အရင်းအနှီးအရင်းအနှီး (အင်္ဂလိပ်: Capital) ဆိုသည်မှာ ဘောဂဗေဒပညာရပ်၌ စီးပွားရေးအရ အသုံးဝင်သော လုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဥစ္စာပစ္စည်းများသည် ဖြစ်သည်။ ဥပမာအားဖြင့် အမဲလိုက်ရာတွင် လက်နက်အဖြစ်အသုံးပြုနိုင်သော ကျောက်တုံး သို့မဟုတ် မြားတစ်လက်မှာ ဂူအောင်းလူသားတစ်ဦးအတွက် အရင်းအနှီးဖြစ်သကဲ့သို့ လမ်းများမှာလည်း မြို့နေပြည်သူများအတွက် အရင်းအနှီးပင်ဖြစ်သည်။ အရင်းအနှီးဆိုသည်မှာ "ဝင်ငွေမျှော်မှန်းနိုင်သည့် စတော့ခ်တစိတ်တပိုင်း" ဟု အဒမ်စမစ်သ်က အဓိပ္ပာယ်သတ်မှတ်သည်။ "စတော့ခ်" ဟူသည့်အသုံးအနှုန်းမှာ သစ်ငုတ် သို့မဟုတ် ပင်စည်ဟူသည့် ရှေးအင်္ဂလိပ်စကားမှ ဆင်းသက်လာသည်။ အနည်းဆုံး ၁၅၁၀ ခုနှစ်မှစတင်၍ လယ်ယာမြေပေါ်ရှိ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအားလုံးအဖြစ် ရည်ညွှန်းသုံးနှုန်းလာခဲ့သည်။[၁] ရင်းနှီးကုန် သို့မဟုတ် မတည်အရင်းအနှီး ဆိုသည်မှာ ကုန်ချော ၊ တာရှည်ခံကုန် သို့မဟုတ် ထုတ်ကုန် နှင့် ဝန်ဆောင်မှုပြုရာတွင် အသုံးပြုသည့် ငွေမှတပါး အခြားအရင်းအနှီး ဖြစ်သည်။[၂] မတည်အရင်းအနှီးသည် လူလုပ်အားဖြင့်မြှင့်တင်နိုင်သည့် မြေရာ (သို့မဟုတ် ပြန်လည်အသုံးမပြုနိုင်သော ရင်းမြစ်များ) နှင့်မတူ ကွဲပြားသည်။ ရုပ်ဝတ္တုအရင်းအနှီးကို မတည်စတော့ခ်ဟု ညွှန်းဆိုလေ့ရှိသည်။ (လုပ်ငန်းဆိုင်ရာ မတည်စတော့ခ်နှင့် မရောထွေးရန်လိုသည်) ထုတ်လုပ်မှုဖြစ်စဉ်အတွက် သွင်းကုန်ဖြစ်သည်။ ပြန်လည်ရောင်းချနိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်အတွက် အိမ်ရာနှင့် ကိုယ်ပိုင်သုံးယာဉ်များကို မတည်အရင်းအနှီးဟု သတ်မှတ်ခြင်း မရှိဘဲ တာရှည်ခံကုန်အဖြစ်သာ သတ်မှတ်သည်။ မာ့ခ်ရှန်းနိုင်ငံရေးဘောဂဗေဒ၌[၃] မတည်ငွေဆိုသည်မှာ အမြတ်အစွန်းရစေရန် ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းကို ဝယ်ယူသုံးစွဲသည့် ငွေကြေးကို ဆိုလိုသည်။ စီးပွားရေးသံသရာဖြစ်စဉ်တွင်သာ မတည်အရင်းအနှီး (လုပ်ငန်း လည်ပတ်မှုမှ ရရှိသော ကြွယ်ဝမှု) ရှိပြီး မတည်အရင်းအနှီးသည် အရင်းရှင်စီးပွားရေး စနစ်၏ အခြေခံဖြစ်သည်ဟု မာ့စ်ကယူဆသည်။ ခေတ်ပေါ်ဘောဂဗေဒတွင်မူ ယင်းမတည်အရင်းအနှီး အမျိုးအစား ကို မတည်ရင်းနှီးငွေဟု ညွှန်းဆိုပြီး မတည်ကုန်နှင့်ကွဲပြားသည်။ သမရိုးကျ သို့မဟုတ် ကျမ်းရိုးဘောဂဗေဒက ကုန်ထုတ်လုပ်မှုဖြစ်စဉ်၏ အစိတ်အပိုင်း (အခြားအစိတ်အပိုင်းများ - မြေရာ နှင့် လုပ်အား) ဟု အသိအမှတ်ပြုသည်။ ထုတ်လုပ်ရေး၏ အခြားသွင်းကုန်များကို ကျမ်းရိုးဘောဂဗေဒတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများဟု ခေါ်ဆိုပြီး အဖွဲ့အစည်း၊ စွန့်ဦးတီထွင်မှု၊ အကြားအမြင်သုတ၊ နာမည်ကောင်း၊ စီမံခန့်ခွဲမှု (အချို့က အရည်အချင်း၊ လူမှုအရင်းအနှီး သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာအရင်းအနှီးဟု သရုပ်ဖော်သည်) ကုန်ထုတ်လုပ်မှု၏ အစိတ်အပိုင်းမှာ -
ကိုးကား
|
Portal di Ensiklopedia Dunia