အမ်မိုးနီးယား
Ball-and-stick model of the ammonia molecule
Space-filling model of the ammonia molecule
အမည်
IUPAC name
Azane
အခြားအမည်များ
ဟိုက်ဒရိုဂျင် နိုက်ထရိုက်
သရိုင်ဟိုက်ဒရိုဂျင် နိုက်ထရိုက်
Nitrogen trihydride
အမှတ်အသားများ-->
-->
-->
-->
----- templatepar -----
-->
CAS Number
7664-41-7 Y
3DMet
B00004
Beilstein Reference
3587154
ChEBI
CHEBI:16134 Y
ChEMBL
ChEMBL1160819 Y
ChemSpider
217 Y
EC Number
231-635-3
Gmelin Reference
79
Jmol 3D model
Interactive image
KEGG
D02916 Y
MeSH
Ammonia
PubChem
222
RTECS number
BO0875000
UNII
5138Q19F1X Y
UN number
1005
InChI=1S/H3N/h1H3
Y Key: QGZKDVFQNNGYKY-UHFFFAOYSA-N
Y InChI=1/H3N/h1H3
Key: QGZKDVFQNNGYKY-UHFFFAOYAF
ဂုဏ်သတ္တိများ
NH3
Molar mass
17.031 g/mol
ရုပ်အဆင်း
Colourless gas
အနံ့
strong pungent odour
သိပ်သည်းမှု
0.86 kg/m3 (1.013 bar at boiling point)
0.769 kg/m3 (STP)[ ၁]
0.73 kg/m3 (1.013 bar at 15 °C)
681.9 kg/m3 at −33.3 °C (liquid)[ ၂]
817 kg/m3 at −80 °C (transparent solid)[ ၃]
အရည်ပျော်မှတ်
−၇၇.၇၃ ဒီဂရီ စင်တီဂရိတ် (−၁၀၇.၉၁ ဒီဂရီ ဖာရင်ဟိုက်; ၁၉၅.၄၂ ကယ်လ်ဗင်) (Triple point at 6.060 kPa, 195.4 K)
ရေဆူမှတ်
−၃၃.၃၄ ဒီဂရီ စင်တီဂရိတ် (−၂၈.၀၁ ဒီဂရီ ဖာရင်ဟိုက်; ၂၃၉.၈၁ ကယ်လ်ဗင်)
47% w/w (0 °C) 31% w/w (25 °C) 18% w/w (50 °C)[ ၄]
ပျော်ဝင်မှု
soluble in ကလိုရိုဖောင်း , ether , အီသနောလ် , methanol
ရေငွေ့ ဖိအား
857.3 kPa
အက်စစ် ပါဝင်မှု (pK a )
32.5 (−33 °C),[ ၅] 10.5 (DMSO)
ဘေ့စ်ပါဝင်မှု (pK b )
4.75
-18.0·10−6 cm3 /mol
1.3327
ပျစ်စေးမှု
0.276 cP (−40 °C)
တည်ဆောက်ပုံ
Point group
C3v
Trigonal pyramid
1.42 D
သာမိုဓာတုဗေဒ
193 J·mol−1 ·K−1 [ ၆]
−46 kJ·mol−1 [ ၆]
အန္တရာယ်
Safety data sheet
ICSC 0414 (anhydrous)
GHS pictograms
[ ၇]
H221 , H280 , H314 , H331 , H400 [ ၇]
P210 , P261 , P273 , P280 , P305+351+338 , P310 [ ၇]
T C N
R-phrases
R10 , R23 , R34 , R50
S-phrases
(S1/2) , S9 , S16 , S26 , S36/37/39 , S45 , S61
NFPA 704
Flash point
flammable gas
၆၅၁ ဒီဂရီ စင်တီဂရိတ် (၁,၂၀၄ ဒီဂရီ ဖာရင်ဟိုက်; ၉၂၄ ကယ်လ်ဗင်)
Explosive limits
15–28%
Lethal dose or concentration (LD , LC ):
0.015 mL/kg (human, oral)
40,300 ppm (rat, 10 min) 28595 ppm (rat, 20 min) 20300 ppm (rat, 40 min) 11590 ppm (rat, 1 hr) 7338 ppm (rat, 1 hr) 4837 ppm (mouse, 1 hr) 9859 ppm (rabbit, 1 hr) 9859 ppm (cat, 1 hr) 2000 ppm (rat, 4 hr) 4230 ppm (mouse, 1 hr)[ ၈]
5000 ppm (mammal, 5 min) 5000 ppm (human, 5 min)[ ၈]
US health exposure limits (NIOSH ):[ ၉]
50 ppm (25 ppm ACGIH - TLV; 35 ppm STEL )
TWA 25 ppm (18 mg/m3 ) ST 35 ppm (27 mg/m3 )
300 ppm
ဆက်စပ် ဒြပ်ပေါင်းများ
Phosphine Arsine Stibine
ဆက်စပ်သော nitrogen hydrides
Hydrazine Hydrazoic acid
ဆက်စပ် ဒြပ်ပေါင်းများ
Ammonium hydroxide
Except where otherwise noted, data are given for materials in their
standard state (at 25 °C [77 °F], 100 kPa).
Y verify (what is Y N ?)
Infobox references
အမ်မိုးနီးယား (အင်္ဂလိပ် : Ammonia )သည် အရောင်ကင်း၍ စူးရှ
သည့်အနံ့ရှိသော ဓာတ်ငွေ့ဖြစ်သည်။ လေထက် အလေးချိန်ပေါ့
၍ လေ၏ငါးပုံသုံးပုံခန့်သာလေးသည်။ နိုက်ထရိုဂျင် တစ်ဆ
နှင့် ဟိုက်ဒရိုဂျင် သုံးဆရော၍ရသော ဓာတ်ငွေ့ဖြစ်သဖြင့်
ယင်းကိုဓာတုသင်္ကေတအားဖြင့် NH3 ဟုရေးသည်။ အမ်မိုးနီး
ယားကို လေများများနှင့် ရော၍ရှူလျှင် အသက်အန္တရာယ်
မရှိသော်လည်း သူ့ချည်း ခပ်များများရှူမိပါက မွှန်၍ အသက်
အန္တရာယ် ဖြစ်စေနိုင်သည်။
အမ်မိုးနီးယားသည် ရေတွင် အလွန်ပျော်ဝင်လွယ် သည်။
အမ်မိုးနီးယားဓာတ်ငွေ့ကို ရေတွင် ပျော်ဝင်စေသောအခါ
အယ်လကာလိုင်းဂုဏ်သတ္တိများရှိသည့် အမ်မိုးနီးယားဟိုက်
ဒရောက်ဆိုက်ကိုရ၏။ ထိုအမ်မိုးနီးယားရေကို ဟိုက်ဒရို
ကလိုရစ် အက်ဆစ် နှင့် ပေါင်းစပ်စေလျှင် အမ်မိုးနီးယား
ကလိုရိုက်ကို ရသည်။ စင်စစ် အမ်မိုးနီးယား ဟူသော
အမည်ကို အမ်မိုးနီးယား ကလိုရိုက်မှ ရရှိခဲ့ခြင်းဖြစ်သည်။
အမ်မိုးနီးယားကလိုရိုက်ခေါ် ဇဝက်သာ ကို အီဂျစ်နိုင်ငံ ဂျူပီတာ
အမ်မွန်ဘုရားကျောင်းအနီးမှ တွေ့ရှိရသည်ကိုအစွဲပြု၍
အမ်မိုးနီးယားဟူသောအမည် ဖြစ်ပေါ် လာသည်။
အမ်မိုးနီးယားကို ရှေးအခါက သမင်ဖို၏ဦးချို၊ ခွာနှင့်
သားရေတို့မှ ထုတ်ယူကြသဖြင့် "သမင်ချိုအရက်ပြန်"ဟုခေါ်
ကြသည်။ အမ်မိုးနီးယားကို ဓာတ်ငွေ့စစ်စစ်အဖြစ် ၁၇၇၄
ခုနှစ် တွင် ဂျိုးဇက် ပရီးဆလီ ဆိုသူ အင်္ဂလိပ်လူမျိုး ဓာတုဗေဒ
ပညာရှင်က စတင်ထုတ်လုပ်၍ "အယ်လကလိုင်းလေ" ဟု
မှည့်ခေါ်ခဲ့သည်။
အမ်မိုးနီးယားသည် ခြောက်နေသည့်အခါ အခြားဓာတ်
များနှင့်ပေါင်းစပ်မှုနည်း၍ ရေတွင်ပျော်ဝင်နေသည့်အခါ အခြား
ဓာတ်များနှင့် ပေါင်းစပ်သွားလေသည်။
ရိုးရိုးကျောက်မီးသွေ းမှ ကုတ်မီးသွေးနှင့် ကျောက်မီး
သွေးဓာတ်ငွေ့ကို ထုတ်ယူရာတွင် အမ်မိုးနီးယားကို ဘေးထွက်
ပစ္စည်းအဖြစ်ဖြင့် အမြောက်အမြားရရှိနိုင်သည်။ ရရှိပုံမှာ
ကျောက်မီးသွေးဓာတ်ငွေ့ကို ထုတ်ယူရန်အတွက် ကျောက်မီး
သွေးကို ရီတော့ပေါင်းအိုးကဲ့သို့သော ပေါင်းချွေးခံအိုးလုံလုံတွင်
ထည့်၍ မီးတိုက်သောအခါ အမ်မိုးနီးယားရေသည်လည်း ဘေး
ထွက်ပစ္စည်းအဖြစ်ဖြင့် ရောနှော၍ထွက်လာ၏။ ထိုထွက်လာ
သော အမ်မိုးနီးယားရေကို ဖောက်ထုံးရေနှင့်ရော၍ မီးပေါ်တွင်
ကျိုလိုက်သောအခါ အမ်မိုးနီးယားကိုရရှိ၏။
ထို့ပြင် ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ နှစ်မျိုး ကို
တိုက်ရိုက်ပေါင်းစပ်ယူခြင်းဖြင့်လည်း အမ်မိုးနီးယားကို ရရှိ
နိုင်ပေသည်။ ဤနည်းတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့သန့်သန့်တစ်ပုံ
နှင့် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သန့်သန့် သုံးပုံကို ရောပြီးလျှင်
အပူချိန် ၅ဝဝ မှ ၇ဝဝ ဒီဂရီစင်တီဂရိတ်အထိ မီးပြင်းတိုက်
ပေးရလေသည်။
အမ်မိုးနီးယားကို ၃၄ ဒီဂရီစင်တီဂရိတ်အထိ အေး
အောင်ပြုလုပ်လျှင် အရည်ဖြစ်လာသည်။ အမ်မိုးနီးယားသည်
−၃၃.၃၄ ဒီဂရီစင်တီဂရိတ်တွင်ဆူပွက်၍ −၇၇.၇၃ ဒီဂရီစင်တီဂရိတ်
တွင် အခဲဖြစ်သွားသည်။ အမ်မိုးနီးယားကိုအအေးခံ၍ ဖိအား
ကောင်းကောင်းနှင့် ဖိလိုက်သောအခါ အလွယ်တကူနှင့် အရည်
ဖြစ်သွားနိုင်သဖြင့် သံမဏိ စည်ကြီးများထဲတွင်ထည့်၍ သယ်ယူ
ရွှေ့ပြောင်းနိုင်လေသည်။
စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုသော ဓာတ်
ပစ္စည်းများအနက် အမ်မိုးနီးယားသည် အလွန်အသုံးဝင်သော
ပစ္စည်းတစ်ခုဖြစ်၏။ အမ်မိုးနီးယားကို ရေခဲပြုလုပ်ရာ၌လည်း
ကောင်း၊ အအေးဓာတ်ပြုလုပ်ယူသော စက်များ၌လည်းကောင်း၊
နိုက်ထရစ်အက်ဆစ် ဖော်စပ်ယူရာ၌လည်းကောင်း အသုံးပြုကြ
သည်။
အမ်မိုးနီးယားကို အက်ဆစ်များနှင့် ပေါင်းစပ်လိုက်
သောအခါ အဖိုးတန်သော အမ်မိုးနီးယား ဓာတ်ဆားများကိုရ
၏။ ဆား(လ်) ဗော်လတိုင်းခေါ် အမ်မိုးနီးယားကာဗွန်နိုက်ကို
ရှူဆေး (ဇဝက်သာ ရှူဆေး) တွင်လည်းကောင်း၊ ဆား(လ်)
အမ်မိုးနီးယက်ခေါ် အမ်မိုးနီးယားကလိုရိုက် (ဇဝက်သာ) ကို
ဘယဆေးများအပြင် ဗက်ထရီဓာတ်အိုးတွင်ထည့်ရန်နှင့် ဂဟေ
ဆော်ရာ၌ ချွေးချွတ်ဆေးအဖြစ်ဖြင့်လည်းကောင်း အသုံးပြုကြ
၏။ အမ်မိုးနီးယမ်းဆာလဖိတ်ကို ဓာတ်မြေဩဇာအဖြစ် အသုံး
ပြုကြ၍၊ အမ်မိုးနီးယမ်းနိုက်ထရိတ်ကို ပေါက်ကွဲစေတတ်သော
ခဲယမ်းမီးကျောက်များ ပြုလုပ်ရာ၌ အသုံးပြုကြလေသည်။[ ၁၀]
ကိုးကား
↑ Gases – Densities ။ 3 March 2016 တွင် ပြန်စစ်ပြီး။
↑ Yost, Don M. (2007)။ "Ammonia and Liquid Ammonia Solutions"။ Systematic Inorganic Chemistry ။ READ BOOKS။ p. 132။ ISBN 1-4067-7302-6 ။
↑ Blum, Alexander (1975). "On crystalline character of transparent solid ammonia". Radiation Effects and Defects in Solids 24 (4). doi :10.1080/00337577508240819 .
↑ Budavari၊ Susan, ed. (1996)။ The Merck Index: An Encyclopedia of Chemicals, Drugs, and Biologicals (12th ed.)။ Merck။ ISBN 0-911910-12-3 ။
↑ Perrin, D. D., Ionisation Constants of Inorganic Acids and Bases in Aqueous Solution ; 2nd Ed., Pergamon Press: Oxford, 1982 .
↑ ၆.၀ ၆.၁ Zumdahl, Steven S. (2009)။ Chemical Principles 6th Ed ။ Houghton Mifflin Company။ p. A22။ ISBN 0-618-94690-X ။
↑ ၇.၀ ၇.၁ ၇.၂ Sigma-Aldrich Co. Retrieved on 20 July 2013.
↑ ၈.၀ ၈.၁ Ammonia ။ Immediately Dangerous to Life and Health ။ National Institute for Occupational Safety and Health (NIOSH)။
↑ NIOSH Pocket Guide to Chemical Hazards #0028 ။ National Institute for Occupational Safety and Health (NIOSH)။
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)