အိမ်စာ (ငှက်)
'အိမ်စာ (အင်္ဂလိပ်: House sparrow) (Passer domesticus) သည် စာကလေးမျိုးနွယ် ငှက်တစ်မျိုးဖြစ်ပြီး ကမ္ဘာအနှံ့တွေ့ရှိနိုင်သည်။ အလျား ၁၆ cm (၆.၃ in) ခန်ရှိပြီး ထုထည် ၂၄–၃၉.၅ g (၀.၈၅–၁.၃၉ oz) ခန့်ရှိကြသည်။ အမနှင့် ငှက်ပေါက်စများမှာ အညိုနှင့်မီးခိုးဖျော့ရောင်ရှိကြပြီး အထီးများမှာ မည်းနက်၊ ညိုသော အကွက်များ ရှိကြသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia