန်။ ၂၀၀၉ မတ်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya