အယာတိုလာ အလီ ခါမေနီ
အယာတိုလာ အလီ ခါမေနီ (၁၉ ဧပြီ ၁၉၃၉ ဖွား) သည်[၂] အီရန်နိုင်ငံ ၏ အာဏာအရှိဆုံးပုဂ္ဂိုလ် နှင့် အထွတ်အမြတ် ဘာသာရေးခေါင်းဆောင် တစ်ဦး ဖြစ်သည်။သူသည် အီရန်၏ ဒုတိယ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အီရန်နိုင်ငံ၏ တတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။သူ့ကို အရှေ့အလယ်ပိုင်းဒေသ တွင် သက်တမ်းအရှည်ကြာဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် လည်းကောင်း သတ်မှတ်ထားကြသည်။ ငယ်ဘဝနှင့် ပညာရေးအီရန်နိုင်ငံ မပေါ်ထွန်းမီ ပါရှန်းဒေသ၊ပါရှန်းလူမျိုး တို့၏ အထွတ်အမြတ်ထားရာ သန့်ရှင်းသော နယ်မြေ တွင် ၎င်းအား မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။ ခါမေနီ၏ပညာရေးကို လေးနှစ်သားအရွယ်တွင် ကုရ်အာန် သင်ယူခြင်းဖြင့် စတင်ခဲ့သည်။ဘာသာရေးစာပေများအား အဆင့်ဆင့်လေ့လာသင်ယူပြီးနောက် သူသည် အခြားသော နိုင်ငံရေးတက်ကြွသော ဘာသာရေးဆရာများကဲ့သို့ပင် ဘာသာရေးပညာသင်ကြားခြင်းထက် နိုင်ငံရေးတွင် ပိုမိုပါဝင်ပတ်သက်ခဲ့သည်။ နိုင်ငံရေးဖြတ်သန်းမှုများခါမေနီသည် အီရန်တော်လှန်ရေးတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အီရန်နိုင်ငံ ၏ ပထမခေါင်းဆောင် အာယတိုလာ ခိုမေနီ ၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည်။အီရန်နိုင်ငံ သည် အစ္စလာမ္မစ်သမ္မတနိုင်ငံ တည်ထောင်ချိန်မှစ၍ ခါမေနီသည် အစိုးရရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။၁၉၈၁ ခုနှစ်တွင် ခါမေနီသည် အီရန်သမ္မတရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် နိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်လာခဲ့သည်။နိုင်ငံ၏ သမ္မတ အဖြစ် ၁၉၈၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ယင်းနောက် ထိုကာလနောက်ပိုင်းက စပြီး နိုင်ငံ၏ အထွတ်အထိပ်ရာထူး ကို ယနေ့အထိ တာဝန်ယူနေသည်။ ရယူထားသည့် တာဝန်များသူသည် အီရန်နိုင်ငံ ၏ နိုင်ငံ့ဥသျှောင် ဖြစ်သကဲ့သို့ ကာကွယ်ရေးဦးစီးချုပ် တာဝန် အပြင် ရဲတပ်ဖွဲ့ အပါအဝင် သာသာရေးရဲတပ်ဖွဲ့ နှင့် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် ( IRGC )တို့ အပေါ် လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ ရှိသူဖြစ်သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia