အင်္ဂါနေ့

အင်္ဂါသည် တနင်္လာနှင့် ဗုဒ္ဓဟူးကြားဖြစ်ပြီး အမေရိကနှင့် ခရစ်ယာန်နိုင်ငံများ၏ ပြက္ခဒိန်များတွင် တတိယနေ့စွဲဖြစ်သည်။

တနင်္ဂနွေတနင်္လာတို့မှလွဲ၍ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါသည်။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရသည်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်"အင်္ဂါ" ဟူသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပာယ်ရသည်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆို၏။ []

ဂြိုဟ်အဆင်းအရောင်

ကိုးကား

  1. "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya