အယ်လဖာ ကွန်ဒေး![]() အယ်လဖာ ကွန်ဒေး (အင်္ဂလိပ်: Alpha Condé၊ ၁၉၃၈ မတ် ၄ မွေးဖွား) သည် ဂီနီနိုင်ငံရေးသမားဖြစ်ပြီး ဂီနီသမ္မတအဖြစ် ၂၀၁၀ ပြည့်မှ ၂၀၂၁ ခုအထိ တာဝန်ယူခဲ့သည်။ ဂီနီယန်ပြည်သူတို့ထောက်ခံချက်ပါတီ (Rally of the Guinean People) ကို ဦးဆောင်ကာ အတိုက်အခံပါတီအဖြစ် ကာလရှည်နေခဲ့ပြီး ၁၉၉၃ နှင့် ၁၉၉၈ ခု ရွေးကောက်ပွဲများတွင် လန်ဆာနာကွန်တေးကို ရှုံးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပထမအကြိမ် အဖြေမပေါ်သဖြင့် ထပ်ရွေးကြသော်မှ သမ္မတနေရာ ရသည်။ ယင်းရွေးကောက်ပွဲကာလတွင် ဒီမိုကရေစီပိုဆန်သောနိုင်ငံဖြစ်လာရေးနှင့် ခြစားမှုတိုက်ဖျက်ရေးကို အလေးထားမည်ဟု ဆိုခဲ့၏။ [၁] ၂၀၁၀ ပြည့်၊ ဒီဇင်ဘာလတွင် ရာထူးယူသည်နောက် နိုင်ငံသမိုင်းတွင် ပြည်သူ့ဆန္ဒဖြင့်တက်သည့် ပထမဆုံးသမ္မတ ဖြစ်လာ၏။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပမာဏ ၅၈% ဖြင့်၎င်း၊ ၂၀၂၀ ပြည့်တွင် ၅၉.၅% ဖြင့်၎င်း ထပ်အရွေးခံရသည်။ [၂][၃] သမ္မတသက်တမ်း ၃ ကြိမ်ပြည့်သည်နောက် နောက်ထပ် ၂ ဆက် ထပ်လုပ်နိုင်မည့် အခြေခံဥပဒေပြင်ဆင်မှုဆိုင်ရာ ဆန္ဒခံယူပွဲကို လုပ်၏။ [၄] ယင်းပွဲလုပ်ချိန်၌ ဆန္ဒပြမှုများ ဝေဖန်မှုများဖြင့် ကြုံရပြီး ဆန္ဒပြပွဲများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ ကွန်ဒေးကို ဝေဖန်သူတို့က ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများသည်လည်း မဲလိမ်မှုရှိကြောင်း ဆိုသည်။ [၅] ၂၀၁၇ ခု၊ ဇန်နဝါရီလ ၃၀ ရက်တွင် ချတ်နိုင်ငံမှ အိုင်ဒရစ်ဒါဘီကို အနိုင်ယူကာ အာဖရိကသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ယင်းရာထူးကို ၂၀၁၈ ခု၊ ဇန်နဝါရီ ၂၈ ရက်တွင် ရဝမ်ဒါနိုင်ငံမှ ပေါကာဂါမီကို လွှဲ၏။ ၂၀၂၁ ခု၊ စက်တင်ဘာလ ၅ ရက်တွင် စစ်တပ်မှ ကွန်ဒေးကိုဖမ်းဆီးကာ ရာထူးမှဖြုတ်သည်။ 2022 ခုနှစ် ဒီဇင်ဘာလ 9 ရက်နေ့တွင် US Treasury မှ အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ပစ်မှတ်ထားသော ပုဂ္ဂိုလ်လေးဆယ်ကျော်စာရင်းကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ၏ပစ်မှတ်များထဲတွင်၊ ဘဏ္ဍာရေးဌာန၏ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့ Alpha Condé ဖြစ်သည်။[၁]. ကိုးကား
|
Portal di Ensiklopedia Dunia