အတ္တလန္တိတ်သမုဒ္ဒရာ
အတ္တလန္တိတ် သမုဒ္ဒရာသည် ကမ္ဘာ ပေါ်ရှိ သမုဒ္ဒရာများ အနက် ဒုတိယမြောက် အကြီးဆုံး ဖြစ်သည်။ စုစုပေါင်း ဧရိယာမှာ ၈၅,၁၃၃,၀၀၀ စတုရန်း ကီလိုမီတာခန့် ရှိပြီး ကမ္ဘာ၏ ၁၇ ရာခိုင်နှုန်းခန့်ကို နေရာယူထားပြီး ကမ္ဘာ့ ရေထု၏ ၂၄ ရာခိုင်နှုန်းခန့် တည်ရှိနေသည်။ နာမည်မှာ ဂရိဒဏ္ဍာရီလာ အက်တလပ်စ် ကို ရည်ညွှန်းခြင်း ဖြစ်ပြီး အတ္တလန္တိတ် ဆိုသည်မှာ အက်တလပ်စ်၏ ပင်လယ်ဟု အဓိပ္ပာယ် သက်ရောက်စေသည်။ သမိုင်းထဲတွင် အတ္တလန္တိတ်ဟု ပထမဆုံး ဖော်ပြထားသည်မှာ ဘီစီ ၄၅၀ ခန့်တွင် ဟီရိုဒိုးတပ်စ်ရေးသားသော သမိုင်းစာအုပ်တွင် ဖြစ်သည်။ တောင်ဘက် အတ္တလန္တိတ် သမုဒ္ဒရာကို ၁၉ ရာစု အလယ်ပိုင်းတွင် အီသီယိုပီးယား ဆိုသော အမည်မှ ဆင်းသက်လာသည့် အီသီယိုးပစ် သမုဒ္ဒရာဟုလည်း ညွှန်းဆို ခေါ်ဝေါ်ကြသည်။[၂] ဥရောပသားများ အခြား သမုဒ္ဒရာများကို ရှာဖွေ မတွေ့ရှိမီ အချိန်က သမုဒ္ဒရာ ဆိုသော အမည်မှာ ဂျီဘရော်လ်တာ ရေလက်ကြား အလွန် ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး ယခု အတ္တလန္တိတ်ဟု ခေါ်ဆိုသော နေရာပင် ဖြစ်သည်။ ဂရိတို့ကမူ သမုဒ္ဒရာ ဆိုသည်မှာ ကမ္ဘာကို လှည့်ပတ်နေသည့် ဧရာမ မြစ်ကြီးဟု ယုံကြည်ခဲ့ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia