အလီဘာဘာနှင့် ခိုးသားလေးဆယ်
အလီဘာဘာနှင့် ခိုးသားလေးဆယ် (အာရပ်: علي بابا والأربعون لصا; အင်္ဂလိပ်: Ali Baba and the Forty Thieves) သည် ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်၍ ၁၈ ရာစုတွင် ပြင်သစ်ဘာသာပြန်ဆိုသူ အော်ထွိန်း ဂဲလွန် က ၎င်း၏ဘာသာပြန် စာအုပ် 'တစ်ထောင့်တစ်ညပုံပြင်များ' ထဲသို့ ထည့်သွင်းခဲ့သည်။ ဂဲလွန်သည် ဤဇာတ်လမ်းကို ပုံပြောသူ ဟာနာ ဒီယတ်ဘ် ထံမှသိရှိခဲ့သည်။ အာရေးဘီးယန်းညများ ထဲက အရင်းနှီးဆုံး ပုံပြင်ဇာတ်လမ်းတစ်ခုအဖြစ် ဤပုံပြင်ကို အထူးသဖြင့် ကလေးငယ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခြင်း၊ တင်ဆက်ခြင်းများရှိခဲ့သည်။ ကလေးများအတွက် ဇာတ်လမ်းမှ ကြမ်းတမ်းသော အပိုင်းများကို များသောအားဖြင့် ထည့်သွင်းဖော်ပြခြင်းမရှိပေ။ မူရင်းပုံပြင်မူတွင် အလီဘာဘာ (အာရပ်: علي بابا ʿAlī Bābā ) သည် ဆင်ရဲသော သစ်ခုတ်သမားတစ်ဦးဖြစ်ပြီး သူခိုးများ၏ လျှို့ဝှက်နေရာကို ရှာဖွေတွေ့ရှိခဲ့ကာ မှော်စကား 'Open Sesame' ဖြင့် ဝင်ရောက်ခဲ့သည်။ သူခိုးများက အလီကို သတ်ရန်ကြိုးသားခဲ့သော်လည်း အလီ၏ သစ္စာရှိသော အိမ်စေမိန်းကလေးက သူခိုးတို့၏ အစီအစဉ်ကို နှောက်ယှက်ခဲ့သည်။ အလီ၏ သားက ထိုမိန်းကလေးကို လက်ထပ်ခဲ့ကာ အလီဘာဘာက ရတနာသိုက်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခဲ့သည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia