အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများအာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများကို ဤဆောင်းပါးတွင် ဖော်ပြထားသည်။ ကျူးဘားနိုင်ငံ"ငါအာဏာရှင်စနစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါ" ("Yo No Coopero Con La Dictadura")၊ အတိုကောက် အများအားဖြင့် "ငါမပါ" ("Yo No" သို့မဟုတ် "Not I" သို့မဟုတ် "I not") ဟုခေါ်သည့် လှုပ်ရှားမှုသည် ကျူးဘားအစိုးရအပေါ် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုတစ်ခုဖြစ်သည်။[၁][၂] ဤပြည်သူ့လှုပ်ရှားမှုတွင် "ငါပြောင်းလဲမှုကို လုံးဝလိုချင်တယ်" ("I do want change") ဆိုသော ဆောင်ပုဒ်ကိုအသုံးချပြီး၊ "ငါမငြင်းဘူး၊ ငါမကူညီဘူး၊ ငါသတင်းမပေးဘူး၊ ငါမလိုက်နာဘူး၊ ငါမပူးပေါင်းဘူး၊ ငါဖိနှိပ်ချုပ်ခြယ်မှုမလုပ်ဘူး။" ("I do not repudiate, I do not assist, I do not snitch, I do not follow, I do not cooperate, and I do not repress.") ဟူသော အခြေခံအချက် ခြောက်ခုဖြင့် ရှင်းလင်းထုတ်ဖော်သည်။[၃] ထို့အပြင် ကျူးဘားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၏ သင်္ကေတအမူအရာတစ်ခုအနေဖြင့် အဖွဲ့ဝင်များသည် သူတို့၏ ရင်ဘတ်ပေါ်၌ လက်ပိုက်ထားသည့် အမူအရာဖြင့် ထုတ်ဖော်ပြကြသည်။[၄] Lissette Álvarez၊ Amaury Gutiérrez၊ Willy Chirino၊ Jon Secada၊ Paquito D'Rivera၊ Boncó Quiñongo စသည့် အနုပညာရှင်များစွာက ထိုလှုပ်ရှားမှုကို ထောက်ခံကြောင်း ကြေညာခဲ့သည်။[၅] အဖြူရောင်အမျိုးသမီးများအဖွဲ့ (Ladies in White) သည် ထောင်ကျခံနေရသော ကျူးဘားအာဏာရှင်အစိုးရဆန့်ကျင်သူတို့၏ ဇနီးများ၊ မိခင်များနှင့် ညီမများဖြစ်ကြပြီး၊ သူတို့သည် ငြိမ်းချမ်းသော အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကို အသုံးပြုကာ အဆိုပါ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြသည်။[၆] ၎င်းအဖွဲ့သည် ဥရောပသမဂ္ဂ၏ လွတ်လပ်စွာတွေးခေါ်မှုအတွက် စက်ခါရော့ဗ်ဆု (Sakharov Prize for Freedom of Thought) ဆုကို ၂၀၀၅-ခုနှစ်တွင် ရရှိခဲ့သည်။[၇] (ဒေါ်အောင်ဆန်းစုကြည်က ဤဆုကို ၁၉၉၀-ခုနှစ်တွင် ရရှိခဲ့သည်။ [၈]) အက်စ်တိုးနီးယားနိုင်ငံအမျိုးမျိုးသော ဆန္ဒပြပွဲများနှင့် အာဏာဖီဆန်ရေး ဆန့်ကျင်လုပ်ရပ်များပါဝင်သော သီချင်းဆိုတော်လှန်ရေး (Singing Revolution)ကို အက်စ်တိုးနီးယားနိုင်ငံတွင် လေးနှစ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ (အဆိုပါ "သီချင်းဆိုတော်လှန်ရေး"ဟူသော အသုံးအနှုန်းကို အက်စ်တိုးနီးယားတက်ကြွလှုပ်ရှားသူနှင့် အနုပညာရှင် Heinz Valk မှ ၁၉၈၈-ခုနှစ် ဇွန် ၁၀–၁၁ မှ ဆောင်းပါးတစ်ခုတွင် Tallinn Song Festival Groundsတွင် လူထုမှ အလိုအလျောက်သံပြိုင် သီချင်းသီဆို ဆန္ဒပြမှုများကို ရည်ညွှန်းကာ တီထွင်သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။[၉]) ၁၉၉၁-ခုနှစ်တွင် ဆိုဗီယက်တင့်ကားများသည် လွတ်လပ်ရေးဆီသို့ တိုးတက်မှုကို ရပ်တန့်ရန် ကြိုးပမ်းသည့်အခါ အက်စ်တိုးနီးယားမဟာကောင်စီ (Supreme Council of Estonia)နှင့် အက်စ်တိုးနီးယား ကွန်ဂရက် ( Congress of Estonia) တို့က လွတ်လပ်သော အက်စ်တိုးနီးယားပြည်နယ် ပြန်လည်တည်ထောင်ခြင်းကို ကြေညာပြီး ဆိုဗီယက်ဥပဒေကို ငြင်းပယ်ခဲ့သည်။ ပြည်သူလူထုသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားစက်ရုံများကို ဆိုဗီယက်တင့်ကားများမှ ကာကွယ်ရန် လူ့ဒိုင်းများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ဤလုပ်ဆောင်မှုများမှတစ်ဆင့် သွေးထွက်သံယိုမှုမရှိဘဲ လွတ်လပ်ရေး အောင်မြင်စွာရယူနိုင်ခဲ့သည်။[၁၀] အီဂျစ်နိုင်ငံခေတ်သစ်အီဂျစ်၏ သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော (အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် မသိသေးသော) အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများအနက် ၁၉၁၉-ခုနှစ် အီဂျစ်တော်လှန်ရေးကို ကမ္ဘာအတိုင်းအတာအရ အစောဆုံး အောင်မြင်မှုရရှိခဲ့သော အကြမ်းမဖက်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူကြသည်။ ၎င်းသည် အီဂျစ်နှင့်ဆူဒန်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ဆန့်ကျင်သော တော်လှန်ရေး ဖြစ်ခဲ့သည်။ ၁၉၁၉-ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ တော်လှန်ရေးခေါင်းဆောင် Saad Zaghlul နှင့် Wafd ပါတီမှ အခြားအဖွဲ့ဝင်များအား ပြည်နှင်ဒဏ်ပေးခြင်းကို ကန့်ကွက်သည့်အနေဖြင့် အီဂျစ်နှင့် ဆူဒန်လူမျိုး အလွှာပေါင်းစုံမှ လူတန်းစားပေါင်းစုံက စတင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားများနှင့် ရှေ့နေများတို့၏ သပိတ်များ ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေး၊ လျှပ်စစ်ရထားနှင့် မီးရထားလုပ်သားများ၏ သပိတ်များနှင့် နောက်ဆုံးတွင် အီဂျစ်အစိုးရ ဝန်ထမ်းများ၏ သပိတ်များဖြင့် ၁၉၁၉ အီဂျစ်တော်လှန်ရေးသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်က ၁၉၂၂-ခုနှစ်တွင် အီဂျစ်လွတ်လပ်ရေးကို ဗြိတိန်မှ အသိအမှတ်ပြုခြင်းနှင့် ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ကို ဖြစ်မြောက်လာစေခဲ့သည်။ ပြင်သစ်နိုင်ငံ၁၉၇၂-ခုနှစ်တွင် တောင်သူလယ်သမား ၁၀၃-ဦးသည် လာဇက်(Larzac )ကုန်းပြင်မြင့်ရှိ လက်ရှိ စစ်ရေးလေ့ကျင့်ရေးစခန်း နယ်မြေတိုးချဲ့ခြင်းကို ခုခံတွန်းလှန်ရန် ကျိန်ဆိုခဲ့ကြသည်။ ဂန္ဒီ၏တပည့်ဖြစ်သူ လန်ဇာဒယ်ဗက်စတို (Lanza del Vasto)က အစာအငတ်ခံဆန္ဒပြမှု အပါအဝင် လူထုအာဏာဖီဆန်ရေး နည်းဗျူဟာများကိုအကြံပေးခဲ့ပြီး၊ ပါဝင်လှုပ်ရှားသူများသည် ၎င်းတို့ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့သည်။ ထိုကြောင့်လည်း ၁၉၈၄-ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရပြီးပြီးချင်း ပြင်သစ်သမ္မတ ဖွန်ဆွာ မီးထရွန်း (François Mitterrand) က အဆိုပါ စစ်ရေးလေ့ကျင့်ရေးစခန်း နယ်မြေတိုးချဲ့ခြင်းကို ဖျက်သိမ်းလိုက်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia