အမေဇုံ အဲလက်စ်ဆာ![]()
Amazon Alexa သည် Amazon မှ ထုတ်လုပ်ထားသည့် virtual assistant တစ်ခု ဖြစ်သည်။ ၎င်းကို Amazon Lab126 က တီထွင်ထုတ်လုပ်ထားသည့် Amazon Echo နှင့် Amazon Echo Dot smart speakers များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ၎င်းသည် အသံဖြင့်လုပ်ဆောင်နိုင်စွမ်းရှိသည်။ သီချင်း၊ လုပ်ဆောင်ရန်စာရင်းများ ပြုလုပ်ခြင်း၊ အသိပေးချက်များ ပြုလုပ်ခြင်း၊ streaming podcasts၊ audiobooks များ ဖွင့်ခြင်း၊ ရာသီဥတု၊ ယာဉ်အသွားအလာ၊ အားကစား၊ အခြားသော အချိန်နှင့်တစ်ပြေးညီ ဖြစ်သည့် သတင်းကဲ့သို့သော သတင်းအချက်အလက်များကို ဆောင်ရွက်ပေးနိုင်သည်။ Alexa သည် များစွာသော smart devices များကို home automation စနစ်အနေဖြင့်လည်း ထိန်းချုပ်နိုင်သည်။ အသုံးပြုသူများသည် Alexa ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးချဲ့နိုင်သည်။ third-party vendors ကထုတ်လုပ်ထားသည့် လုပ်ဆောင်ချက်များ ထည့်သွင်းထားသော weather programs and audio features ကဲ့သို့သော app များကို ထည့်သွင်းခြင်းသည် Alexa ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia