အသုံးပြုသူ:Dhawell.hlugalay/ToolsRelatedKeyboard Switching in Windows 10Windows 10 ရဲ့ default keyboards အသုံးပြုသူတွေ အနေနဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို အလွယ်တကူ ပြောင်းချင်ရင် Alt+Shift ဒါမှမဟုတ်၊ Win+Space ကို အသုံပြုပြီး Language တစ်ခုကနေ တစ်ခုကို သွားလို့ရပါတယ်။ Rotation ပုံစံပါ။ Language နှစ်ခုထက်ပိုပြီး အသုံးပြုတဲ့သူအဖို့ ဆိုရင်တော့ အပို keystroke တွေနဲ့သွားရမှာပါ။ Language listမှာ များရင်များသလောက် ကိုယ်လိုတဲ့ Languageကိုရောက်ဖို့ ပိုကြာနိုင်ပါတယ်။ (ကျနော့်ရဲ့ listမှာက ဘာသာသုံးမျိုးရှိနေတော့ ဒီ issueနဲ့ ကြုံမိတာပါ။) မြန်မာ ဝီကီပီးဒီးယား တည်းဖြတ်တည့်အချိန်လိုမျိုးဆိုရင် wikitext tag တွေက အင်္ဂလိပ်လို၊ စကားလုံးတွေက မြန်မာလိုဆိုတော့ တိုက်ရိုက် shortcutနဲ့ ကိုလိုချင်တဲ့ ဘာသာကို ခုန်နိုင်ရင်တော့ ပိုကောင်းမယ်လို့ စိတ်ကူးထဲမှာ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ရှာကြည့်ရင်းနဲ့ stackoverflowကနေ ဒီ solution ကိုရခဲ့ပါတယ်။ လိုရင်းကို အတိုချုပ်ပြောရတော့၊
ကျနော်ကတော့ Ctrl+1 ကို English, Ctrl+2 ကို မြန်မာထည့်ထားလိုက်တော့၊ တိုက်ရိုက်ခုန်သွားရုံပဲပေါ့။ တခါတလေ တချို့ shortcut တွေက တခြား applications တွေကသုံးထားတာရှိတော့ ပြောင်းပြီးသင့်တော်တာကို ရွေးရတာတော့ရှိပါတယ်။ ဥပမာ၊ ကျနော့်မှာ Ctrl+3 ကို Pinyin အတွက်ထည့်လို့မရတော့၊ Ctrl+Shift+3 ကို ပြောင်းသုံးလိုက်ရသလိုမျိုးပေါ့။ တရုတ် pinyin ဒီဇိုင်းမှာကျတော့ Shift နိပ်လိုက်ရင် English modeကို ပြောင်းသွားအောင် လုပ်ထားတော့ ဒီလို တကူးတကပြောင်းစရာမလိုပါဘူး။ မြန်မာကီးဘော့တွေလဲ နောက်ဆိုရင် ဒီလို ဒီဇိုင်းလုပ်နိုင်ရင်တော့ ပိုအဆင်ပြေမှာပါ။ Dhawell.hlugalay (ဆွေးနွေး) ၀၅:၁၂၊ ၁၅ ဇူလိုင် ၂၀၂၀ (UTC) |
Portal di Ensiklopedia Dunia