အိပ်နင်းစက်ဘီးအိပ်နင်းစက်ဘီး(Recumbent bicycle)သည် စီးနင်းသူအား လဲလျောင်းနေသော အနေအထားဖြင့် သက်သောင့်သက်သာ စီးနိုင်ရန်တီထွင်ထားသော စက်ဘီးဖြစ်သည်။ ၎င်းကို စီးသူအများစုမှာ စီးနင်းသူ၏အလေးချိန်ကို နောက်ကျောနှင့် တင်ပါးဖြင့် ပံ့ပိုးထားသည့် ပိုကြီးသောဧရိယာတစ်ခုပေါ်တွင် ဖြန့်ကြက်ထားခြင်းဖြင့် သက်သောင့်သက်သာ ဖြစ်စေသော အကြောင်းပြချက်ဖြင့် ဤစက်ဘီးအမျိုးအစားကို ရွေးချယ်ခြင်း ဖြစ်သည်။ ရိုးရိုး မတ်မတ်ထိုင်စက်ဘီးတွင် ခန္ဓာကိုယ်အလေးချိန်သည် ထိုင်ရိုးများ (sitting bones)၏ တစိတ်တပိုင်း၊ ခြေဖဝါးများနှင့် လက်များ၏ အပေါ်တွင် လုံးလုံးလျားလျားတည်နေပါသည်။ အိပ်နင်းစက်ဘီးအများစုသည် စီးနင်းသူ၏ လဲလျောင်းနေသော ကိုယ်ထည်နှင့် ရှေ့သို့ လှဲထားသော ခြေထောက်များ အနေအထား ကြောင့် ပိုမိုသေးငယ်သော ရှေ့မျက်နှာစာရှိခြင်းအားဖြင့် လေခွင်းအား ပိုကောင်းစေသည်။ စက်ဘီးတစ်စီးအတွက် ကမ္ဘာ့အမြန်နှုန်း စံချိန်ကို အိပ်နင်းစက်ဘီးမှ တင်ထားခဲ့သည်။[၁] ၎င်းတို့ကို ယူစီအိုင် (Union Cycliste Internationale)အောက်မှ ကျင်းပသော စက်ဘီးပြိုင်ပွဲများ၌ ၁၉၃၄-ခုနှစ်တွင် ပါဝင်ခွင့်မပြုပဲ တားမြစ်ထားသဖြင့်၊[၂] ယခုအခါတွင် ၎င်းတို့သည် ကမ္ဘာ့ လူသားစွမ်းအားသုံး ယာဉ်အသင်း (WHPVA) နှင့် အပြည်ပြည်ဆိုင်ရာ လူသားစွမ်းအားသုံး ယာဉ်အသင်း (IHPVA)တို့၏ ဆိုင်းဘုတ်အောက်မှနေ၍ ယှဉ်ပြိုင်ကြသည်။ အိပ်နင်းစက်ဘီးများကို ပုံစံအမျိုးစားစုံလင်စွာ တွေ့နိုင်သည်။ ဝင်ရိုးကြားအကွာအဝေး(wheelbase) အရှည်ဖြစ်စေ၊ အတိုဖြစ်စေ တွေ့နိုင်သည်။ ဘီးအရွယ်အစား အကြီးဖြစ်စေ၊ အသေးဖြစ်စေ၊ အကြီးအသေးရော၍ဖြစ်စေ တွေ့နိုင်သည်။ စတီယာရင်ကို ခုံအောက်(underseat)ဖြစ်စေ၊ ခုံပေါ်(overseat)ဖြစ်စေ၊ လက်ကိုင်စရာမလိုပဲ(no-hands)ဖြစ်စေ တွေ့နိုင်သည်။ မောင်းနင်ရာတွင်လည်း နောက်ဘီးယက်ဖြစ်စေ၊ ရှေ့ဘီးယက်ဖြစ်စေ တွေ့နိုင်သည်။ သုံးဘီးပါသော အိပ်နင်းစက်ဘီးကိုလည်း တွေ့နိုင်သည်။ ပုံပြခန်း
ကိုးကား
|
Portal di Ensiklopedia Dunia