အာရုံကြောစနစ်
![]() အာရုံကြောစနစ် (အင်္ဂလိပ်: Nervous System) သည် သတ္တဝါတို့တွင် အလွန်ရှုပ်ထွေးလှသော အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်ပိုင်းများသို့ အချက်အလက်များပေးပို့ခြင်း ၊ ၎င်းတို့မှ တဖန် အချက်အလက်များ လက်ခံရယူခြင်းဖြင့် သတ္တဝါတို့၏ လှုပ်ရှားမှုနှင့် အာရုံခံစားမှုကို ထိန်းညှိပေးသည်။ အာရုံကြောစနစ်သည် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိသော ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို သိရှိပြီး ဟော်မုန်းစနစ်နှင့် တွဲဖက်လုပ်ဆောင်၍ ၎င်းအပြောင်းအလဲများကို တုံ့ပြန်စေသည်။[၁] တည်ဆောက်ပုံအာရုံကြောစနစ်(နားဘတ်စ်)ဆိုသည့် အမည်သည် နဗ့်ဟူသော ဦးနှောက်နှင့် ကျောရိုးနဗ်ကြောစည်းတို့မှ ထွက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဖြန့်ကျက်ဆက်စပ်ထားသည့် ဆလင်ဒါပုံ အာရုံကြောမျှင်တန်းများမှ လာသည်။[၂]ရှေး အီဂျစ်၊ဂရိ နှင့် ရောမခေတ်တို့တွင် နဗ့်ကြောများကိုသတိထားမိသော်လည်း[၃] အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံကိုမူ အဏုကြည့်ကိရိယာသုံးလို့ မလေ့လာနိုင်သေးခင်အထိ နားမလည်ခဲ့ကြပေ။[၄] ဆဲလ်အာရုံကြောစနစ်တွင် အာရုံကြောဆဲလ်(neuron) နှင့် ကွန်ယက်ဆဲလ်(glial cell)ဟူ၍ ဆဲလ်နှစ်မျိုးပါဝင်သည်။ အာရုံကြောဆဲလ်အာရုံကြောစနစ်သည် ထူးခြားသောဆဲလ်တစ်မျိုးဖြစ်သော အာရုံကြောဆဲလ်(Neuron)တည်ရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည်။[၅]အာရုံကြောဆဲလ်သည် အခြားသောဆဲလ်များနှင့် ကွာခြားမှုတော်တော်များများရှိသော်လည်း ၎င်းတို့၏ အခြေခံကျသော လုပ်ဆောင်ချက်မှာ နဗ်ကြောစုံ(synapse)မှတစ်ဆင့် အခြားဆဲလ်များနှင့် ဆက်သွယ်ခြင်းဖြစ်သည်။ နဗ်ကြောစုံဆိုသည်မှာ အချက်ပေးမှုများ လျင်မြင်စွာဖြတ်သန်းသွားနိုင်သည့် မော်လီကျူးဆိုင်ရာလုပ်ဆောင်ချက်ပါဝင်သည့် ဆဲလ်အမြှေးပါးနှစ်ခုဆုံမှတ်ဖြစ်သည်။[၆]အာရုံကြောဆဲလ်အများစုတွင် နဗ်ကြောဝင်ရိုး(axon)တစ်ခုစီပါရှိသည်။ နဗ်ကြောဝင်ရိုးသည် အာရုံကြောဆဲလ်နှင့် ဝေးကွာသော ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို ရောက်နိုင်ကာ ထောင်ပေါင်းများစွာသော နဗ်ကြောစုံဆိုင်ရာ ထိတွေ့မှုများ ပြုလုပ်နိုင်သော ဆဲလ်လက်တံတစ်ခုဖြစ်သည်။[၇]နဗ်ကြောဝင်ရိုးသည် နဗ်ကြောအစည်းအနှောင်များအကြားမှ ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်ရှိနိုင်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia