အင်္ဂလန် အမျိုးသား ဘောလုံးအသင်း
အင်္ဂလန် အမျိုးသား ဘောလုံးအသင်းသည် အင်္ဂလန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (The Football Association; FA) မှ အုပ်ချုပ်ကွပ်ကဲသည်။[၁][၂] အက်ဖ်အေသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအေးဖာ)၏ အောက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စည်းကမ်းဆိုင်ရာ စီရင်မီုအေုက်တွင်ရှိသည်။[၃][၄] အသင်းသည် ဖီဖာ ကမ္ဘာ့ဖလား၊ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာနိုင်ငံများလိဂ် (UEFA Nations League) စသည့် အဓိကပြိုင်ပွဲကြီး သုံးရပ်၌ ပါဝင်ယှဉ်ပြိုင်သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားဆု ရရှိခဲ့သော နိုင်ငံရှစ်နိုင်ငံထဲက အသင်းတစ်သင်းလည်းဖြစ်၏ ။[၅] အင်္ဂလန်အမျိုးသားအသင်းသည် ကမ္ဘာပေါ်၌ သက်တမ်းအကြာဆုံး ပူးတွဲအသင်းတစ်ခုဖြစ်၍ ၁၈၇၂ တွင် စကော့တလန် အမျိုးသားဘောလုံးအသင်းကို ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။ အသင်း၏ အိမ်ကွင်းမှာ ဝင်ဘာလီ အားကစားကွင်း (Wembley Stadium; /ဝမ်းဘလီ/) ဖြစ်၍ လန်ဒန်တွင် တည်ရှိပြီး လေ့ကျင့်ရေးဌာနချုပ်များသည် စိန့် ဂျော့ဂျ်ပါ့ခ်၊ ဘာတန်နပေါန်ထရန့်တ်မြို့ (Burton upon Trent) တို့၌ ရှိသည်။ လက်ရှိအသင်း၏ မန်နေဂျာ (နည်းပြ)မှာ ဂရက် ဆောက်ဂိတ် ဖြစ်၏ ။ အင်္ဂလန်အသင်းသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၅) ကြိမ်အထိ အရည်အချင်းစစ်အောင်မြင်ခဲ့ပြီး အင်္ဂလန်အသင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပသောနှစ် ၁၉၆၆ ၌ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၉၀၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်း စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့လေသည်။ သို့သော် အင်္ဂလန်အသင်းသည် ဥရောပဖလားပြိုင်ပွဲတွင် အနိုင်ရရှိဖူးခြင်းမရှိသေးဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် ဥရောပဖလားပွဲတွင် ဗိုလ်လုပွဲအထိရောက်ရှိခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဖွဲ့စည်းပါဝင်နိုင်ငံဖြစ်သည့် အင်္ဂလန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်မဟုတ်သောကြောင့် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်း မရှိပေ။ ကိုးကား
|
Portal di Ensiklopedia Dunia