အားကောင်းစွာ အချင်းချင်းသက်ရောက်မှု
![]() အားကောင်းစွာ အချင်းချင်းသက်ရောက်မှု ဆိုသည်မှာ အမှုန်ရူပဗေဒတွင် နယူးကလိယားအားပြင်း အတွက် တာဝန်ရှိသောယန္တရားဖြစ်ပြီး လျှပ်စစ်သံလိုက်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုနှင့် ဒြပ်ဆွဲငင်အားတို့နှင့်အတူ အခြေခံ အချင်းချင်းသက်ရောက်မှုများ ၄ ခုထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ၁၀−၁၅ မီတာ အတိုင်းအတာ၌ အားပြင်း (strong force) သည် လျှပ်စစ်သံလိုက်ထက် အဆပေါင်း ၁၃၇ နီးပါးခန့်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုထက် အဆပေါင်း တစ်သိန်း၊ ဒြပ်ဆွဲငင်အားထက် အဆပေါင်း ၁၀၃၈ ပိုမိုများပြားသည်။[၁] နယူးကလိယားအားပြင်းသည် သာမန်ဒြပ်ဝတ္ထုနီးပါးတိုင်းကို စွဲမြဲစေသည်။ အကြောင်းမှာ ယင်းသည် ပရိုတွန်၊ နယူထရွန်ကဲ့သို့သောအမှုန်များကို ကွာ့ (quark) မှ ဟဒရွန် (hadron) သို့ ဖြစ်စေသောကြောင့်ဖြစ်သည်။ ထို့အပြင် အားပြင်းသည် နယူထရွန်နှင့် ပရိုတွန်များကို အက်တော့မစ် နယူးကလိယပ်များအဖြစ်သို့ ပေါင်းစပ်ခိုင်မြဲစေသည်။ အားပြင်းသော အချင်းချင်းသက်ရောက်မှုကို ကြားခံအားနှစ်ခုဖြင့် အတိုင်းအတာနှစ်ခုထိ လေ့လာနိုင်သည်။ ပိုကြီးသောအတိုင်းအတာတွင် (၁ မှ ၃ ဖန်တိုမီတာ) အက်တမ်တစ်ခု၏ ဝတ်ဆံ နယူးကလိယပ်ကို ခိုင်မြဲစေသည့် ပရိုတွန်နှင့် နယူထရွန်အား မီဆွန် (meson) ဟုခေါ်သည့်အားက သယ်ဆောင်သည်။ ပိုသေးငယ်သောအတိုင်းအတာ၌ (၀.၈ ဖန်တိုမီတာ) ပရိုတွန်၊ နယူထရွန်နှင့် အခြားဟဒရွန်အမှုန်များကို ခိုင်မြဲစေသည့် ကွာ့ခ်အား ဂလူယွန် (gluon) က သယ်ဆောင်ပေးသည်။[၂] ယင်းအား တခါတရံတွင် အရောင်အား (colour force) ဟုလည်း သိထားသည်။
ကိုးကား
ထပ်မံဖတ်ရန်
|
Portal di Ensiklopedia Dunia