အမှောင်စွမ်းအင်![]() အမှောင်စွမ်းအင်(အင်္ဂလိပ်: Dark Energy) သို့မဟုတ် နတ္ထိစွမ်းအင် သို့မဟုတ် စကြဝဠာနှံ့ စွမ်းအင်သည် အာကာသ၏ လောကကျယ်ဝန်းမှု အစိတ်အပိုင်းတိုင်းတွင်း ပျံ့နှံ့တည်ရှိနေသည့်ဖွယ် လောကလုံးဆိုင်ရာ (cosmological) နှိုင်းရရူဗေဒ (relativistic physics)၌ တွေ့ရသော စွမ်းအင်တမျိုးဖြစ်သည်။[၁] အထွေထွေနှိုင်းရသီအိုရီ တွက်နည်းများအားဖြင့် ၎င်းသည် ချိုင့်ဖြန့်မှုဖိအား (negarive pressure) ကို ဖြစ်ပေါ်စေသော စွမ်းအင်ဖြစ်လေရာ ယခုလက်ရှိ အလျင်မြှင့်ပြန့်ကားနေသည်ဟု စကြဝဠာကြီး ပြန့်ကားမှု အကြောင်းအရင်းသဖွယ်[၂][၃] ဖြစ်လေသည်။ ကျွန်ုပ်တို့၏ နေ့စဉ်သဘာဝနှင့် ပတ်သက်သမျှသော အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်၊ သမားရိုးကျ ဒြပ်သားတို့၏ တည်အောင်းစွမ်းအင်၊ အရွေ့စွမ်းအင် စသည်တို့မှာ လောကနှံ့စွမ်းအင်များ အတွင်း၌ အကျုံးမဝင်ပေ။ လောကနှံ့စွမ်းအင် (dark energy)သည် အာကာသ နေရာလွတ်အနှံ့၌ ပကတိရှိနေသော သဘောသတ္တိ ဖြစ်၍ သင်္ချာအားဖြင့် လောကလုံးဆိုင်ရာ ကိန်းသေနှင့် သက်ဆိုင်သည်။ ဆက်စပ် ကြည့်ရှုဖွယ်
အကိုးအကား
|
Portal di Ensiklopedia Dunia