အိုအက်စ်ပီအက်ဖ်

အတိုဆုံးလမ်းကြောင်း အရင်ဖွင့် (အင်္ဂလိပ်: Open Shortest Path First) သို့မဟုတ် အိုအက်စ်ပီအက်ဖ် (အင်္ဂလိပ်: OSPF) ဆိုသည်မှာ ပတ်ဝန်းကျင် ကွန်ယက်အနေအထားပေါ်တွင် မူတည်၍ ပြောင်းလဲနိုင်သော အိုင်ပီ ကွန်ယက်များတွင် သုံးသည့် ရောက်တင်း ပရိုတိုကောလ် တစ်ခုဖြစ်သည်။ ထိုပရိုတိုကောလ်သည် ချိတ်ဆက်မှု အခြေအနေ အယ်လ်ဂေါ်ရစ်သမ် (link state routing algorithm) ကို အသုံးပြုပြီး အတွင်းပိုင်း ရောက်တင်းပရိုတိုကောလ် အုပ်စု (interior routing protocols) တွင် ပါဝင်သည်။ ပုံမှန်အားဖြင့် အလိုအလျောက် အလုပ်လုပ်သော ကွန်ယက် စနစ် (autonomous system) တစ်ခု အတွင်းတွင်သာ အလုပ်လုပ်လေ့ ရှိသည်။ အိုင်ပီဗွီဖိုး (IPv4) အတွက် အိုအက်စ်ပီအက်ဖ် ဗားရှင်း ၂ကို RFC 2328 တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အိုင်ပီဗွီဆစ် (IPv6 ) နှင့် ပတ်သက်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားသည့် အိုအက်စ်ပီအက်ဖ် ဗားရှင်း ၃ကို RFC 5340 တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အိုအက်စ်ပီအက်ဖ်မှာ အင်တာပရိုက်စ် ကွန်ယက်များတွင် အများဆုံး အသုံးပြုသည့် အတွင်းပိုင်း ဂိတ်ဝေး ပရိုတိုကောလ်တစ်ခု ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှု ပေးသည့် ကွန်ယက်များတွင်မူ အခြား ချိန်ဆက်မှု အခြေအနေ ပရိုတိုကောလ်တစ်ခု ဖြစ်သည့် IS-IS ကို သုံးလေ့ ရှိကြသည်။ အပြင်ပိုင်း ဂိတ်ဝေး ပရိုတိုကောလ်များတွင် အများဆုံး အသုံးပြုလေ့ ရှိကြသည်မှာ ဘော်ဒါ ဂိတ်ဝေး ပရိုတိုကောလ် သို့မဟုတ် ဘီဂျီပီ (BGP) ဖြစ်ပြီး အင်တာနက်နှင့် အလိုအလျောက်အလုပ်လုပ်သော ကွန်ယက်စနစ် ကြားတွင် အသုံးအများဆုံးသော ပရိုတိုကောလ် တစ်ခု ဖြစ်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya