အိုရိုင်ယွန် နက်ဗျူလာကိုဩဒိနိတ်:
အိုရိုင်ယွန် နက်ဗျူလာ (Messier 42, M42, သို့မဟုတ် NGC 1976 ဟုလည်းသိထား) သည် နဂါးငွေ့တန်းထဲမှ အိုရိုင်ယွန် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကောင်းကင်တွင် အတောက်ပဆုံး နက်ဗျူလာဖြစ်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သည်။ M42 သည် ကမ္ဘာမြေမှ ကြယ်တာရာများ အစုလိုက်အပြုံလိုက် မွေးဖွားရာနယ်မြေနှင့် အနီးဆုံးဆီသို့ ၁,၃၄၄ ± ၂၀ အလင်းနှစ် ကွာဝေးသည်။[၃][၆] M42 သည် အလင်းနှစ် ၂၄ အကွာထိ လွှမ်းခြုံထားသည်ဟု ခန့်မှန်းထားသည်။ ယင်းသည် နေထုထည်ထက် အဆပေါင်း ၂ဝဝဝ ပိုများသည်။ ရှေးစာပေများတွင် အိုရိုင်ယွန် နက်ဗျူလာအား ကြီးကျယ်သော နက်ဗျူလာ ဟု မကြာခဏ ရည်ညွန်းလေ့ရှိကြသည်။[၇] အိုရိုင်ယွန် နက်ဗျူလာသည် ညဘက်ကောင်းကင်တွင် ဆန်းကြယ်သည့် ဓာတ်ပုံများကို ပေးစွမ်းနိုင်သော အရာဝတ္ထုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။[၈] ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ![]() နက်ဗျူလာအား အလင်းအနှောက်အယှက်အချို့ရှိလျင်တောင် သာမန်မျက်စိဖြင့် မြင်နိုင်သည်။ တယ်လီစကုပ်အသေးစားဖြင့်ဆိုပါက နက်ဗျူလာအား သိသာစွာမြင်နိုင်သည်။ အိုရိုင်ယွန် နက်ဗျူလာတွင် နုပျိုသော open cluster ပါဝင်ပြီး Trapezium ဟုသိထားသည်။ Trapezium သည်လည်း ပိုမိုကြီးမားသော Orion Nebula Cluster ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ကြယ်တာရာပေါင်း ၂၈ဝဝ ခန့်နှင့် အချင်းအားဖြင့် အလင်းနှစ် ၂ဝ ခန့် လွှမ်းခြုံထားသည်။[၉] ဆင့်ကဲ့ပြောင်းလဲမှုမိမိတို့ ယနေ့တွေ့ရသည့် အိုရိုင်ယွန် နက်ဗျူလာထဲမှ အတောက်ပဆုံးနှင့် အနုပျိုဆုံးကြယ်များသည် သက်တမ်းအားဖြင့် နှစ် ၃ဝ,ဝဝဝဝ ထက်မပိုပေ။ [၁၀] အတောက်ပဆုံးကြယ်များသည် နှစ် ၁ဝ,ဝဝဝ ဝန်းကျင်တွင် ရှိနိုင်သည်။ ပြခန်း
ကျမ်းကိုး
ပြင်ပလင့်
|
Portal di Ensiklopedia Dunia