အစိန္တေယျ ဘုရားရှိခိုးကြီး
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာအစိန္တေယျ ဘုရားရှိခိုးကြီးနမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်းငှာ မထိုက်၊
ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူပေထသော။ (၃) ဇမ္ဗူ့ကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင်၊ ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမလောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်၊ တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီးသေဌ်နင်း၊ မာရ်နတ်မင်းကို၊ ဖြည့်တင်းတော်မူခဲ့သော၊ ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန်လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါနဘာဝနာဖြင့်၊ ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာပဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာနဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော်မူပြီးလျှင်၊
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့်၊ ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူ အထွဋ်၊ လူ တမွတ်ဟု၊ မချွတ် သမိုက်အပ်ထသော။ (၄) ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့၊ ရခြင်းငှာ မထိုက်၊
ဤခြောက်တန်သော ဆ အသာဓါရဏ၊ ဉာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြဝဠာ၊ သမန္တာရပ်၊ လောကဓာတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော၊ ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓ စက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့်၊ အဆုံးမဲ့မြင်တော်မူပြီး ထသော။ ( ၅ ) ပလ္လင်, အနိမိသ၊ စင်္ကမ မှသည်၊ စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ်တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်, အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိန္ဒြေ အလုံးမှ၊ ပြိုးပြုံးပြိုးပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ, ပီတ, လောဟိတ၊ ဩဒါတ, မဉ္ဇိဋ္ဌ, ပဘသရာ၊
တည်းဟူသော၊ ရောင်ခြည်တော် ခြောက်ဆိုင်ကို၊ တပြိုင်တည်းကွန့် မြူးစေလျက်၊ လနေအတိ၊ လျှံငြီး ပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြာ ဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီးတို့၏၊ ကိုယ်ရောင်ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော၊ လောကဓာတ်တို့ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော။ (၆)
တည်းဟူသော၊ ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ၊ သရဖူ မကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်၊ တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိပဿမ္ဘနဝိမုတ္တိ၊ နိသရဏဝိမုတ္တိ တည်းဟူသော၊ ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက်၊ ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ၊ အတုလမုနိလည်း ဖြစ်တော်မူထသော။ (၇) သုံးဆယ့်နှစ်ပါးသော၊ ယောက်ျားမြတ်တို့၏၊ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ ကိုယ်အင်္ဂါတော်အစိတ်ကို၊ လက္ခဏာရိပ် ပြရာ၌၊ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော်ဆံစသို့၊ ယှက်ကူးကာတောက်ပသော၊ ဥဏှီသ သင်းကျစ်တော်တဖြာ၊ နရကာရွှေစင်၊ နဖူးတော်အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့်၊ နှစ်ဖက်သော မျက်မှောင်တော် တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည်တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်၊ ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့်၊ ဆံစတော်တတန်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ် တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသစက္ခုတော် နှစ်ဖြာ၊ ပြယိုးယားပွင့်၊ ရွှေပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက်၊ မကောက်မချွန်၊အလွန်လျှင် ရှုချင်ဖွယ်ရာသော၊ နှာတံနှာသီးတော်မြတ်၊ လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်၊ ပုလဲရတနာ၊ သာခွာဘော်ကြူ၊ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော၊ သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့်၊ ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျက်၊ ချီးမွမ်းအံ့ဩ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကြူး၊ အထူးသပ္ပာယ်တော် မူထသော။ (၈) ကာမဘဝါ၊ ဒိဋ္ဌာဝိဇ္ဇော၊ ဩဃလေးဖြာ၊သံသရာစက်၊ ဝဲဂယက်၌၊ တဝဲလည်လည်၊ မတည်မရပ်၊ ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်၊ ဩဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီမလစ်၊ မဂ်ဆီညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်၊ ဝိနယ, သုတ္တန်၊ ဘိဓမ္မံဟု၊ သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်း သုံးရပ်၊ ကထာနည်းအားဖြင့်လည်း သုံးရပ်၊ အာဏာဝေါဟာ၊ ပရမတ္တာ ဟူ၍လည်း သုံးရပ်၊ ဤသို့အားဖြင့်၊ သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြားမြွက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော။ (၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိ အလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင်တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့၊ ကူးစေဖို့ငှာ၊ ဒေသနာရေအေး၊ နိဗ္ဗာန်တည်း ဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေး ဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊ လောကသုံးရပ်၊ ဘုံသုံးထပ်၌၊ ယှဉ်ကပ်သော်လည်း မနိုင်၊ ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူထသော။ (၁၀) ဤမဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာဂမန၊ ကဿပဟု၊ လောကထွတ်ထား၊ဘုရားသုံးဆူ၊ သယမ္ဘူတို့၊ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့်၊ သုံးကြိမ်ဆင့်၍၊ ပွင့်တော်မူကြကုန် ပြီးသည့်နောက်၊ လေးဆင့်မြောက်အကျ၊ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ဉာဏခိုင်ဖြီး၊ ဉာဏ်တော်ကြီးကို၊ ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့်၊ သာယာစွာဆုံးမ၊ ဟောပြတော်မူသည်လည်းဖြစ်တော်မူထသော။ (၁၁) ဒီပင်္ကရာ၊ ထွတ်ချာမှန်ကင်း၊ သုံးလူ့မင်း၏၊ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ်ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်လည်း၊ တစ်ယောက်တည်း ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင်၊ ဘယ်တွင် အကျိုးမရှိချေ၊ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ် ဖောင်စကြာဖြင့်၊ သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ၊ ကျွန်းခေမာသို့၊ တင်ကာဆောင်ပို့မည်ဟု၊ တိဏ္ဏော တာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တော မောစေယျံ၊ သုံးခွန်းသော ဝစနံကို၊ ရွှေနှုတ်တော်လှစ်ဖွင့်၍၊ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်၊ လေးအသင်္ချေ၊ လွန်လေကုန်မြောက်၊ ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမန် ပုဂ္ဂိုလ်တို့၊ အလွန်တရာ၊ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးစသော၊ သမ္မာသမ္ဗောဓိအဖြစ် တည်းဟူသော၊ ဆုကြီးကို ရှာမှီးတော်မူပြီးထသော။ (၁၂) ဂင်္ဂါဝါဠု၊ သဲစုမြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာ၊ စောသတ္တာတို့၏၊ သွားရာလမ်းကြောင်း၊ စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနေမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ, သတိ၊ ဟီရိဩတ္တပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ, ပညာ၊ လေးဖြာဈာန်တည်းဟူသော၊ စရဏတရား (၁၅) ပါးတို့ကို၊ အားသစ် ကျင့်ဆောင်တော်မူသဖြင့်၊
တည်းဟူသော၊ ပဋိသမ္ဘိဒါ လေးပါး၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသ တည်းဟူသော အဘိညာဉ် ခုနှစ်ပါး၊ ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့်၊ သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြားဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို၊ ဥဿုံစိုးပိုင်တော်မူပြီးထသော။ (၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မအကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီးဗိုလ်ချုပ်တင်လျက်၊ အသင်္ချေချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို၊ ဆံလွှာ မကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော။ (၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း၊ တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော်၊ အလောင်းတော်ဖြစ်ခါစပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ, တမ္ဗ၊ ပိင်္ဂလ, ဂန္ဓ၊ မင်္ဂလ, ဟေမ၊ ဥပေါသထ, ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏၊ ဆယ်ဆတက် ဆယ်ဆတက်စီသော အားကို၊ ဆောင်နိုင်သည်ဖြစ်၍၊ ယောက်ျား ဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကာယဗလ၊ ဌာနာဌာန ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် တည်းဟူသော၊ ဆယ်ပါးသောဉာဏဗလကို၊ ရတော်မူသည်ဖြစ်၍၊
ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ်၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး၊ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါဟူသော၊ ဘွဲ့ပုံတော်အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပအပ်သည်လည်း ဖြစ်ထသော။ (၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ၊ ဖြစ်ဖြစ်သမျှ တို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂ တည်းဟူသော၊ စွန့်ခြင်းကြီး ငါးအင်ကို၊ မဂ္ဂင်ဖောင်ပျံ၊ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်းလွန်မောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ, လင်္ဃီမာ၊ မဟိမာ, ပတ္တိမာ, ကမ္မာ၊ ဤသိတာ, ဝသိတာ၊ ယတ္ထကာမဝသယိတာ ဟူသော၊ ဘာသာမဂဓိုရ်၊ ရာဇဂြိုဟ်၊ ဥဒါန်းနှင့်အညီ၊
တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော။ (၁၆) *လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပီဠနအနက်၊
တည်းဟူသော၊ လေးပါးသော ဒုက္ခသစ္စာ၏ အနက်တို့ကို လည်းကောင်း။
တည်းဟူသော လေးပါးသော သမုဒယသစ္စာ၏ အနက်တို့ကိုလည်းကောင်း။
တည်းဟူသော၊ လေးပါးသော နိရောဓသစ္စာ၏ အနက်တို့ကို လည်းကောင်း။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်တို့ကို လည်းကောင်း။ အကြောင်းအကျိုး အားလျော်စွာ၊ လေးသစ္စာတို့ကို၊ ဒဿနာကာရဖြင့်၊ သောဠာသ ဝေဖန်၍၊ ရွှေဉာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက်အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန်ပြင်းဝှန်၊ ရွာဖျန်းသွန်းသော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေ တတ်သော၊ သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို၊ အဟံ-ခန္ဓာပဉ္စက၊ ဒြပ်ထုမျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား။ မှတ်ချက်
|
Portal di Ensiklopedia Dunia