အသုံးပြုသူ:Ashin Vimalabuddhi🌸🌸🌸’’’ခလောက်ကြည့်ပါ’’’🌸🌸🌸 တစ်ခါတုန်းက တက္ကသိုလ် ကျောင်းသူလေး တစ်ယောက်က သူ့အဖွါးဆီမှာ ရတနာကျောက် ၃-လုံးရရှိခဲ့ပါသည်။ မိန်းကလေးသည် မနက် ကျောင်းသွားခါနီးအချိန် ကျောင်းက ပြန်လာတဲ့အချိန်ဆိုရင် အမြဲတမ်း သူ့ကျောက်ကလေး ရှိမရှိ ဗူးလေးကို ခလောက်ကြည့်ပါသည်။ တစ်နေ့ မိန်းကလေးသည် သူကျောင်းသွားခါနီး ကျောက်ကလေးကို ခလောက်ကြည့်တော့ ''ကလောက် -ကလောက်''မြည်ကာ ရှိပါသေးသည်။ ကျောင်းက ပြန်လာတဲ့အချိန် ခလောက်ကြည့်တော့ အသံမမြည်ဘဲ ဗူးလေးက ဆွံအနေခဲ့သည်။ မယုံမသင်္ကာလို့ ဗူးလေးကို ယူဖွင့်ကြည့်တော့ သေချာပါသည် ကျောက်ကလေးတွေ မရှိတော့ပါ။ မိန်းကလေးသည် ရတနာဗူးခွံလေးကို ကိုင်ကာ နှမျောတသသဖြင့် မျက်ရည်စီးကျကာ ငိုကြွေးနေပါတော့သည်။ အခု--- စာရေးသူတို့ ရင်ထဲမှာလည်း ဘုရား-တရား-သံဃာ ဟု အမြတ်ဆုံး ရတနာကျောက် ၃-လုံးရှိပါသည်။
မပျောက်ပျက်အောင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် ခလောက်ကြည့်သင့်ပါသည်။ |
Portal di Ensiklopedia Dunia