အာယု (စီးပွားရေးလုပ်ငန်းရှင်)

အာယု
မွေးဖွား (1953-12-27) ၂၇ ဒီဇင်ဘာ၊ ၁၉၅၃ (အသက် ၇၁)
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
ကျော်ကြားမှုအရင်းခံဘဏ်လုပ်ငန်းပညာရှင်

ဦးအာယု ( စီးပွားရေးလုပ်ငန်းရှင် ) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ကိုင်သူ နှင့် ဘဏ်လုပ်ငန်းပညာရှင် တစ်ဦးဖြစ်သည်။သူသည် မြန်မာ့ ဘဏ်နှင့် ငွေရေးကြေးရေး ကဏ္ဍ အပါအဝင် ကုန်သွယ်မှုနှင့်စိုက်ပျိုးထုတ်လုပ်တင်ပို့မှု တို့တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူတစ်ဦးဖြစ်သည်။ လက်ရှိတွင် A Bank ဟု အတိုကောက်ခေါ်သည့် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် ၏ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်နေသည်။[]

ပညာရေးနှင့်ဘဝဖြတ်သန်းမှု

သူ့ကို ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့ တွင် မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ် မှနေ၍ စီးပွားရေးဘာသာရပ်အထူးပြုဖြင့် B.A (Eco) ဘွဲ့ရရှိသည်။သူသည် ၁၉၇၁ ခုနှစ် ကစပြီး မြန်မာ့စီးပွားရေးဘဏ် တွင် အလုပ်ဝင်ခြင်းဖြင့် ဘဏ်လုပ်ငန်းနှင့်ငွေကြေးကဏ္ဍ ၌ ဘဝဖြတ်သန်းသည်။ ထိုကဏ္ဍထဲ ကြီးကြပ်ရေးမှူးတာဝန်အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ လုပ်ကိုင်ပြီးနောက် အစိုးရဘဏ်ဝန်ထမ်း အလုပ်မှ ထွက်ခွာခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ထဲသို့ ဝင်ရောက်သည်။သူ၏ ကနဦးစီးပွားရေးခြေလှမ်းမှာ ဆန်စပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ဖြစ်သည်။သူသည် ဆန်စပါးအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[] [] အလားတူ ပဲနှမ်းအသင်း၊ဆီကုန်သည်အသင်း၊ဘဏ်လုပ်ငန်းအသင်း တို့တွင်ပါ ထဲထဲဝင်ဝင်ဆောင်ရွက်သည်။ သူသည် ၂၀၁၈ခုနှစ် အရောက်တွင် A Bank ၏ ဒုတိယ ဥက္ကဋ္ဌ ရာထူးတာဝန် ဖြင့် မြန်မာ့ဘဏ်လုပ်ငန်း၊ငွေကြေးကဏ္ဍ အား ဆောင်ရွက်သည်။ ၂၀၂၃ခုနှစ် တွင် ယင်းဘဏ်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပုဂ္ဂလိကဘဏ်လုပ်ငန်းတစ်ခုကို ဦးဆောင်သည်။

မိသားစုဘဝ

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။

ကိုးကား

  1. Board of DirectorsA Bank,Myanmar။ 25 April 2024 တွင် ပြန်စစ်ပြီး။
  2. တရုတ်သို့ ဆန်တန်ချိန် ၁ သိန်း တင်ပို့မည်The Irrawaddy (၉ ဇူလိုင် ၂၀၁၉)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ဆန်ကွဲများတင်ပို့ရေးအတွက် ကုမ္ပဏီများမှတ်ပုံတင်ခွင့် ရရှိရေးဆိုင်ရာသင်တန်းDeparment of ConsumerAffrais,Myanmar (၁၆ ဇွန် ၂၀၂၁)။ ၂၅ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya