အောင်ကျော်ဦး
ဦးအောင်ကျော်ဦး (၂၇ မေ ၁၉၅၆-၂၇ ဇွန် ၂၀၂၅) သည် မြန်မာလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအတွင်းတွင် ဖမ်းဆီးခံရကာ၊ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်အတွင်း ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။ နိုင်ငံရေးဖြတ်သန်းမှုဦးအောင်ကျော်ဦးသည် အစောပိုင်းကာလများတွင် ရှေ့နေတစ်ဦး အဖြစ် အသက်မွေးခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ၂၀၁၅တွင် ဦးအောင်ကျော်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် တွင် ရွေးကောက်ပွဲဝင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရပြီး တိုင်းလွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပြီးနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။[၁] ထိုတာဝန်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၂] ထောင်ကျခံရခြင်းဦးအောင်ကျော်ဦးသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရသည်။ထိုသို့ဖမ်းဆီးခံခဲ့ရသည့်အပြင် ကျန်ရစ်ခဲ့သည့် ၎င်း၏ မိသားစုဝင်များလည်း ရန်ရှာခံခဲ့ရသည်။[၃] ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် အိုးဘိုထောင်တွင်းတရားရုံးက ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဥပေဒပုဒ်မ - ၂၅ ဖြင့် ထောင် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်ချမှတ်သည်။[၄] အကျဉ်းထောင်အတွင်း ထောင်ဒဏ်ချမှတ်ခံနေရစဉ် ကျန်းမာရေးချို့ယွင်းလာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။[၅]
ကိုးကား
|
Portal di Ensiklopedia Dunia