အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ
ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အခန်း (၁)အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၁။ ဤဥပဒေကို အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-
ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို ဆိုသည်။
အခန်း (၂) ရည်ရွယ်ချက်၃။ ဤဥပဒေ၏ ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်းဖြစ်သည်-
အခန်း (၃)ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၄။ နိုင်ငံတော်သမ္မတရုံးသည် ဒုတိယသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီးသင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။ ၅။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်ရှိ လုပ်ငန်းကော်မတီများအား ပေါင်းစပ်ကူညီဖြည့်ဆည်းပေးရမည်။ အခန်း (၄)အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းယင်းကော်မတီ၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ သင့်လျော်သော အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ် လည်းကောင်းပါဝင်သည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရမည်။ ၇။ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
၈။ ကြီးကြပ်မှုကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
အခန်း (၅)အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏လုပ်ငန်းတာဝန်များ၉။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့သည် သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် သက်ဆိုင်ရာအသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။ ၁၀။ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
အခန်း (၆)မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏လုပ်ငန်းတာဝန်များ၁၁။ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-
၁၂။ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည် ဤဥပဒေအရ အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် သို့မဟုတ် အကြောင်းသင့်ဆက်စပ် ဖြစ်ပေါ်လာသည့် လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်။ အခန်း (၇) ဖွဲ့စည်းတည်ထောင်ခြင်း၁၃။ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ သမဝါယမအသင်းဥပဒေ၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်း တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ရမည်။ ၁၄။ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်အဖွဲ့အစည်းသည်-
၁၅။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအဖွဲ့သည် မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်များကို သက်ဆိုင်ရာအသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏တာဝန်ရှိသူများကို လွှဲအပ်နိုင်သည်။ ၁၆။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို ပြင်ဆင်လိုပါက သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ တင်ပြ၍ ကြီးကြပ်မှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရရှိပြီးမှသာ ပြင်ဆင်ရမည်။ အခန်း (၈)လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်၁၇။ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည်လုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ အောက်ပါအချက်များပါဝင်သော ဖြစ် နိုင်ခြေလေ့လာချက်ကို ပူးတွဲ၍တင်ပြရမည်-
၁၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ထားရှိရမည်-
၁၉။ (က) အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အများပြည်သူထံမှ အပ်ငွေမဟုတ်သော အခြားနည်းဖြင့်စုစည်းရရှိသည့် ရန်ပုံငွေနှင့် အသေးစားချေးငွေရယူသည့်အခါတိုင်း အသင်းသားများက မဖြစ်မနေစုဆောင်းရသည့် စုဆောင်းငွေများဖြင့်အသေးစားချေးငွေများ ထုတ်ပေးခြင်းကိုဆောင်ရွက်ရမည်။
၂၀။ အသေးစားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်လိုသော အဖွဲ့အစည်းများသည် -
၂၁။ (က) ကြီးကြပ်မှုကော်မတီသည် လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေလေ့လာချက်တို့ကို စိစစ်ပြီးနောက် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ယင်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။
၂၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုကြောင်း လျှောက်ထားသည့်အဖွဲ့အစည်းသည် မိမိ၏ အစုရှယ်ယာပိုင်ရှင်များနှင့်ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်း၏အခြေအနေမှန်နှင့် စပ်လျဉ်း၍လည်းကောင်း အများပြည်သူက လွဲမှားစွာအဓိပ္ပာယ်ကောက်ယူစေနိုင်မည့် အမည်နာမကို အသုံးပြုသည်ဟု ကြီးကြပ်မှုကော်မတီက ယူဆလျှင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ရမည်။ ၂၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း သတ်မှတ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကြေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အတွင်းသတ်မှတ်ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ ၂၄။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုသည့်အခါ မြန် မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ၂၅။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်-
၂၆။ အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် ကြီးကြပ်မှုကော်မတီသည်သက်ဆိုင်ရာ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းရမည်-
၂၇။ (က) အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် အခြားအသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ် မိမိအဖွဲ့အစည်းကို ခွဲခြမ်းဖွဲ့စည်းခြင်း ပြုလိုသည့်အခါသက်ဆိုင် ရာလုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီသို့တင်ပြ၍ ကြိုတင်ခွင့်ပြုချက် ရယူ ရမည် ။
၂၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ရုံးခွဲများတည်ထောင်ခြင်း၊လုပ်ငန်းနေရာရွှေ့ပြောင်းခြင်းနှင့် လုပ်ငန်းပိတ်ခြင်းတို့အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီ၏ ကြိုတင် ခွင့်ပြုချက် ရယူရမည်။ အခန်း (၉) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ၂၉။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော် မတီ၏ခွင့်ပြုချက်ဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-
၃၀။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အသေးစားချေးငွေ ထုတ်ပေးရာတွင် အောက်ပါတရားဝင် စာရွက်စာတမ်းများကို ရယူထားရမည်-
၃၁။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အသေးစားချေးငွေ ထုတ်ချေးရာတွင် မိမိတို့၏လုပ်ငန်း ရေရှည်တည်တံ့နိုင်ရေးကို ကာကွယ်ထိန်းသိမ်းထားရန်အလို့ငှာ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ရမည်။ ၃၂။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အပ်ငွေများ၊ ချေးငွေများနှင့်စပ်လျဉ်းသည့် စည်းကမ်း ချက်များကိုလည်းကောင်း၊ အတိုးနှုန်းနှင့် တွက်ချက်ပုံများကိုလည်းကောင်း ဆက်သွယ်သူများသိရှိစေရန် ကြီးကြပ်မှု ကော်မတီက သတ်မှတ်ပေးသည့် အချိန်အပိုင်းအခြားနှင့် အသုံးပြုရမည့်ပုံစံများနှင့်အညီ အချိန်မှန်ထုတ်ပြန်ကြေညာရမည် ။ ၃၃။ (က) အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်လျှင် သီးသန့်ငွေများ ထူထောင်ခြင်းအားဖြင့် မိမိတို့၏မတည်ငွေရင်းပမာဏကို တိုးမြှင့်နိုင်သည်။
၃၄။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ် အတွက်လည်းကောင်း မမျှတသည့်အခွင့်အလမ်း ရရှိစေမည့် မမှန်ကန်သောလုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်းမပြုရ။ ၃၅။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအားလိုက်နာရမည်။ အခန်း (၁၀)စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့်ကြီးကြပ်စစ်ဆေးခြင်း၃၆။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွင် ကြီးကြပ်မှုကော်မတီက သဘောတူသည့် စာရင်းစစ်ကို ခန့်ထားရမည်။ ၃၇။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စာရင်းစစ်တွင် အောက်ပါတာဝန်များရှိသည်-
၃၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် သတ်မှတ်ပေးသည့်ပုံစံများကိုအသုံးပြုလျက် သတ်မှတ်သည့် အချိန်ကာလအလိုက် အစီရင်ခံစာများပြုစုရမည်။ အစီရင်ခံစာများတွင် မိမိလုပ်ငန်း၏စီမံရေးရာနှင့် လုပ်ငန်းရေးရာအခြေအနေ၊ ငွေရေးကြေးရေးအခြေအနေခိုင်မာမှု၊ အကျိုးအမြတ်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် အချက်အလက်များ ပြည့်စုံစွာပါရှိရမည်။ ဤသို့ ပြုစုတင်ပြခြင်းဖြင့် မိမိတို့၏ ငွေရေးကြေးရေးအခြေအနေ ခိုင်မာမှုရှိကြောင်းနှင့် မည်သည့်အလားအလာသို့ ဦးတည်လျက်ရှိကြောင်းအကဲဖြတ်နိုင်စေရမည်။ အစီရင်ခံစာများ ပြုစုရာတွင် သတ်မှတ်ထားသည့် စာရင်းထားရှိရေးစံများနှင့်အညီ ဖြစ်စေရမည်။ ၃၉။ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် စာရင်းစစ်၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် လက်ကျန်ရှင်းတမ်းတို့ကို စီမံခန့်ခွဲမှုအဖွဲ့နှင့် အစုရှယ်ယာပိုင်ရှင်များက သတ်မှတ်သဘောတူထားသည့် နည်းလမ်းနှင့်အညီ အများသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။ ၄၀။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီက ခန့်အပ်သော စာရင်းစစ်များ သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းကော်မတီတို့မှ တာဝန်ပေးအပ်သော စစ်ဆေးရေးမှူးများ၏ စစ်ဆေးခြင်းကိုခံရမည်။ ယင်းသို့ စစ်ဆေးသည့်အခါအသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏-
၄၁။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုတွင်အဖွဲ့ဝင် သုံးဦးပါဝင်သော စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိနိုင်သည်။ စာရင်းစစ်ကော်မတီသည်-
၄၂။ စာရင်းစစ်ကော်မတီသည် သာမန်အားဖြင့် သုံးလလျှင်တစ်ကြိမ် ပုံမှန်အစည်းအဝေးပြုလုပ်ရမည်။ စီမံခန့်ခွဲမှုအဖွဲ့က လိုအပ်သည်ဟုယူဆလျှင် စာရင်းစစ်ကော်မတီသည် အထူးအစည်းအဝေးပြုလုပ်ရမည်။ ယင်းပုံမှန်အစည်းအဝေးနှင့်အထူးအစည်းအဝေးများတွင် စာရင်းစစ်ကော်မတီဝင်အားလုံး တက်ရောက်ရမည့်အပြင် ဆန္ဒမဲပေးရန်လည်း ပျက်ကွက်ခြင်းမရှိစေရ။ ဆုံးဖြတ်ချက်များကို စာရင်းစစ်ကော်မတီဝင်အများစု၏ ဆန္ဒမဲဖြင့် ချမှတ်ရမည်။ ၄၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအဖွဲ့သည် ပုဒ်မ ၄၀ ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ စာရင်းစစ်ကော်မတီအား ကူညီဆောင်ရွက်စေရန် ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကိုခန့်ထားခြင်း သို့မဟုတ် ငှားရမ်းခြင်းပြုနိုင်သည်။ အခန်း (၁၁) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၄၄။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ အစုရှယ်ယာပိုင်ရှင်၊ စီမံခန့်ခွဲသူ၊ မန်နေဂျာနှင့် ဝန်ထမ်းများက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ရမည်-
၄၅။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းကသာဆောင်ရွက်ရမည်ဟု ဤဥပဒေတွင် သတ်မှတ်ထားသည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်သော မည့်သည့်ပုဂ္ဂိုလ်သို့မဟုတ် တရားဝင်ရပ်တည်မှုရှိသည့် အဖွဲ့အစည်းကိုမဆို ပုဒ်မ ၄၄ ပါ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ် ချမှတ်ရမည်။ ၄၆။ အရေးယူခံရသူသည် ခုခံကာကွယ်ခွင့် အပြည့် အဝရရှိစေရမည်။ ထို့ပြင်အရေးယူခံရသူသည် ချမှတ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အမိန့်စာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီသို့ အယူခံခွင့် ရှိစေရမည်။ အယူခံနေစဉ်ကာလအတွင်း ပြစ် ဒဏ်ပေးမှုကို ရပ်ဆိုင်းထားရမည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ ၄၇။ ဤဥပဒေအရချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။ ၄၈။ ပုဒ်မ ၄၄ ပါ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်များ ကိုဖြစ်စေ နစ်နာမှုများအတွက် ချက်ချင်းပေးလျော်စေရမည်။ အခန်း (၁၂) စာရင်းရှင်းလင်းဖျက် သိမ်းခြင်း၄၉။ ကြီးကြပ်မှုကော်မတီသည် သက်ဆိုင်ရာအသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏လုပ်ငန်းများကို ဆောင်ရွက်ရန် အနည်းဆုံးလိုအပ်ချက်နှင့် မညီညွတ်တော့သည့်အခြေအနေသို့ရောက်ရှိသောကြောင့် ယင်းအဖွဲ့ အစည်းနှင့် ဆက်သွယ်သူများ၏ အပ်ငွေများနှင့် မတည်ရန်ပုံငွေတို့ကို ဆုံးရှုံးစေနိုင်သည့်အခြေအနေပေါ်ပေါက်လျှင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အချိန်ကာလသတ်မှတ်ပေးနိုင်သည်။ သတ်မှတ်ပေးသည့်အချိန် ကာလအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုဖျက်သိမ်းပြီးနောက် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းပြုနိုင်သည်။ ၅၀။ ကြီးကြပ်မှုကော်မတီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအမိန့်မချမှတ်မီ-
၅၁။ ပုဒ်မ ၅၀၊ ပုဒ်မခွဲ (က)ပါ သက်ဆိုင်ရာအဖွဲ့က စာရင်းရှင်းလင်းဖျက်သိမ်းသင့်ကြောင်း တင်ပြလာလျှင် ကြီးကြပ်မှု ကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအား စာရင်းရှ င်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ရမည်။ ၅၂။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ကြီးကြပ်မှုကော်မတီသည်-
အခန်း (၁၃) တားမြစ်ချက် များ၅၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့် စာရင်းစစ်များသည် ယင်းတို့၏ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာမှရရှိလာသည့် သတင်း အချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။ ၅၄။ မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရ။ ၅၅။ ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ မည်သည့်အဖွဲ့ဝင်သို့မဟုတ် ဝန်ထမ်းမျှ မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှသိရှိလာသည့်သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ကြည့် ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။ အခန်း (၁၄) ပြစ်မှုနှင့်ပြစ်ဒဏ်များ၅၆။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ မည်သည့်အဖွဲ့ဝင်၊ ဝန်ထမ်းနှင့်စာရင်းစစ်မဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၅၇။ မည်သူမဆို ပုဒ်မ ၅၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၅၈။ ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှ မည်သည့်အဖွဲ့ဝင်သို့မဟုတ် ဝန်ထမ်းမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ အခန်း (၁၅) အထွေထွေ၅၉။ ကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်သည် ပြည်ထောင်စုအစိုးရအဖွဲ့က လည်းကောင်း၊ လုပ်ငန်းကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီက လည်းကောင်းသတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။ ၆၀။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ဆောင်ရွက်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့်တရားစွဲခံနိုင်ခွင့်များ ရှိစေရမည်။ ၆၁။ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းကထုတ်ပေးသော အသေးစားချေးငွေနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အပြင် တည်ဆဲဥပဒေအရ တံဆိပ်ခေါင်းခွန်ပေးဆောင်ရခြင်းမှလည်း ကင်းလွတ်စေရမည်။ ၆၂။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ ၆၃။ ပုဒ်မ ၅၆ နှင့် ၅၈ ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။ ၆၄။ ပုဒ်မ ၅၆၊ ၅၇ နှင့် ၅၈ တို့အရ တရားစွဲဆိုရာတွင် ကြီးကြပ်မှုကော်မတီ၏ကြိုတင်ခွင့်ပြုချက် ရယူရမည်။ ၆၅။ ဤဥပဒေမပြဋ္ဌာန်းမီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်နေသောအဖွဲ့အစည်းများသည် ဤဥပဒေအရ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ သုံးလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားရမည်။ ၆၆။ ဤဥပဒေမပြဋ္ဌာန်းမီ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကလုပ်ကိုင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီ ၏ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသောကာလအတွင်း အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်ချက်များသည် ပုဒ်မ ၅၄နှင့် သက်ဆိုင်ခြင်း မရှိစေရ။ ၆၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန်-
၆၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
|
Portal di Ensiklopedia Dunia