အီကွေတာဂီနီနိုင်ငံ
အီကွေတာဂီနီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် အီကွေတာ ဂီနီ သမ္မတနိုင်ငံ) သည် အာဖရိကအလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၂၈,၀၀၀ စတုရန်းကီလိုမီတာ (၁၁,၀၀၀ စတုရန်းမိုင်) ရှိသဖြင့် အာဖရိကတိုက်ရှိ အသေးဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ကြွယ်ဝချမ်းသာမှုသည် လူ့အဖွဲ့အစည်း၏ တစိတ်တစ်ပိုင်း အတွင်းတွင်သာရှိပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့မှာ ကုလသမဂ္ဂ၏ ဆင်းရဲခြင်း သတ်မှတ်ချက် တစ်ရက်လျှင် ၂ ဒေါ်လာ အောက် ဝင်ငွေဖြင့် နေထိုင်နေကြသည်။ လူဦးရေ ၆၅၀,၇၀၂ ရှိသည်။ အာဖရိကတိုက်၌တည်ရှိသော မြောက်ဘက်တွင်ကင်မရွန်းနိုင်ငံ နှင့်တောင်ဘက်တွင် ဂါဘွန်နိုင်ငံတို့တည် ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁ဝ၈၃၂ စတုရန်းမိုင်ပေါင်းရှိပြီး ၁၉၇၅ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၁ဝဝဝဝ ရှိသည်။ မြို့တော်မှာမာလာဘိုမြို့ ဖြစ်လေသည်။ နိုင်ငံ၏လူဦးရေအများစုမှာ ဗရင်ဂျီဘာသာဝင်များဖြစ်ကြသည်။ စပိန်ဘာသာကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထားသော်လည်းလူအများစုက အာဖရိကဘာသာစကားကိုသုံးစွဲကြသည်။ အဓိကပြင်ပတင်ပို့ကုန်များမှာ ကိုကိုးနှင့် အထပ်သားအတွက်သစ်များ ဖြစ်သည်။ ၁၉၆၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စပိန်လက်အောက်မှ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးကိုရရှိသည်။ ၁၉၆ဝ ပြည့်နှစ်မှစ၍ ဒေသအလိုက် ရွေးကောက်ပွဲများကို ပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကိုတစ်ဆင့်ပြီးတစ်ဆင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးသမ္မတဖြစ်ရွေး ကောက် တင်မြှောက်ခြင်းခံရသူ မာဆီနဂွီးမာဗိုင်ယိုဂိုအား ၁၉၇၂ ခုနှစ်တွင် ရာသက်ပန် သမ္မတအဖြစ်ခန့် အပ်သည်။ နယ်စပ် ပြဿနာကြောင့် ကင်မရွန်းနိုင်ငံ၊ ဂါဘွန်နိုင်ငံတိုနှင့်ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်ခဲ့ပြီး ၁၉၇၆ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု နှင့် သံတမန် အဆက်အသွယ်ဖြတ်ခဲ့သည်။ သို့ရာတွင် ရုရှ၊တရုတ်၊ မြောက်ကိုရီးယားနိုင်ငံများနှင့် ပုံမှန်အတိုင်း ဆက်ဆံလျက်ရှိသည်။ အီကွေတာဂီနီ နိုင်ငံသည် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ၁၂ ရက်နေ့တွင် ၁၂၆ နိုင်ငံမြောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်၍ အာဖရိကညီညွတ်ရေး အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia