အရှေ့အလယ်ပိုင်းဒေသ
အရှေ့အလယ်ပိုင်းဒေသတွင် အနောက်အာရှနှင့် အာဖရိကမြောက်ဘက်ပိုင်းဒေသတို့ ပါဝင်သည်။ မကြာခဏ ဆိုသလိုပင် အရှေ့ဖျားဒေသ ၏ ဆန့်ကျင်ဘက် အရှေ့နားဒေသ (Near East) ဟု သုံးနှုန်းလေ့ ရှိကြသည်။ အရှေ့အလယ်ပိုင်းဒေသ၏ သမိုင်းကြောင်းမှာ ရှေးခေတ်ကာလများက စတင်ခဲ့ပြီး သမိုင်းကြောင်းတလျှောက်လုံးတွင် အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့အရေးအခင်းများ၏ ဗဟိုဌာန တစ်ခု အဖြစ် ပါဝင်ခဲ့သည်။ သို့သော်လည်း ရှေးခေတ် သမိုင်းကြောင်းကို ဆွေးနွေးသည့် အခါတွင် အရှေ့နားဒေသ ဟူသည့် အသုံးအနှုန်းကို ပိုမိုသုံးစွဲလေ့ ရှိကြသည်။ အရှေ့အလယ်ပိုင်းဒေသသည် အဓိက ဘာသာတရားများ ဖြစ်ကြသော ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ နှင့်အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်ခဲ့ရာ ဒေသဖြစ်သည်။ ယေဘူယျအားဖြင့် အရှေ့အလယ်ပိုင်း ဒေသတွင် မိုးနည်းရေရှားပြီး ပူပြင်းသည့် ရာသီဥတုမျိုး ရှိတတ်ပြီး အချို့သော ဒေသများတွင် မြစ်ကြီးများက စိုက်ပျိုးရေးဖြစ်ထွန်းရန် အတွက် အထောက်အကူပေးလေ့ ရှိကြသည်။ ပါရှန်ပင်လယ်ကွေ့ အနီးတဝိုက်တွင် ရှိသော ဒေသများတွင် ရေနံစိမ်းအများအပြား ရှိတတ်သည်။ ယခုခေတ်ကာလတွင် အရှေ့အလယ်ပိုင်း ဒေသသည် မဟာဗျူဟာ အားဖြင့် လည်းကောင်း၊ စီးပွားရေးအားဖြင့် လည်းကောင်း၊ နိုင်ငံရေးအားဖြင့် လည်းကောင်း၊ ဘာသာရေးအားဖြင့် လည်းကောင်း အရေးပါသော ဒေသအဖြစ် တည်ရှိနေသည်။ အရှေ့အလယ်ပိုင်း ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၄.၁ ရာခိုင်နှုန်းဖြစ်ပြီ: ၂၀၁၁ တွင် ၅.၁ ရာခိုင်နှုန်း ဖြစ်သည်။ |
Portal di Ensiklopedia Dunia