အာဟာရချို့တဲ့ခြင်း![]() အာဟာရချို့တဲ့ခြင်းဆိုသည်မှာ အာဟာရဓာတ်များ မလုံလောက်ခြင်း ၊ ပိုနေခြင်း သို့မဟုတ် မညီမမျှ စားသုံးခြင်းတို့ဖြစ်သည်။ အစားအစာထဲတွင် အာဟာရဓာတ်နည်းနေသလား။ များနေသလား၊ အပေါ်မူ တည်ပြီး ကွဲပြားခြားနားသည့် အာဟာရဓာတ်အစီအစဉ် မကျနမှုများဖြစ်ပေါ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှ အာဟာရချို့တဲ့ခြင်း ကို ကမ္ဘာသူ ကမ္ဘာသားများ၏ ကျန်းမာရေးအတွက် တစ်ခုတည်းသော စိုးရိမ်စရာအကောင်းဆုံး ခြိမ်းခြောက်မှုအဖြစ် ကိုးကားညွှန်းဆိုသည်။ အာဟာရဓာတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် အထိ ရောက်ဆုံးသော ကူညီထောက်ပံ့မှုအဖြစ် ကျယ်ပြန့်စွာသိရှိနားလည်ထားသည်။ အရေးပေါ်ဆောင်ရွက်ချက်များတွင် လိုအပ်နေသည့် အာဟာရဓာတ်များကို မြေပဲထောပတ်ကဲ့သို့ အားဖြည့်အာဟာရမှုန့်အထုတ်ငယ်များ ထောက်ပံ့ခြင်း၊ သို့မဟုတ် ဖြည့်စွက်စာများ ကို တိုက်ရိုက်ထောက်ပံ့ခြင်းတို့ ပါဝင်သည်။ အကူအညီပေးရေး အုပ်စုများမှ တိုးတက်သုံးစွဲလာသည့် ငတ်မွတ်ခေါင်းမှု ကယ်ဆယ်ရေး ပုံစံမှာ ကူညီပေးကမ်းသည့် နိုင်ငံများမှ စားနပ်ရိက္ခာများ ဝယ်ယူနေမည့်အစား၊ ငတ်မွတ်နေသူများသို့ ငွေပေးခြင်း၊ သို့မဟုတ် ငွေစက္ကူ ဘောက်ချာများ ပေးခြင်းဖြင့် ဒေသတွင်နေထိုင်သည့် လယ်သမားများထံမှ ဝယ်ယူနိုင်သည့် ပုံစံဖြစ်သည်။ ကူညီပေးကမ်းသည့် နိုင်ငံများမှရိက္ခာဝယ်ယူခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်များတွင် ငွေဖြုန်းတီးရာ ကျပြီး ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် တစ်ခါတစ်ရံ ဥပဒေချမှတ်ပေးရန် လိုအပ်ပါသည်။ ရေရှည်ဆောင်ရွက်ချက်များတွင် ဓာတ်မြေဩဇာများနှင့် ရေသွင်းစိုက်ပျိုးခြင်းကဲ့သို့သော ခေတ်မီ စိုက်ပျိုးရေးအတွက် လိုအပ်နေသည့်ရာများတွင် ရင်းနှီးမြှပ်နှံမှုများပါဝင်သည်။ ၎င်းဆောင်ရွက်ချက်များသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အစာရေစာငတ်မွတ်မှု အပြီးသတ်ဖယ်ရှားပြီး ဖြစ်သည်။ သို့သော်ငြားလည်း ကမ္ဘာ့ဘဏ်၏ ကန့်သတ်ချက်များမှာ အစိုးရမှလယ်သများသို့ အမတော်ကြေးများ မထောက်ပံ့ရန် တားမြစ် ထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အချို့ကလည်း ဓာတ်မြေဩဇာများ တွင်တွင်ကျယ်ကျယ်သုံးခြင်းကို ဟန့်တားလျက်ရှိသည်။ ဖြစ်ရခြင်းအကြောင်းများပဋိပက္ခများနှင့် ရောဂါပဋိပက္ခများနှင့် စစ်ပွဲသည် လယ်ယာလုပ်သားလျော့နည်းမှုကို ဖြစ်စေသည် သို့မဟုတ် လယ်လုပ်စရာမြေမရှိသည့် နယ်စပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ရသော ခိုးကိုးရာမဲ့များ သို့မဟုတ် ဒုက္ခသည်များ ဖြစ်စေသည်။ အာဟာရချို့တဲ့ခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ သို့မဟုတ် နာတာရှည်မကျန်းမာခြင်း၊ အထူးသဖြင့် HIV/AIDS ရောဂါ ကျယ်ပြန့်စွာကူးစက် ပြန့်ပွားလာခြင်း ကဲ့သို့သော နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ဆင်းရဲခြင်းနှင့် စားနပ်ရိက္ခာဈေးနှုန်းများစားနပ်ရိက္ခာများပြားစွာ ပြတ်လပ်ခြင်းသည် နည်းပညာချို့တဲ့သည့်နိုင်ငံများတွင် အာဟာရချို့တဲ့ စေသည့် အကြောင်း အရာ တစ်ရပ်အဖြစ် ပါဝင်နေသည်။ FAO (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) မှ ခန့်မှန်းသည် မှာ ရှစ်ဆယ်ရာခိုင်နှုန်းသော အာဟာရမပြည့်ဝသည့် ကလေးသူငယ်များသည် စားနပ်ရိက္ခာပိုလျှံစွာ ထုတ်လုပ် သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။ စီးပွားရေးပညာရှင် အမတ်ရဆန် (Amartya Sen) က မကြာသေးမီ ဆယ်စုနှစ်အများအတွင်းက ကမ္ဘာ့ပေါ်ရှိ လူသား အားလုံးကို ကျွေးနိုင်ရန် စားနပ်ရိက္ခာမှာ လုံလောက်မှုရှိသောကြောင့် စားနပ်ရိက္ခာ ခေါင်းပါးမှုတွင် ရိက္ခာ ဖြန့်ဖြူးမှု ပြဿနာသည် အမြဲတမ်းရှိနေသည်/သို့မဟုတ် ဆင်းရဲမှုကြောင့်ဖြစ်သည် ဟုလေ့လာတွေ့ရှိထားသည်။ သူကပြောဆိုထားသည်မှာ အာဟာရချို့တဲ့ မှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့သည် စားနပ်ရိက္ခာဖြန့်ဖြူးမှုပြဿနာနှင့် ဝယ်လိုအားတို့နှင့် ပိုပြီးဆက်နွယ်နေသည်။ ယင်းအချက်သည် စားသောက်ကုန်ဈေးကစားသူများကြောင့် ဈေးနှုန်းများမြင့်တက်လာသည်ကို ညွှန်းဆိုသည်။ အမေရိကန်နိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းများ ကျဆုံးပြိုလဲခဲ့ပြီးနောက် သန်းပေါင်းများစွာ သော ဒေါ်လာငွေများသည် အစားအစာနှင့် အဓိက လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်းရင်းနှီးခဲ့ကြသည့် အတွက် 2007-2008 စားသောက်ကုန်ဈေးနှုန်း ပြဿနာ ဖြစ်ရသည်ဟု ပြောဆိုခဲ့သည်။ သုံးစွဲနေကျ လောင်စာများနေရာတွင် ဇီဝလောင်စာများ အစားထိုး သုံးစွဲလာသည့် အတွက်ကြောင့် အာဟာရဓာတ်အတွက် အစားအစာ ထောက်ပံ့မှု လျောနည်းလာပြီး စားသောက်ကုန်ဈေးနှုန်းများကို တက်လာစေသည်။ ကုလသမဂ္ဂအဖွဲ့၏ စားနပ်ရိက္ခာ အခွင့်အရေးအတွက် အထူးသတင်းထောက်ဖြစ်သူ ဂျင်းဇီးဂလာ (Jean Ziegler) အဆိုပြုထားသည်မှာ သီးနှံများထက် ပြောင်းဖူးရိုး ၊ ငှက်ပျောရွက်စသည့် လယ်ယာစွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ် သုံးစွဲနိုင်သည်။ စားသောက်ပုံ အလေ့အကျင့်များမိခင်နို့မတိုက်ကျွေးခြင်းသည် မွေးကင်းစနှင့် ကလေးသူငယ်များကို အာဟာရချို့တဲ့ခြင်းသို့ ရောက် သွားနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိခင်နို့ မတိုက်ကျွေးရခြင်း၏ ဖြစ်နိုင်သည့် အကြောင်းပြချက်များမှာ မိသားစု အများစုသည် နို့ဘူးတိုက်ခြင်းကို ကောင်းသည်ဟု ထင်နေကြခြင်းပင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောသည်မှာ မိခင်များ မိခင်နို့တိုက်ကျွေးခြင်းကို ပစ်ပယ်ထားရသည့် အကြောင်းမှာ မိခင်များသည် ကလေးများကို မည်သို့ ကျွေးမွေးသုတ်သင်ရမည်ကို ကောင်းစွာ နားမလည်၍ ဖြစ်သည်။ သို့မဟုတ် နို့တိုက်ရာ တွင် နာကျင်ခြင်းနှင့် သက်တောင့်သက်သာ မရှိခြင်းတို့ကြောင့်ဖြစ်သည်။ ပြောင်းဆိုလည်း ပြောင်းတစ်မျိုးတည်း သို့မဟုတ် ဆန်ဆိုလည်း ဆန်တမျိုးတည်းကဲ့သို့ အစာတစ်မျိုးတည်းကို ကြာရှည်စားသောက်ခြင်း သည် အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်သည်။ ဤသို့ဖြစ်ရသည်မှာ အာဟာရနှင့် ပတ်သက်၍ အသိပညာနည်းပါးခြင်းကြောင့်သော်လည်းကောင်း ၊ သို့မဟုတ် စားစရာ ဒီတစ်မျိုးတည်းဘဲရှိနေလို့သော် လည်းကောင်းဖြစ်သည်။ လူအများစုသည် အာဟာရချို့တဲ့မှုကို အစာငတ်မွတ်မှုတစ်ခုတည်းကြောင့်ဟု ထင်မြင်နေကြ သော်လည်း အစားအသောက် လွန်ကဲစွာစားခြင်းသည်လည်း ထိုနည်းတူစွာ အာဟာရချို့တဲ့ခြင်း အကြောင်းတစ်ကြောင်း အဖြစ်ပါနေသည်။ ကမ္ဘာကြီး၏နေရာ တော်တော်များများတွင် အာဟာရဓာတ်မပါသည့် အစားအစာတွေကလည်း ပိုလျှံစွာရရှိနေသည့်အပြင် ထိုင်ပြီးလုပ်ရသည့် အလုပ်တွေများပြားလာသည်။ ၎င်းသည် တစ်ကမ္ဘာလုံးတွင် အဝလွန်ရောဂါပြန့်ပွားမှုကို ဖြစ်ပေါ်စေသည်။ ယေးတက္ကသိုလ်မှ စိတ် ပညာရှင် ကယ်လီဘရောင်းနယ် (Kelly Brownell) သည် အဆီနှင့်သကြားများပြွတ်သိပ်ပါသည့် အစား အသောက်များ က ကျန်းမာစေပြီး အာဟာရဓာတ် ပြည့်ဝသည့် အစားအစာများကို ကျော်လွန်၍နေရာယူထားသည်ကို “အဆိပ်သင့်အစားအစာ ပတ်ဝန်းကျင် ” ဟု ခေါ်ဆိုထားသည်။ အဝလွန်ခြင်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာတွေ့ရသည်မဟုတ်ဘဲ ဖွံဖြိုးဆဲနိုင်ငံများရှိ ဝင်ငွေကောင်း သူတို့တွင်လည်း တွေ့ရသည်။ လယ်ယာကုန်ထုတ်စွမ်းအားစားနပ်ရိက္ခာပြတ်လပ်ရခြင်းသည် သီးထပ်သီးညှပ်ကဲ့သို့သော စိုက်ပျိုးရေးကျွမ်းကျင်မှု နည်းပါးနေ၍ သော်လည်းကောင်း သို့မဟုတ် နည်းပညာမရှိ၍ သော်လည်းကောင်း သို့မဟုတ် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရေသွင်းစိုက်ပျိုးခြင်း တို့ကဲ့သို့သော အရင်းအမြစ်များ လျော့နည်း၍သော်လည်းကောင်း ဖြစ်ရသည်။ ဆင်းရဲမှု ပြန့်နှံ့ရခြင်း၏ ရလဒ်သည် လယ်သမားများ ၏ ကြိုးစားအားထုတ်မှုမရှိခြင်း ၊ သို့မဟုတ် အစိုးရမှ နည်းပညာမပံ့ပိုးခြင်းတို့ဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် ချမ်းသာသည့် အလှူရှင်နိုင်ငံများသည် အကူအညီအထောက်အပံ့ ပေါ်မှီခိုနေသည့် နိုင်ငံများအား ဓာတ်မြေဩဇာကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာပစ္စည်းများ အတွက် အမတော်ကြေးများကို ဖြတ် တောက်ရန် ဖိအားပေးလျက်ရှိသည်။ ဈေးကွက်ဖွင့်ပေးသည့် အမေရိကန်နှင့် ဥရောပ နိုင်ငံများပင်လျှင် သူတို့ ၏ တောင်သူလယ်သမားများအား မြောက်မြားစွာသော အမတော်ကြေး/အထောက်အပံ့များ ပေးလျက်ရှိသည်။ အားလုံးမဟုတ်သော်လည်း လယ်သမားအများစုသည် ဓာတ်မြေဩဇာဖိုး မတက်နိုင်သည့်အတွက် လယ်ယာထွက်ကုန်လျော့ကျလာပြီး စားနပ်ရိက္ခာဈေးနှုန်းများ တက်လာရသည်။ ဓာတ်မြေဩဇာ မရရှိသည့်အကြောင်းအရာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်ကို အခြေခံလျက် ဓာတ်မြေဩဇာထောက်ပံ့ ရေးကို ပိတ်ပင်ထားခြင်းဖြစ်သည်။ မြစိမ်းရောင် တော်လှန်ရေး စတင်သူ နော်မန်ဘိုရစ် (Norman Borlaug)၏ အာဖရိကကို ကျွေးမွေးရန် အခက်အခဲဆိုသည့် စာအုပ်ကို ကိုးကားထားသည်။ ဖျားနာခြင်းအာဟာရချို့တဲ့ခြင်းသည် ရောဂါနှင့် ရောဂါကူးစက်ခံရမှုအခြေအနေများကို တိုးတက်ဖြစ်ပေါ်စေ သည်။ ဥပမာအားဖြင့် တီဘီရောဂါရရှိရန် အဓိကအချက်တစ်ခုဖြစ်သည်။ ရေကောင်းရေသန့်မရရှိ သည့် နေရာ သို့မဟုတ် လူအစုအဖွဲ့တွင် နောက်ထပ်ကြီးမားသည့် ကျန်းမာရေးအတွက်စိုးရိမ်ရသော ပြဿနာတစ်ခုဖြစ် သည်။ အားအင်ကုန်ခမ်းနည်းပါးလာခြင်း နှင့် ဦးနှောက်၏ စွမ်းဆောင်မှု ချို့ယွင်းလာခြင်းသည် အာဟာရချို့တဲ့ခြင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်နေကြောင်းကို ဖော်ပြပြီး ၎င်းအာဟာရချို့တဲ့ရခြင်း၏ သားကောင်များသည်အစားအစာ ရရှိရန်၊ ဝင်ငွေရရှိရန်၊ ပညာသင်ကြားရန်တို့ အတွက် အလုပ်ကောင်းစွာ မလုပ်နိုင်တော့ပါ။
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia