အောင်သူ (ဘောလုံးသမား)
အောင်သူ သည် မြန်မာနိုင်ငံမှ ဘောလုံးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက် တို့၏ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ ယခင်က ရတနာပုံဘောလုံးအသင်းတွင် ကစားခဲ့သည်။ ၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံအသင်းများ ဖြစ်ကြသည့် ပူးလစ်တီရို၊ မြောင်တောင်ယူနိုက်တက်တို့တွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သည်။[၂] ၂၀၂၀ပြည့်နှစ်တွင် ရတနာပုံဘောလုံးအသင်းမှ အပြီးပိုင်ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ အောင်သူသည် မြန်မာ ယူ - ၁၇၊ ယူ - ၂၀၊ ယူ - ၂၃ ဘောလုံးအသင်းများနှင့် လက်ရွေးစင်အသင်းကြီးတို့တွင် ကစားသော လက်ရွေးစင်ကစားသမားလည်းဖြစ်သည်။ အသက် ၁၆နှစ်အောက် မြန်မာဘောလုံးအသင်းတွင် အရွေးချယ်ခံခဲ့ရပြီး အေအက်(ဖ်)အက်(ဖ်) ယူ - ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ကစားခဲ့သည်။ ၂၀၁၄ခုနှစ်တွင် ရန်ကုန်မြို့၌ လက်ခံကျင်းပသော အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် အောင်သူမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။[၃] ၂၀၁၅ခုနှစ်တွင် မြန်မာ ယူ - ၁၉ ဘောလုံးအသင်းသည် ဖီဖာ ယူ - ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုက်ခဲ့သည်။ ဤသည်မှာ မြန်မာ့လက်ရွေးစင်အသင်းတစ်သင်းအနေဖြင့် ၁၉၇၂ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။[၄] ထိုမြန်မာ့လက်ရွေးစင်အသင်းတွင် အောင်သူသည်လည်း ပါဝင်ခဲ့ပြီး မြန်မာဘောလုံးပရိသတ်များအကြား လူသိပိုများလာခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအသင်း၏ ပြည်တွင်းပြည်ပ ပွဲစဉ်များ၌ ခြေစွမ်းပြကစားခဲ့ရာ နိုင်ငံတကာပရိသတ်များကပါ သတိထားမိလာခဲ့သည်။[၂] ငယ်ဘဝနှင့် ပညာရေးအောင်သူ့ကို ၁၉၉၆ခုနှစ် မေလ ၂၂ရက်တွင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာ၌ သာမန်အစိုးရဝန်ထမ်းမိဘများမှ မွေးဖွားခဲ့သည်။[၁] ထို့နောက် မိဘများက ပျဉ်းမနားသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် ပျဉ်းမနားမြို့တွင် ကြီးပြင်းခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ဘောလုံးဝါသနာပါသူဖြစ်ကာ ညအိပ်လျှင်ပင် ဘောလုံးကို ဖက်၍ အိပ်သည်ဟု အမေးအဖြေကဏ္ဍတစ်ခုတွင် အောင်သူမှ ပြောကြားခဲ့သည်။ ၎င်း၏အစ်ကိုများသည်လည်း ဘောလုံးကိုရူးသွပ်သူများဖြစ်ကာ အောင်သူသည် ၎င်း၏အပေါင်းအသင်းများကြားတွင် ဘောလုံးကစားရာ၌ ထင်ရှားခဲ့သည်။ ဘောလုံးအကယ်ဒမီအောင်သူ့ကို မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီက ရွေးချယ်ခဲ့ကာ အောင်သူသည် ဘောလုံးပညာအား စနစ်တကျ သင်ကြားခွင့် ရရှိခဲ့သည်။ သို့ရာတွင် မိသားစုမှ ငွေထောက်ပံ့ပေးနိုင်မှု အားနည်းခဲ့၍ အခက်အခဲများလည်း ရှိခဲ့သည်။ ကစားသမားဘဝအစောပိုင်းကာလ၂၀၀၉ခုနှစ်တွင် တိုင်းဘောလုံးပြိုင်ပွဲ၌ ပျဉ်းမနားကိုယ်စားပြုအသင်းတွင် ပါဝင်ခဲ့ကာ (၃)ဂိုးသွင်းယူခဲ့သည်။ ရတနာပုံဘောလုံးအသင်းမန္တလေးဘောလုံးအကယ်ဒမီမှ အောင်သူအား ၂၀၁၃ခုနှစ်တွင် မန္တလေးမြို့အခြေစိုက် ရတနာပုံဘောလုံးအသင်းမှ ခေါ်ယူခဲ့သည်။ အောင်သူသည် ရတနာပုံဘောလုံးအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်း၏ အဓိကကစားသမားနေရာမှ ပါဝင်ကစားခဲ့သည်။ အငှားကစားသမားပူးလစ်တီရို၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် အောင်သူသည် ရတနာပုံအသင်းမှ ထိုင်းနိုင်ငံ ပူလစ်တီရိုအသင်းသို့ အငှားစာချုပ်ဖြင့် ၂၀၁၈ဘောလုံးရာသီအတွက် သွားရောက်ကစားခဲ့သည်။ ထိုအသင်းတွင် (၃၁)ပွဲ ကစားပြီး (၁၁)ဂိုး သွင်းယူခဲ့သည်။[၅] တစ်လတာ အကောင်းဆုံးကစားသမားဆုများလည်း ရရှိခဲ့ကာ[၆] အပတ်စဉ် (၁၁)တွင် ဆူခိုထိုင်းအသင်းနှင့် ကစားသောပွဲ၌ သွင်းယူခဲ့သော ဂိုးမှာ အကောင်းဆုံး သွင်းဂိုး (၅) ဂိုးစာရင်းတွင် ပါဝင်ခဲ့သည်။ မြောင်တောင်ယူနိုက်တက်၂၀၁၉ရာသီတွင်မူ မြောင်တောင်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ကာ ကျောနံပတ် (၉)ကို ဝတ်ဆင်ခဲ့သည်။[၅] သို့သော် ထိုအသင်းတွင် ခြေစွမ်းပြနိုင်ရန်ပင် ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် မရခဲ့ကာ နောက်ပိုင်းတွင် အရန်လူစာရင်း၌ပင် မပါဝင်ခဲ့ပေ။[၆] ထိုအသင်းတွင် (၁၃)ပွဲကစားပြီး (၃)ဂိုး သွင်းယူခဲ့သည်။ ရတနာပုံဘောလုံးအသင်း (၂၀၂၀)မြောင်တောင်ယူနိုက်တက်နှင့် လမ်းခွဲပြီးနောက် ၂၀၂၀ပြည့်နှစ်တွင် မိခင်အသင်းဖြစ်သော ရတနာပုံအသင်းတွင် ပြန်လည် ကစားခဲ့ပြီး ကျောနံပတ် (၉၉) ဝတ်ဆင်ခဲ့သည်။[၇] ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အောင်သူအား အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ဖြင့် ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက်သို့ အပြီးသတ်ရောင်းချခဲ့သည်။ ထိုအချိန်တွင် အောင်သူသည် ရတနာပုံအသင်းနှင့် စာချုပ် တစ်ရာသီ ကျန်ရှိသေးသည်။[၈] ဘူရီယန်ယူနိုက်တက်၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂၆ရက်နေ့တွင် ဘူရီယန်ယူနိုက်တက်၌ ပထမဆုံးပွဲဦးထွက် ကစားခဲ့သည်။ သို့ရာတွင် ထိုဘောလုံးရာသီ၏ ဒုတိယရာသီဝက်တွင် ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပြီး (၂)ဂိုးသာ သွင်းယူနိုက်ခဲ့သည်။ နောက်ထပ်ရာသီတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရဆဲဖြစ်သည်။[၉] လက်ရွေးစင်ကစားသမားဘဝအစောပိုင်းဘဝအောင်သူသည် ယူ - ၁၆ လက်ရွေးစင်အသင်း၌ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၁ အေအက်(ဖ်)အက်(ဖ်) လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤသည်မှာ အောင်သူ၏ ပထမဆုံးသော နိုင်ငံတကာပွဲဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ၌ မြန်မာ ယူ - ၁၉ အသင်းသည် ဗိုလ်စွဲခဲ့သည်။ နောက်ဆုံးပွဲ၌ ဗီယက်နမ်နိုင်ငံအသင်းအား (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲစဉ်တွင် မြန်မာအသင်းအတွက် အနိုင်ဂိုးအား ပွဲချိန် (၈၂)မိနစ်၌ အောင်သူမှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အောင်သူသည် မြန်မာဘောလုံးပရိသတ်များအကြား ရေပန်းစားလာခဲ့သည်။ ထိုအသင်းသည်လည်း ရန်ကုန်သို့ပြန်လာချိန်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခြင်းကို ခံခဲ့ရသည်။[၁၀]ထို့နောက် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာရှ ယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၌ အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သဖြင့် ၂၀၁၅ခုနှစ် ဖီဖာ ယူ - ၂၀ ကမ္ဘာ့ဖလားသို့ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဤသည်မှာ ၁၉၇၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ပြီးနောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုပြိုင်ပွဲ၌ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁)ဂိုးအား အောင်သူမှ သွင်းယူခဲ့ခြင်းဖြစ်သည်။ လက်ရွေးစင်အသင်းကြီးအောင်သူသည် ၂၀၁၅ ဩဂုတ် ၂၈ရက်နေ့တွင် ယူအေအီးနိုင်ငံနှင့် ခြေစမ်းပွဲ၌ ပထမဆုံးအကြိမ် ကစားခဲ့သည်။ ၎င်း၏ ပထမဆုံးသွင်းဂိုးအနေဖြင့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လာအိုနှင့်ပွဲစဉ်၌ သွင်းယူခဲ့သည်။ နိုင်ငံတကာသွင်းဂိုးများ
ဂုဏ်ပြုဆုများ
ပုဂ္ဂိုလ်ရေးဘဝအောင်သူသည် ၂၀၁၈ခုနှစ် မေလ ၃၁ရက်နေ့တွင် သရုပ်ဆောင် ပိုးအိအိခန့်နှင့် လက်ထပ်ခဲ့သည်။[၁၁] မင်္ဂလာဆောင်အခမ်းအနားကို ၂၀၁၉ခုနှစ် မတ်လ ၂၆ရက်နေ့တွင်မှ ကျင်းပခဲ့သည်။[၁၂] ၂၀၁၉ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ပထမဆုံးသော သားဖြစ်သူ သွင်ဦးဟန်ကို မွေးဖွားခဲ့သည်။[၁၃] ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia