အလင်းမှီစုဖွဲ့ခြင်း

အပင်၌ အလင်းမှီစုဖွဲ့ခြင်းပုံစံ

ဖိုတိုဆင်းသီးဆစ် ခေါ် အလင်းမှီစုဖွဲ့ခြင်း (အင်္ဂလိပ်: Photosynthesis ) သည် အပင်နှင့်အချို့သက်ရှိများ သုံးသည့် ဆဲအသက်ရှုနည်းဖြင့် အလင်းစွမ်းအင်မှ ဓာတုစွမ်းအင်သို့ ကူးပြောင်းသော နည်းစဉ်တခု ဖြစ်သည်။ [][][] ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ကို အလင်းစွမ်းအင်သုံးကာ သကြားဓာတ်ကဆီဓာတ် စသော ကာဘိုဟိုက်ဒရိတ်မော်လီကျူးများအဖြစ် ပြောင်းလဲပြီး ဓာတုစွမ်းအင်အဖြစ် သိုလှောင်ခြင်းတည်း။ ရသော ဓာတုစွမ်းအင်ကို ၎င်းတို့လုပ်ဆောင်ချက်များအတွက် လောင်စာအဖြစ် သုံးသည်။ ဖိုတိုဆင်းသဆစ်ဟူသောဝေါဟာရမှာ ဂရိစကား အလင်းဟု အဓိပ္ပာယ်ရသည့် ဖို (φῶς) နှင့် ပေါင်းစပ်ခြင်းဟု အဓိပ္ပာယ်ရသော ဆန်းသဆစ် (σύνθεσις) တို့ကို စုရုံးခေါ်ဝေါ်ခြင်း ဖြစ်၏။[][][] များသောအားဖြင့် စွန့်ပစ်ပစ္စည်းအဖြစ် အောက်ဆီဂျင်ကို ထုတ်ပေးသည်။ အပင်ရေညှိနှင့် ဆိုင်ယန်နိုဘက်တီးရီးယားတို့သည် ဤနည်းကိုသုံးကာ အစာချက်ကြသဖြင့် အလင်းသုံးအစာချက်သက်ရှိများ (photoautotrophs) ဟု ခေါ်သည်။ ဖိုတိုဆင်းသဆစ်သည် ကမ္ဘာ့လေထုရှိ အောက်ဆီဂျင်ပါဝင်မှုကို အဓိကဖြစ်စေတည်စေသော အကြောင်းခံဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ အဓိကလိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ []

ကိုးကား

  1. ကိုနေ (ရုက္ခ)။ "မြမြစိမ်းစိမ်း လန်းလန်းလှလှ စိုစိုပြေပြေ"။ ရတနာပုံနှစ်လည်မဂ္ဂဇင်း။ ၂၀၁၂-၁၃။ စာ ၁၅၃။
  2. မောင်တင်ဦး (ရုက္ခ)။ "ကာဗွန်နှင့်အောက်ဆီဂျင်သံသရာလည်ခြင်းများ"။ ရွှေသွေးဂျာနယ်။ ၂၀၁၃ မတ် ၂၃။ စာ ၅။
  3. သီတာချို၊ ဒေါက်တာ ဌေးဌေးလွင်။ "နဘဲခေါက်မှ ဆေးဘက်ဝင် Quercetin (Flavonoid) နှင့် ဆက်စပ်ဒြပ်ပေါင်းများကို တည်ဆောက်ပုံအားဖြင့် သီးခြားခွဲထုတ်ခြင်း" 18 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .။ မိတ္ထီလာတက္ကသိုလ်။ ၂၀၁၁ ဖေဖော်ဝါရီ ၂၄။ စာ ၉။
  4. photosynthesisOnline Etymology Dictionary။ 2013-03-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-05-23 တွင် ပြန်စစ်ပြီး။
  5. φῶς. Liddell, Henry George; Scott, Robert; A Greek–English Lexicon at the Perseus Project
  6. σύνθεσις. Liddell, Henry George; Scott, Robert; A Greek–English Lexicon at the Perseus Project
  7. Bryant DA, Frigaard NU (Nov 2006). "Prokaryotic photosynthesis and phototrophy illuminated". Trends in Microbiology. 14 (11): 488–496.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya