အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် သည် အခြေခံဥပဒေအရ အရှေ့တီမောနိုင်ငံ၏ အထိမ်းအမှတ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။[၁] သမိုင်းကြောင်းလက်ရှိအထိမ်းအမှတ်တံဆိပ်ကို ၂၀၀၇ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ ၁၉၇၅ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ပေါ်တူဂီတို့လက်မှ လွတ်လပ်ရေးရပြီဟု ကြေညာခဲ့စဉ်က အသုံးပြုခဲ့သော တံဆိပ်နှင့် ဆင်တူသည်။ ယခင်တံဆိပ်များပေါ်တူဂီကိုလိုနီခေတ်(၁၉၃၅-၁၉၇၅)၁၉၃၅ခုနှစ်တွင် ပေါ်တူဂီတို့သည် ၎င်းတို့၏ကိုလိုနီနယ်မြေအတွက် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။ ထိုတံဆိပ်မှာ ပေါ်တူဂီ၏ အခြားသော ကိုလိုနီနယ်မြေများ၏ တံဆိပ်များအတိုင်းပင်ဖြစ်သည်။ အင်ဒိုနီးရှားပြည်နယ် (၁၉၇၅-၁၉၉၉)လွတ်လပ်ရေးကြေညာအပြီး ရက်အနည်းငယ်အကြာတွင် အင်ဒိုနီးရှားတို့က အရှေ့တီမောဒေသကို ကျူးကျော်ကာ ၎င်းတို့၏ ၂၇ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အရှေ့တီမောပြည်နယ်၏ အမှတ်တံဆိပ်ကို ၁၉၇၅ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ အသုံးပြုခဲ့သည်။ ကုလသမဂ္ဂအုပ်ချုပ်မှုကာလ (၁၉၉၉-၂၀၀၂)အင်ဒိုနီးရှားတွင် သမ္မတ ဆူဟာတိုနုတ်ထွက်အပြီး သမ္မတ ဟာဘီဘီလက်ထက်တွင် အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် အခြေအနေများအရ သမ္မတ ဟာဘီဘီက ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များကိုခေါ်၍ အခြေအနေကို ထိန်းခဲ့ရသည်။ ၁၉၉၉ခုနှစ်တွင် အရှေ့တီမောဒေသကို ကုလသမဂ္ဂမှ စတင်အုပ်ချုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးသည့် အချိန်အထိဖြစ်သည်။ ထိုကာလအတွင်း အမှတ်တံဆိပ်တစ်ခုကို အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ် (၂၀၀၂ - ၂၀၀၇)လွတ်လပ်ရေးရပြီး ပထမဆုံးအသုံးပြုခဲ့သေ အထိမ်းအမှတ်တံဆိပ်သည် တီမောကာကွယ်ရေးအမျိုးသားကောင်စီ၏ တံဆိပ်တွင်ပါသော ဒိုင်းဖြစ်သည်။ ထိုတံဆိပ်၏ အဓိကမှာ တီမောရိုးရာဓားဖြစ်သည်။ ဘေးတွင် လှံ၊ ကြယ်၊ မြှားတို့ပါသည်။ ဒိုင်းကာအောက်တွင် ရောင်ခြည် (၁၄)ခုပါသော နေလုံး၊ ၎င်းတို့ကို ပတ်ထားသော စက်ဝိုင်းတွင် ပေါ်တူဂီဘာသာဖြင့် နိုင်ငံအမည်တို့ ပါဝင်သည်။ ပြခန်း
ကိုးကား |
Portal di Ensiklopedia Dunia