အီမီ ဖူကာဒါဝီကီမီဒီယာ ကွန်မွန်းစ်တွင် Eimi Fukada
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ဟုခဒ အဲအိမိ(ဂျပန်: 深田えいみ; ၁၉၉၈ မတ် ၁၈ ~ ) သည် ဂျပန်နိုင်ငံသူ လိင်ဖျော်ဖြေရေး မင်းသမီးနှင့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်သည်။ ၄၄ စီမံခန့်ခွဲမှုလုပ်ငန်းတွင် အဆိုတော်အဖြစ် လေ့ကျင့်ဖူးသူ ဖြစ်သည်။[၁] ငယ်ဘဝ၁၉၉၈ ခု၊ မတ်လ ၁၈ ရက်တွင် တိုချီဂီစီရင်စု၌ မွေးသည်။ အနုပညာခရီး၂၀၁၆ခုတွင် တိုကျိုသို့ ဘဝသစ်ရှာရန် ရောက်လာသည်။ ၄၄ စီမံခန့်ခွဲမှုလုပ်ငန်းမှ စင်တင်သည့် ရဲရင့်သောမိန်းမစစ်သည်များ (B Girl Warrior Go Fig'er) တွင် အစိမ်းရောင်ဝတ် အမာမီကိုကိုရို (天海こころ) အဖြစ် ပါဝင်ရသည်။ [၂] ယင်းအဖွဲ့မှ ၃ လသာ လှုပ်ရှားပြီး အဖွဲ့ပျက်သွား၏။ အဖွဲ့မရှိသည်နောက် မဂ္ဂဇင်းတခုအတွက် အဖော်အချွတ်ကိုယ်ဟန်ပြမယ်အဖြစ် ဓာတ်ပုံအရိုက်ခံသည်။ နောက် တီဘီအက်ရုပ်သံလိုင်းရှိ အစီအစဉ်တခုတွင် သတင်းတင်ဆက်သူအဖြစ် ပါဝင်ရ၏။ ၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် အဆိုတော်ဘဝ ပွဲထွက်အမည် အမာမီကိုကိုရိုကို သုံးကာ သူ့ လိင်ဖျော်ဖြေရေးဇာတ်ကား ထွက်လာသည်။ [၂] ၂၀၁၇ ခု၊ မေလမှစ၍ မင်းသမီးအလုပ်မှ ၆ လမျှ နားသည်။ ထိုကာလတွင် ပလပ်စတစ်ဆာဂျရီလုပ်သည့်အပြင် ရင်သားတုလည်း ထည့်ခဲ့၏။ [၃] နှောင်းပိုင်းတွင်ထုတ်သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ မျက်နှာရှိ အစက်အပျောက်များကို ဖယ်ရှားရန် ပလပ်စတစ်ဆာဂျရီလုပ်လိုသည့်အတွက် ထိုလိင်ဖျော်ဖြေရေးဇာတ်ကားကို လက်ခံခဲ့ကြောင်း ဆိုထားသည်။ [၄] ၂၀၁၈ ခု၊ နိုဝင်ဘာလတွင် အီမီဖူကာဒါ ဟူသောအမည်ဖြင့် နောက်တကြိမ် ပွဲထွက်သည်။ ၂၀၁၉ မှစ၍ မိမိသရုပ်ဆောင်မည့် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးကာ တလတကားနှုန်းထွက်အောင် စီမံ၏။ [၅] ပြင်ပလင့်များ
ကိုးကား
|
Portal di Ensiklopedia Dunia