အယ်လဗားတားပြည်နယ်

အယ်လဗားတားပြည်နယ်သည် ကနေဒါနိုင်ငံ၏ အနောက်ပိုင်းရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၃,၆၄၅,၂၅၇ ဦးရှိပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက် ခန့်မှန်းခြေ လူဦးရေမှာ ၄,၁၄၅,၉၉၂ ဦး ဖြစ်သည်။[] ကနေဒါနိုင်ငံတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပရေရီမြက်ခင်းပြင် ဒေသရှိ ပြည်နယ်များတွင် လူဦးရေ အများဆုံး ဖြစ်သည်။ အယ်လဗားတား ပြည်နယ် နှင့် အိမ်နီးချင်း ပြည်နယ်တစ်ခု ဖြစ်သော ဆက်စကက်ချီဝမ် ပြည်နယ်တို့ကို ၁၉၀၅ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် တည်ထောင်ခဲ့သည်။[] လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်မှာ ရေချယ် နော့တလေ ဖြစ်သည်။

ကိုးကား

  1. Estimates of population, Canada, provinces and territories။ Statistics Canada (March 19, 2014)။ 19 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 8, 2014 တွင် ပြန်စစ်ပြီး။
  2. Alberta becomes a Province။ Alberta Online Encyclopedia။ August 6, 2009 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya