အာယမ် ဂိုရင်း
အာယမ် ဂိုရင်းသည် အင်ဒိုနီးရှားနှင့် မလေးရှားအစားအစာတစ်ခုဖြစ်ပြီး ဆီတွင် အကျတ်ကြော်(deep fried )ထားသော ကြက်သားပါဝင်သော ဟင်းလျာတစ်ခုဖြစ်သည်။ အာယမ်ဂိုရင်းအား တိုက်ရိုက်ဘာသာပြန်ဆိုကြည့်ပါက "ကြက်သားကြော်"ဟု မလေး(အင်ဒိုနီးရှားနှင့် မလေးရှားစံနှစ်ခုလုံးအပါအဝင်)နှင့် များစွာသော အင်ဒိုနီးရှားဒေသဘာသာစကားများ(ဥပမာ - ဂျာဗား)တို့တွင် အဓိပ္ပာယ်ရသည်။ ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် နှပ်ခြင်းအချို့သော အာယမ်ဂိုရင်းအား ပြင်ဆင်ရာ၌ ထောပတ် သို့မဟုတ် ဂျုံ နှစ်မျိုးလုံး အပေါ်မှ အကာအဖြစ်သုံးစွဲခြင်း မရှိသော်လည်း အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်တို့ကို ကြိုင်လှိုင်ပေါများစွာ သုံးစွဲကြသည်။[၂] ဟင်းခတ်အမွှေးအကြိုင်တို့ ရောနှောပုံမှာ ဒေသအလိုက် ကွာခြားကြသော်လည်း များသောအားဖြင့် ကြိတ်ထားသော ကြက်သွန်နီကလေး၊ ကြက်သွန်ဖြူ၊ Indian bay leaves၊ နနွင်း၊ စပါးလင်၊ မန်ကျည်းရည်၊ candlenut၊ galangal၊ ဆားနှင့် သကြားတို့ ပေါင်းစပ်ပါဝင်သည်။ ကြက်သားအတွင်းသို့ အမွှေးအကြိုင်အနံ့များစိမ်ဝင်စေရန် မကြော်မီ ရောစပ်ထားသော အမွှေးအကြိုင်များဖြင့် ကြက်သားတုံးများအား စိမ်၍နှပ်ထားသည်။ နှပ်သည့်အဆင့်တွင် အမွှေးအကြိုင်များ စိမ့်ဝင်စေခြင်း၌ အထောက်အကူဖြစ်စေရန် ကြိတ်ထားသော အမွှေးအကြိုင်များထဲတွင် ကြက်သားအား အပူပေးခြင်းအဆင့် ပါဝင်ရမည်ဖြစ်သည်။ များသောအားဖြင့် မကြော်မီ ကြက်သားသည် တစ်ဝက်ခန့်ကျတ်နေပြီဖြစ်ပြီး နနွင်းကြောင့် အဝါရောင်သန်း၍နေမည်ဖြစ်သည်။ ဂျာဗားတွင် ဤအဆင့်အား အူးဂ်ကပ်(ungkep)ဟု ခေါ်သည်။ ထို့နောက် ကြက်သားကို ဟင်းချက်ဆီ သို့မဟုတ် စားအုန်းဆီတစ်မျိုးမျိုးတွင် ဆီမြုပ်အောင်ထည့်၍ အကျတ်ကြော်မည်ဖြစ်သည်။ ကြက်သားအား ရွှေဝါရောင်သန်းလာသည်ထိ ကြော်ပေးရမည်ဖြစ်သည်။ ဂျာဗား အာယမ် ဂိုရင်း ခရိမက်စ်ကဲ့သို့ အချို့သော မူကွဲများတွင် crispy granules ကဲ့သို့သော အကြွပ်ကြော်ထားသော အမွှေးအကြိုင်များ ထည့်ကြသည်။ အခြားသော ချက်ပြုပ်နည်းများတွင် ဤကဲ့သို့ အရသာရှိသော granules များကို ခြစ်ထားသော galangal သို့မဟုတ် အုန်းသီးတို့မှ ရရှိသည်။ အာယမ်ဂိုရင်းကို ထမင်းဖြင့်ဖြစ်စေ၊ ဆမ်ဘယ် တရာဆီ (ငရုတ်သီးပါဝင်သော ငါးပိထောင်း) သို့မဟုတ် ဆမ်ဘယ် ကဲ့ဂျပ်(ပဲငံပြာရည်တွင် ကြက်သွန်နီကလေးနှင့် ငရုတ်သီး လှီးထည့်ထားသော)တို့ကို ဆော့အဖြစ် နှစ်၍ဖြစ်စေ သို့မဟုတ် စိတ်ကြိုက်ထည့်၍စားနိုင်သော သခွားသီးနှင့် ခရမ်းချဉ်သီးတို့ဖြင့် ဖြူး၍ဖြစ်စေ များသောအားဖြင့် သုံးဆောင်မှု ပြုကြသည်။ တန်ပေးကြော်နှင့် တို့ဟူးတို့အားလည်း အရံ့ဟင်းများအဖြစ် ထည့်သွင်းနိုင်သည်။ မူကွဲများအာယမ်ဂိုရင်းအား ချက်ပြုပ်နည်းများစွာရှိပြီး ၎င်းတို့အထဲများ လူသိများထင်ရှားသည်တို့မှာ-
အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ပုံစံအမျိုးမျိုးသော နိုင်ငံခြားကြက်ကြော်များကိုလည်း အာယမ်ဂိုရင်းဟု မကြာခဏသုံးစွဲကြသည်။ အမေရိကန်တောင်ပိုင်းမှ ကြက်ကြော်ကို များသောအားဖြင့် အာယမ်ဂိုရင်း တဲ့ပွန်း သို့မဟုတ် ဂျုံမှုန့် သို့မဟုတ် ပေါင်မုန့်မှုန့် ကြက်ကြော်ဟုခေါ်သည်။ မလေးရှားတွင် McDonald ကြက်ကြော်ကို "အာယမ်ဂိုရင်း မက်စ်ဒ်"(Ayam Goreng McD)အဖြစ် ဈေးကွက်၌ ရောင်းချသည်။[၁၄]
ကိုးကား
|
Portal di Ensiklopedia Dunia