အာရိယန်လူမျိုးအာရိယန်လူမျိုး (အင်္ဂလိပ်: Aryan race) သည် ပရိုတို-အင်ဒို-ဥရောပနွယ် ဘာသာစကား ပြောဆို့သောလူမျိုးများကို ဖော်ပြရန် သိပ္ပံနှင့် သမိုင်းဝင် အယူအဆဖြစ်သည်။ ဘီစီ ၆ ရာစု ဘုရင် Darius the Great ရေးထိုးသောကျောက်စာတွင် "ငါတို့သည် အာရိယန်များ ဖြစ်သည်"ဟု ရေးထိုးထားခဲ့သည်။ ထိုကျောက်စာအား ယနေ့ အီရန်နိုင်ငံ အနောက်မြောက်ဘက် ဘီဟစ်စွန်းတောင်ပေါ်တွင်တွေ့ရပြီး ဘီဟစ်စွန်းကျောက်စာဟု ခေါ်သည်။ "အာရိယန်" သည် သက္ကတဘာသာစကား အရိယာ (noble) မြန်မာလို့ မြင့်မြတ်သူ (သို့) ရေမြေ့သခင်မှ ဆင်းသက်လာပြီ ခေတ်သစ် အင်ဒို-အီရန်လူမျိုများ အသုံးပြုကြသည်။[၁] အာရိယန်တို့သည် ကမ္ဘာဦးလူမျိုးကြီးတစ်မျိုး ဖြစ်သည်။ အသားဖြူ၊ အသားဝါ၊ အသား မည်းဟူ၍ ရှိသည့်အနက် အာရိယန်တို့သည် အသာဖြူလူမျိုး တစ်မျိုးဖြစ်သည်။ အခြား အသားဖြူ လူမျိုးကြီး နှစ်မျိုးမှာ ဟမ်းမိုက်လူမျိုးနှင့် ဆီးမိုက်လူမျိုးတို့ ဖြစ်ကြသည်။ အာရိယန်တို့ကို အင်ဒို-ဥရောပလူမျိုး၊ သို့မဟုတ် အင်ဒို-ဂျာမန်လူမျိုးဟုလည်း ခေါ်သည်။ ကမ္ဘာဦး လူမျိုးတို့သည် အာရှတိုက်၌ စတင်ပေါက်ပွားခဲ့ကြသည်သာ ဖြစ်ပေရာ လူဖြူလူမျိုးတို့၏ မူလဌာနေသည်လည်း အာရှတိုက် ဖြစ်ပေသည်။ အာရိယန်တို့ သည် အာရှတိုက်အလယ်ပိုင်း ကက်စပီယံပင်လယ်၏ အရှေ့ဘက် ဟိန္ဒူကတ်ရှတောင်တန်းနှင့် ပါရိုပါမိုင်း ဆတ် တောင်တန်းတို့၏ မြောက်ဘက်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ အာရိယန် လူမျိုးတစ်စုတစ်စုတွင် အကြီးအကဲတစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲ၏ အဆက်အနွယ်များသာလျှင် အကြီးအကဲ၏ ရာထူးကို ဆက်ခံရသည်။ အာရိယန်တို့ ပြောဆို သုံးနှုန်းသော ဘာသာစကားသည် သက္ကတ ဘာသာစကား ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လာသောအခါ လူဦးရေ တိုးပွားလာသဖြင့် အနေအထိုင် ကြပ်တည်း ကျဉ်းမြောင်းလာသည်။ စားနပ်ရိက္ခာရှာဖွေရန် မလွယ်ကူဖြစ်လာသည်။ ထို့ကြောင့် မိမိတို့၏ ဇာတိဌာနေကို စွန့်ခွာ၍ ရေကြည်ရာမျက်နုရာသို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသည်။ ထိုအချိန်၌ အာရိယန်တို့တွင် ကျွဲ၊ နွားများ ရှိပေရာ အိမ်ထောင်ပစ္စည်း များကို လှည်းကြမ်းကြီးများတွင် တင်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကြသည်။ စခန်းချရန် သင့်တင့်လျောက်ပတ်သော အရပ်သို့ရောက်လျှင် သစ်ခက်များကို ကပ်များပြုလုပ်၍ ရွှံ့ဖြင့်မံပြီးလျှင် ယာယီတဲထိုးကာ နေထိုင်ကြသည်။ နွားဖြင့် မြေကိုထွန်ယက်ကာ စားသောက်ရန် ဂျုံများကို ရိတ်သိမ်းပြီးသောအခါ တစ်နေရာသို့ ပြောင်းကြ ပြန်သည်။ ယင်းသို့ ရွှေ့ယင်းပြောင်း ယင်းနှင့်ပင် သံများကို တွေ့ရှိ၍ ပစ္စည်းအသုံးအဆောင် အမျိုးမျိုးပြုလုပ် အသုံးချတတ်လာကြသည်။ မြင်းများကိုလည်း ဖမ်းယူ အသုံးပြုလာလေသည်။ မူလဒေသမှ ရေကြည်ရာမျက်နှုရာသို့ ရွှေ့ကြပြောင်းကြသော အာရိယန်တို့သည် အုပ်စုနှစ်စု ကွဲသွားသည်။ တစ်စုသည် ဥရောပတိုက်ဘက်သို့ ရောက်သွား၍ ကျန်အုပ်စုသည် ယခု ကမ္ဘာ့အလယ်ပိုင်းနိုင်ငံများသို့ ရောက်ကြသည်။ အနောက် ဘက်သို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသော အာရိယန်တို့သည် ဥရောပ တိုက်အတွင်း အရပ်ရပ်သို့ ပျံနှံ့သွားကြသည်။ ပထမအသုတ်သည် ဥရောပတိုက် နေရာဒေသ များစွာတို့၌ လွှမ်းမိုးခဲ့ကြသော ကဲ့လူမျိုးများဖြစ်လာကြသည်။ နောက်ခေတ်များတွင် တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်း လာကြသူများသည် အီတာလျံလူမျိုး၊ ဂရိတ်လူမျိုးနှင့် တျူးတိုးလူမျိုးများ၏ ဘိုးဘေးဘီဘင်များ ဖြစ်ကြသည်။ ကက်စပျန်ပင်လယ်၏ မြောက်ဘက်လမ်းကြောင်းအတိုင်းလိုက်၍ ရွှေ့ပြောင်းလာကြသူများ၏ အဆက်အနွယ်များသည် ယခု ဆလဗ်ဘာသာ စကားပြော လူမျိုးများပေတည်း။ ဘတောင်ဘက်သို့ ရွှေ့ပြောင်းကြသော အာရိယန်တို့သည် အိန္ဒိယကျွန်းဆွယ်အထိ ရောက်သည်။ အချို့သည် ယခု ပါးရှားနိုင်ငံဖြစ်လသည့် ဒေသ၌ အခြေစိုက်ကြရာ ရှေးခေတ်သမိုင်းများ၌ ပါဝင်သော မိဒလူမျိုးနှင့် ပါးရှင်းလူမျိုးတို့သည် ယင်းအာရိယန်တို့မှ ဆင်းသက်ဆက်နွယ်လာသည်၊ အိန္ဒိယ ကျွန်းဆွယ်ဘက်သို့ ရွှေ့ကြ သူများသည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းတို့၌ လွှမ်းမိုးကြီးစိုးခဲ့ကြလေသည်။ အိန္ဒိယကျွန်းဆွယ်ဘက်သို့ ရွှေ့လာကြသူများသည် ဘီစီ ၁၅ဝဝ ခန့်တွင် တောင်ကြားလမ်းများကို ဖြတ်ကျော်လျက် အိန္ဒိယနိုင်ငံအတွင်းသို့ ရောက်မှန်းမသိ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ အိန္ဒုမြစ်ကြီးနှင့် မြစ်ကြီးငါးသွယ်ကို ယင်းတို့တွေ့ရှိကြရသည့်အပြင် တိုင်းရင်းသား ဒြာဗီးဒီးယန်းတို့သည် အခြေတကျ မြို့ပြ တည်ထောင်နေထိုင်ကြသည်ကို တွေ့ကြရသည်။ ထိုအခါ အာရိယန်တို့သည်လည်း ထိုဒေသ၌ လယ်ယာ စိုက်ပျိုး၍ အခြေစိုက်နေထိုင်ကြရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင် ဒြာဗီးဒီးယန်းတို့ကဲ့သို့ မြို့ပြ တည်ထောင်နေလိုကြသည်။ ဒြာဗီးဒီးယန်းတို့ကလည်း အိန္ဒုမြစ်ဝှမ်းသို့ ကျူးကျော်ဝင်ရောက်လာသူများအား မလိုလားကြပေ။ ထိုကြောင့် ဒြာဗီးဒီးယန်းနှင့် အာရိယန်တို့သည် နေရာထိုင်ခင်းအတွက် စစ်ပြိုင်ကြသည်။ ဒြာဗီးဒီးယန်းတို့သည် အာရိယန်တို့ထက် နေထိုင်မှု အဆင့်အတန်း မြင့်သော်ငြားလည်း တိုက်ခိုက်ရေး၌မူ အာရိယန်တို့ကို အရှုံးပေးရသည်။ အာရိယန်တို့သည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းလှုပ်ရှား နေထိုင်ခဲ့ကြသဖြင့် လျင်မြန်ဖြတ်လတ်သည်။ မြင်းနှင့်လှည်းများ ရှိသဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်ကြသည်။ ထိုကြောင့် ဒြာဗီးဒီးယန်းတို့ အရေးနိမ့်ကာ ဂင်္ဂါမြစ်ဝှမ်းသို့ ရွှေ့ပြေင်းကြရာ အာရိယန်တို့ကလည်း ထိုအထိ လိုက်၍ တိုက် ကြပြန်သည်။ ဒြာဗီးဒီးယန်းတို့သည် ဟိမဝန္တာတောင်ခြေရင်းသို့ လည်းကောင်း၊ အိန္ဒိယတောင်ဘက်ပိုင်း ကုန်းပြင်မြင့်ဒေသသို့ လည်းကောင်း ပြေးကြပြန်ပြီးလျှင် မြို့ပြဖြင့်နေခဲ့ကြသော ဘဝမှ ရွာသိမ် ရွာငယ်များဖြင့် နေကြရသောဘဝသို့ ဆင်းသက်သွား ကြရသည်။ အိန္ဒုမြစ်ဝှမ်းမှ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား သော အဟိန္ဒောဇရောနှင့် ဟာရပ္ပမြို့ကြီးတို့သည် အာရိယန်တို့ ဝင်ရောက်လာစဉ်က ပျက်သုဉ်းခဲ့ သည်ဟု အချို့က ယူဆကြ သည်။ အာရိယန်တို့သည် အိန္ဒုမြစ်နှင့် ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ဖြစ်သော ဟိန္ဒူစတန်လွင်ပြင်ကြီးတွင် မြို့ပြ တည်ထောင်နေထိုင်ကြသည်။ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြ သည်။ လက်ရဖမ်းမိသော ဒြာဗီးဒီးယန်းများကို ကျွန်ပြုကြ သည်။ အာရိယန်တို့သည် အိန္ဒိယမြောက်ပိုင်း တစ်ခွင် တစ်ပြင် တွင် အုပ်စိုးလွှမ်းမိုးကာ အိန္ဒိယခေတ်သစ်ကို ထူထောင်ကြ လေသည်။
သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လေသော် အလုပ်အကိုင် အမျိုးအမည်တို့လည်း တိုးပွားလာ၍ အလုပ်အကိုင်ကိုလိုက်၍ ဇာတ် အမျိုးမျိုး ကွဲပြားလာကာ ဇာတ်နိမ့်၊ ဇာတ်မြင့် စသည်ဖြင့် လူတန်းစားခွဲခြားခြင်းများလည်း ရှိလာခဲ့လေသည်။
( သက္ကတနှင့် ပါဠိဘာသာ။) အာရိယန်ဟူသောအမည်ကို အိန္ဒိယကျွန်းဆွယ်သို့ ရောက်သူ များက ခံယူခဲ့ကြသည်။ သက္ကတဘာသာ စကားဖြင့် အာရိယန် ၏ အဓိပ္ပာယ်သည် မြင့်မြတ်သောဟူ၍လည်းကောင်း၊ ကောင်းမြတ်သောဟူ၍ လည်းကောင်း ရေမြေ့သခင် ဟူ၍လည်းကောင်း အဓိပ္ပာယ်ရပေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ဂျာမနီနိုင်ငံ၏ အာဏာရှင် အဲဒေါ့ ဟစ်တလာက ဂျာမန်လူမျိုးများသည် မြင့်မြတ်သော အာရိယန်လူမျိုးများ၏ အဆက်အနွယ်များဟုဆိုလျက် ဂျာမန် တစ်မျိုးသားလုံးကို စည်းရုံးပြီးလျှင် အာရိယန် အဆက်အနွယ် မဟုတ်သော ယဟူဒီလူမျိုးများကို တိုက်ခိုက် သုတ်သင်ခဲ့သည်။ စင်စစ် ဥရောပတိုက်သားများအနက် ဂျာမန် တစ်ဦးတည်းသာ လျှင် အာရိယန်တို့၏ အဆက်အနွယ်များမဟုတ်ဘဲ အခြား ဥရောပလူမျိုးများလည်း ရှိသေးကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့ ပြီးလေပြီ။ ရှေးဟိန္ဒူတို့၏ ဗြာဟ္မဏကျမ်းများတွင်လည်း ဟိန္ဒူ တို့က မိမိတို့သည် အရိယာ၊ သို့မဟုတ် မြင့်မြတ်သော အမျိုး အနွယ်များဟူ၍ သုံးနှုန်းဖော်ပြထားလေသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia