အောင်စိုး၊ ဗဂျီ![]() ![]()
၁၉၅၁-ခုနှစ်မှာ အိန္ဒိယအစိုးရ အကူအညီဖြင့် အိန္ဒိယပြည် ဝိသာရဘာရတီ တက္ကသိုလ် တဂိုး ထူထောင်သော စန္တိနိကေတံ တွင် အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီ ပညာ ကို တနှစ်ကြာ သွားရောက်သင်ကြားခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခဲ့သော ဆေးဆိုးပန်းရိုက်သင်တန်း ကျောင်းတွင် ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနှစ်အစောပိုင်းတွင် ရှုမဝမဂ္ဂဇင်းက သူ့ပုံတပုံ ဖော်ပြခဲ့ရာ အများစုကြား ပွက်လောရိုက်သွားပြီး တချို့က သူ့ကို ရူးနေသည်ဟုပင် ပြောခဲ့ကြသည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့ စာအုပ်နှစ်အုပ်ရေးသား ပြုစုခဲ့သည်။ ရှုမဝမဂ္ဂဇင်း နှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ၁၉၉၀-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာ(ခေါ်) ဒေါ်သန်းကြည်နှင့် သားသမီးရှစ်ယောက် ကျန်ရစ်သည်။[၁] သူ၏ လက်မှတ်ဝလုံးလေး ၈ လုံး ရန်ထားသည့် ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာ ပန်းချီကို မရင်းနှီးသော စာဖတ် သူတွေပါ သိပါသည်။ သူ့ သရုပ်ဖော်ပုံတွေ၊ ပန်းချီကားတွေမှာ လက်မှတ်ကို အမျိုးမျိုး ထိုးထားတာ တွေ့နိုင်သည်။ အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး … အစရှိသဖြင့်...။ ဗဂျီအောင်စိုးသည် ကာတွန်းများလည်း ရေးခဲ့ပြီး ထိုးသောလက်မှတ်မှာ ဂြိုဟ် ဟု ထိုးလေ့ရှိသည်။ ![]() သူ၏ စကားသုံးခွန်း
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia