အထက(သုဝဏ္ဏ)အခြေခံပညာအထက်တန်းကျောင်း၊ သုဝဏ္ဏ(အတိုကောက် အ.ထ.က(သုဝဏ္ဏ)သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့၊၂၅ရပ်ကွက်၊သုဓမ္မာလမ်းမဘေးတွင်တည်ရှိပါသည်။၁၉၄၈ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့သည်။သူငယ်တန်းမှဒွာဒသမတန်းအထိပညာသင်ကြားပေးနေသည့်မိခင်ကျောင်းတော်ကြီးဖြစ်သည်။သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူးရုံးစိုက်ရာကျောင်းဖြစ်သည်။
ဆုတံဆိပ်များ•အရှေ့ပိုင်းခရိုင် ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ။။ မောင်မြတ်မင်းသန့်(နှစ်ထပ်ကွမ်းလူရည်ချွန်) မှထပ်မံရရှိသည်။ •ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး မှ ကြီးမှူးကျင်းပ သောအခြေခံပညာ ကျောင်းပေါင်းစုံ အကြိမ် (၂၀) မြောက် ပဌာန်းဒေသနာတော် အကောင်းဆုံးရွတ်ဆို ပူဇော်မှု ရွေးချယ်ပွဲ ဆုချီးမြှင့်ပွဲ (၁၃-၁-၂၀၂၃) တွင် အမျိုးသားအသင်း အတွက် ပထမဆု နှင့် ပဌာန်းအမွှမ်း ပထမ ဆု ကို (အထက သုဝဏ္ဏ ) မှ ရ ရှိပါသည်။ •ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အထူးဆုနှစ်ဆုကို ရန်ကုန်မြို့ (သင်္ဃန်း ကျွန်း) အထက သုဝဏ္ဏ၊ Grade-9 မှ မဆွတ်ဂျာလုံ •အပြည်ပြည်ဆိုင်ရာလူငယ်များ နွေရာသီစခန်းချပွဲ ၂၀၂၀-ဂျပန် Bridge Summer Camp 2020-Japan မောင်ထက်ရှိုင်း (အ ထ က သုဝဏ္ဏ၊ရန်ကုန်) •၂၀၂၄-၂၅ပညာသင်နှစ်အင်္ဂလိပ်စာစွမ်းရည်ဗဟိုအဆင့်ဧကာဒသမအဆင့်ရရှိသည်။ ထင်ရှားသောနေရာများထင်ရှားသောနေရာများ•သိရိသုဝဏ္ဏပညာခန်းမ(သင်္ဃန်းကျွန်းခရိုင်အဆင့်ပွဲများလက်ခံကျင်းပရာခန်းမ၊ယခင်-အရှေ့ပိုင်းခရိုင်ခန်းမ) •ကျောင်းမုန့်ဈေးတန်း(အစိုတန်းနှင့်အခြောက်တန်း)ဟူ၍ရှိပြီးသင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိအကောင်းဆုံးကျောင်းမုန့်ဈေးတန်းဖြစ်သည်။ •သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးရုံး(ယခင်-အရှေ့ပိုင်းခရိုင်ပညာရေးမှူးရုံး) •ကံ့ကော်ဆောင်(အစောဆုံးတည်ဆောက်ထားသောအဆာင်များထဲမှတစ်ခု) •ပညာဘဏ်တိုက်စာကြည့်တိုက်၊နဝရတ်စာကြည့်တိုက်(လူကြီးစာဖတ်ခန်းနှင့်ကလေးစာဖတ်ခန်းဟူ၍အခန်းခွဲထားရှိသည်) •အင်ကြင်းဆောင်၊ဇီဇဝါဆောင်နှင့်သရဖီဆောင်တို့၏တည်ဆောက်ပုံမှာ Educationကိုကိုယ်စားပြုသည့်အင်္ဂလိပ်အက္ခရာ E ပုံသဏ္ဌာန်ဖြစ်သည်။ ထိုသို့တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်တွင်း ပညာရေးအဆောက်အအုံဖြစ်ကြောင်းသိစေလိုခြင်းဖြစ်သည်။ •ကျောင်းအရှေ့ဘောလုံးကွင်း(အင်ကြင်ဆောင်အရှေ့တွင်ရှိ၍ကျယ်ဝန်းသည်) •ကျောင်း၏ပရဝန်မှာအလွန်ကျယ်ဝန်းလှ၍ကျောင်းအဝင်အထွက်ဂိတ်၆ပေါက်အထိရှိသည်။(သို့သော်ယခုအခါကျောင်းသား/သူများ၏လုံခြုံရေးအရနှစ်ပေါက်သာအသုံးပြုသည်) ကျောင်းဆောင်များကျောင်းဝင်းအတွင်း အဓိကကျောင်းဆောင်များနှင့် အဆောက်အအုံများမှာ အောက်ပါအတိုင်း ဖြစ်သည်–
ကျောင်းဝင်းအတွင်းသို့ ဝင်ထွက်နိုင်သော ဂိတ်ပေါက် ၆ ခု ရှိသည်။ |
Portal di Ensiklopedia Dunia