အသုံးပြုသူ:Linnyankha
Linn Yan Khaမန္တလေးမြို့မှ လူငယ် blogger တစ်ဦးဖြစ်သည်။ Mandalay Volunteers Group (MVG) ၏ Founder တစ်ဦးဖြစ်ကာ Barcamp များတွင် Speaker, Volunteer အဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ လက်ရှိ မန္တလေးမြို့တွင် Freelance Photographer တစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးလည်းဖြစ်သည်။ ငယ်ဘဝအခြေခံပညာကို အ.မ.က (၇) နှင့် အ.ထ.က (၁၆) တို့တွင် တက်ရောက်သင်ကြားခဲ့သည်။ ရတနာပုံတက္ကသိုလ်မှ မြန်မာစာအထူးပြုဖြင့် B.A(Myanmar) ဘွဲ့ ရရှိခဲ့သည်။ ဝါသနာအားလတ်ချိန်များတွင် စာဖတ်လေ့ရှိပြီး ကဗျာများ၊ ဆောင်းပါးများ ရေးသားလေ့ရှိသည်။ စာပေပညာရပ်တွင် ဧရာဝဏ် မြန်မာစာ စာစီစာကုံးနှင့် ရသစာတမ်း ဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် တတိယအကြိမ် ရသစာတမ်းပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် ရသစာတမ်း တစ်နိုင်ငံလုံး ပထမဆုကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။ ဓါတ်ပုံပညာရပ်တွင် ကြိုးစားမှုကြောင့် အထက်မြန်မာပြည်ဓါတ်ပုံအသင်းမှ ဂုဏ်ပြုအသင်းသားဘွဲ့ (Hon; UMPS) ကို ၂၀၁၈ခုနှစ်တွင် လည်းကောင်း၊ License of Photographer ဘွဲ့ (L.UMPS) ကို ၂၀၁၉ခုနှစ်တွင် လည်းကောင်း ရရှိခဲ့သည်။ |
Portal di Ensiklopedia Dunia