အာယု၊ စာရေးဆရာ
အာယု (၁၉၅၈-၂၀၁၃) သည် စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူရေးစပ်ခဲ့သည် “မောင်” သီချင်းသည် ထင်ရှားသည်။ စာရေးဆရာ၊ ဒါရိုက်တာ သာဓုနှင့် ရုပ်ရှင်သရုပ်ဆောင် မြတ်မွန် တို့၏ သားကြီးဖြစ်သည်။ သူသည် မြန်မာ့စာပေ၊ရုပ်ရုင်နှင့်ဂီတ တို့တွင် လူအများလက်ခံကျော်ကြားသည့် မောင်ဝဏ္ဏ [၁] ၊ သုမောင်၊ မင်းလူ၊ ရူပ တို့နှင့် ညီအကို တော်စပ်သည်။ ဘဝဇာတ်ကြောင်းသူ့ အသက် ၁၇ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ဦးသာဓု ၏ ရိုက်ကွင်း တွင် မှန်ထိုး၊မီးထိုး စက်အဖွဲ့ အကူ လုပ်သည်။ ၁၉၇၈ ခုနှစ် သူ့အသက် ၂၀ အရွယ် အရောက်တွင် မဂ္ဂဇင်းများ၌ ဆောင်းပါးများ နှင့် ဝတ္တုတိုများ စတင်ရေးသားခြင်းဖြင့် စာရေးဆရာဘဝ ကို စတင်သည်။ သူသည် တေးသီချင်းဖန်တီးရေးသားခြင်းကိုလည်း ဆောင်ရွက်သည်။သူ ၁၉၈၃ ခုနှစ်က ရေးသားခဲ့သည့် " မောင်" သီချင်းသည် နာမည်ကျော်ကြားသည်။ထိုကာလက စပြီး သူသည် မိဘမျိုးရိုးလိုက်သူတစ်ဦးအဖြစ် ထင်ရှားသူတစ်ဦး ဖြစ်လာသည်။[၂] ကိုင်ဇာ ၊ မေခလာ၊ မေဆွိ၊ ကော်နီ စသော တေးသံရှင်များ အတွက် သူက တေးသီချင်းများ ဖန်တီးပေးသည်။ သူသည် ၂၀၀၁ ခုနှစ် တွင် “အဖေခေါ်ခ” ဟူသော ဗီဒီယို ဇာတ်ကားဖြင့် ဒါရိုက်တာ လောကထဲ ဝင်ရောက်လာသည်။“ ထီး”၊ “ကျွန်တော် အမုန်းဆုံးကျွန်တော်”၊ “ရွှေမြင့်မိုရ်ပြိုမှာစိုးတယ်”၊ “လိပ်ပြာခွဲတမ်း” ၊“ချဉ်ဖက်” စသော ဇာတ်ကားများက ပရိသတ်အကြား လူကြိုက်များခဲ့သည်။ တေးဆိုအနေဖြင့် ၁၉၉၂ ခုနှစ် တွင် “မေ့မရဘူး” ဟူသော တစ်ကိုယ်တော် စီးရီးထွက်ရှိခဲ့သည်။သူ ဖန်တီးခဲ့သည့် တေးသီချင်းအရေအတွက် က ၅၀ ကျော် ရှိပြီး၊ဒါရိုက်တာအနေဖြင့် ဇာတ်ကား ၁၀၀ ကျော် ရိုက်ကူးခဲ့သည်။ ဘဝနိဂုံးစာရေးဆရာ၊ ဒါရိုက်တာ၊ တေးရေး၊ တေးဆို အာယု သည် ၂၀၁၃ ခုနှစ် မေလ ၉ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ် သာ ရှိသေးသည်။[၃] မိသားစုဘဝအာယုသည် ဒေါ်အေးအေးလှိုင်နှင့် အိမ်ထောင်ကျပြီး သားကြီး ကြည်သာ၊ သားငယ် ဘုန်းသက်နိုင်၊ သမီးကြီး အေးချမ်း၊ သမီးငယ် ရွှေရည်တာ တို့ထွန်းကားခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia