အယ်လ်အန်ဂျီ (LNG)![]() စီအန်ဂျီ ကဲ့သို့ အသုံးပြုနိုင်သော အခြား ဓာတ်ငွေ့မှာ အယ်လ်အန်ဂျီ ဖြစ်သည်။ အယ်လ်အန်ဂျီ၏ ဓာတုသင်္ကေတမှာ CH5 ဖြစ်သည်။ နိုင်ငံအတော်များများမှ အ လားအလာကောင်းသော လောင်စာဓာတ်ငွေ့ရည်အဖြစ် သတ်မှတ်ကြသည်။ ၎င်းသည် သိုလှောင်နိုင်မှုတွင် အားသာချက်များ ရှိနေသည်။ စီအန်ဂျီ ထက် အနည်းငယ် ပိုမို သန့်စင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်နှင့် အခြား မလိုလားအပ်သော ဓာတ်များကို အရည်ပြုလုပ်စဉ်ကပင် ထုတ်ဖယ်လိုက်ပြီး ဖြစ်သည်။ အယ်လ်အန်ဂျီ ဓာတ်ငွေ့သည် သဘာဝဓာတ်ငွေ့အမျိုးအစား ဖြစ်ပြီး သန့်စင်စေရန်နှင့် ဟိုက် ဒရိုကာဗွန် မြင့်မားစေရန် အထူး လုပ် ငန်းစဉ်များဖြင့် ထုတ်လုပ်၍ ဓာတ်ငွေ့ရည်အဖြစ် ပျမ်းမျှ - ၁၆ဝ စင်တီဂရိတ်အပူချိန်တွင် ဖိသိပ်၍ အထူးပြုလုပ်ထားသော သိုလှောင်စည်များတွင် ထည့် သွင်းထားခြင်းဖြစ်သည်။ ၎င်းတို့ သည် သဘာဝဓာတ်ငွေ့ အနေ အထားထက် ထုထည်အားဖြင့် ၆ဝဝ ပုံ ပုံလျှင် တစ်ပုံသာ ဖြစ် သည်။ သို့မှသာ ခရီးရှည်များ အတွက် လုံလောက်သော စွမ်း အင် သုံးစွဲမှုကို ရရှိမည်ဖြစ်သည်။ ထို့အပြင် သဘာဝ ဓာတ်ငွေ့များ ကို ပိုက်လိုင်းများဖြင့် သယ်ပို့ရ သည်ထက် အရည်အဖြစ် ပြောင်း လဲ၍ သင်္ဘောများဖြင့် တင်ဆောင် သယ်ပို့နိုင်ပါသည်။
အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ချက်စီအန်ဂျီ ဓာတ်ငွေ့ထက် ပို၍ ဈေးကြီးသော်လည်း စွမ်းအင် ပိုမို သာလွန်၍ သန့်စင်မှုနှင့် ကာဗွန် ဒိုင်အောက်ဆိုက် အထွက်နှုန်း လည်း အနိမ့်ဆုံးဖြစ်သည်။ ၎င်း တွင် ဆာလ်ဖာအောက်ဆိုက်၊ ပြာ၊ အနယ်အနှစ်များနှင့် အလေ အလွင့် ထွက်ရှိမှုများ မရှိသ လောက် ဖြစ်သည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia