အသက် ၂၂ နှစ်အောက် အာရှဖလားအသက် ၂၃ နှစ်အောက် အာရှဖလားဘောလုံးပြိုင်ပွဲ (၂၀၁၆–၂၀၂၀ : အာရှအသက် ၂၃ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ : အာရှအသက် ၂၂ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ) သည် အာရှဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပသော အာရှအဆင့် သက်တမ်းအလိုက်လူငယ်ဘောလုံးပြိုင်ပွဲဖြစ်သည်။ ပထမဆုံးအကြိမ်ကျင်းပသော ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ကို ၂၀၁၁ ခုနှစ် တွင်စတင်ရန်ဆုံးဖြတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် မှစ၍သာ ခြေစစ်ပြိုင်ပွဲ(အရည်ချင်းစစ်ပြိုင်ပွဲ) များစွာကို ပထမဆုံးအကြိမ် အုပ်စုအလိုက် စတင်၍ ကျင်းပခဲ့သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကိုမူ ၂၀၁၃ ခုနှစ်အစား ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်ခဲ့သည်။ ထိုသို့ ၂ နှစ် တစ်ကြိမ်ကျင်းပနေခဲ့သော ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ပြိုင်ပွဲ၏အသက်ကန့်သတ်ချက်အား အသက် ၂၃ နှစ်အောက်အဖြစ် ပြောင်းလဲသတ်မှတ်ကာ နွေရာသီအိုလံပစ်ပြိုင်ပွဲကျင်းပသည့် နှစ်များတွင် ပြုလုပ်သော အသက် ၂၃ နှစ်အောက်အာရှဖလားပြိုင်ပွဲကို ထိုနှစ်၏နွေရာသီအိုလံပစ်အားကစားပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ အဖြစ်ကျင်းပရန် အာရှဘောလုံးအဖွဲ့ချုပ် မှဆုံးဖြတ်ခဲ့သည်။ သို့ရာတွင်၂၀၂၈ ခုနှစ်မှစတင်၍ ပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ်ကျင်းပရန် ၂၀၂၄ ခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ် မှပြောင်းလဲဆုံးဖြတ်ခဲ့ပြန်သည်။ ပြိုင်ပွဲပုံစံအသက် ၂၃ နှစ်အောက် အာရှဖလား ပြိုင်ပွဲပုံစံ မှာ အောက်ပါအတိုင်းဖြစ်သည်။
ရလဒ်များ
အခြားကြည့်ရန် |
Portal di Ensiklopedia Dunia