အော့တမန် အင်ပိုင်ယာအော်တိုမန်အင်ပါယာ (Ottoman Empire) သည် တူရကီတို့ ထူထောင်ခဲ့သော အင်ပါယာ ၁၆ ခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၂၉၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် အထိ သက်တမ်းကြာမြင့်ခဲ့သည်။ အော်တိုမန် အင်ပါယာသည် သမိုင်းကြောင်းတွင် အကြီးဆုံးနှင့် အကြာမြင့်ဆုံးသော အင်ပါယာများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုအင်ပါယာသည် အစ္စလာမ် ဘာသာဝင်နှင့် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတို့မှ ထူထောင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ အော်တိုမန် အင်ပါယာကြီးကို တူရကီ အင်ပါယာ[၁](သို့) အော်တိုမန် အင်ပါယာ[၂][၃]လို့လဲ ခေါ်ဆိုကြပြီး ၁၃ရာစု အကုန်တွင် တူရကီ လူမျိုးခေါင်းဆောင် အိုစမန်မှ Bilecik နှင့် Sogut အနီးတွင် စတင်တည်ထောင်ခဲ့သည်[၄]။ ၁၃၅၄ ခုနှစ် နောက်ပိုင်းတွင် အော်တိုမန် အင်ပါယာကြီးမှာ ဥရောပထိ ကျယ်ပြန့်လာခဲ့ပြီး ဘော်လကန် ဒေသအောင်မြင်မှုနှင့် အတူ တိုက်ကြီးများဖြတ်ကျော်ပိုင်ဆိုင်သော အင်ပါယာကြီးဖြစ်လာခဲ့သည်။ အော်တိုမန် အင်ပါယာကြီးသည် ၁၄၅၃ တွင် ကွန်စတန်တီနိုပယ်ကို အောင်နိုင်ပြီး ဘိုင်ဇန်တိုင်း အင်ပါယာကို အဆုံးသတ်ပေးခဲ့သည်။[၅] ၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များအတွင်း ဩဇာအာဏာ အထွဋ်အထိပ်သို့ ရောက်နေချိန်တွင် ထိန်းချုပ်ထားသော နယ်မြေများတွင် ဥရောပ အရှေ့တောင်ပိုင်း၊ အာရှ အနောက်တောင်ပိုင်း နှင့် အာဖရိကမြောက်ပိုင်းတို့ ပါဝင်သည်။ အော်တိုမန် အင်ပါယာတွင် ဒေသပေါင်း ၂၉ ခုပါဝင်သည်။ဩဇာခံ နယ်မြေများလည်း အများအပြားရှိပြီး အချို့ကို နောက်ပိုင်းတွင် အင်ပါယာ အတွင်းသို့ သွတ်သွင်းခဲ့ပြီး အချို့ကိုမူ ရာစုနှစ်များအတွင်း အမျိုးမျိုး ကွဲပြားခြားနားသော ကိုယ်ပိုင် အုပ်ချုပ်ရေးများ ပေးအပ်ခဲ့သည်။ မြို့တော်မှာ ယနေ့ခေတ် အစ္စတန်ဘူလ်မြို့ နေရာဖြစ်သော ကွန်စတန်တီနိုပယ်လ် ဖြစ်သည်။ ခမ်းနားကြီးကျယ်သော ဆူလေမန် အုပ်ချုပ်နေစဉ်ကာလက မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းရှိ ကျယ်ပြန့်သော နယ်မြေများကို အုပ်စိုးထားခဲ့သည်။ ထိုအင်ပါယာသည် အရှေ့တိုင်းကမ္ဘာ နှင့် အနောက်တိုင်းကမ္ဘာတို့ ဆက်ဆံရေးတွင် ဗဟို အချက်အချာနေရာအဖြစ် ရာစုနှစ် ၆ ခုတိုင်အောင် ရှိနေခဲ့သည်။ အော်တိုမန်အင်ပါယာ - မူလ၊ နေရာအော်တိုမန်အင်ပါယာ ၎င်းသည် မြေထဲပင်လယ်ဒေသတွင် တူရကီလူမျိုးစုများ ဖန်တီးခဲ့သော အင်ပါယာတစ်ခုဖြစ်ပြီး ၁၅ရာစု နှင့် ၁၆ ရာစုအတွင်း ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ၎င်းသည် နှစ်ပေါင်းခြောက်ရာကျော် တည်ရှိပြီး ၁၉၂၂ ခုနှစ်တွင် အန်ကာရာအစိုးရမှ နောက်ဆုံးစူလတန်အား နန်းချချိန်အထိ တည်ရှိခဲ့သည်။ အင်ပါယာသည် ဥရောပအရှေ့တောင်ပိုင်းတွင် ယခုဟန်ဂေရီ၊ ဘော်လကန်ဒေသ၊ ဂရိ၊ ယူကရိန်း၏ အစိတ်အပိုင်းများ၊ အရှေ့အလယ်ပိုင်းဒေသများ၊ မြောက်အာဖရိကနှင့် အာရေဗျကျွန်းဆွယ်များအပါအဝင် ဗီယင်နာဂိတ်များ အထိပါဝင်ခဲ့သည်။ အင်ပါယာသည် ကွန်စတန်တီနိုပယ်ကို သိမ်းပိုက်ပြီး အခြားနယ်မြေများကိုသိမ်းပိုက်နိုင်သည့်အခါ ၎င်းသည်အရှေ့နှင့် အနောက် ကမ္ဘာနှစ်ခုလုံးတွင် ရာစုနှစ် ခြောက်ခုမျှကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှု၏ ဗဟိုတွင်ရောက်ရှိခဲ့သည်။ အော်တိုမန်အင်ပါယာသည် ၁၈ရာစုနှင့် ၁၉ရာစုနောက်ပိုင်းတွင် အင်အားကျဆင်းလာခဲ့ပြီး ဘော်လကန်ဒေသ၊ အီဂျစ်နှင့် မဂရပ်ဒေသတို့ကို ဆုံးရှုံးခဲ့သည်။ ပထမကမ္ဘာစစ်တွင် ပါဝင်ချိန် အော်တိုမန်အင်ပါယာတွင် အာရှမိုင်းနားဒေသ၊ ဆီးရီးယား၊ အီရတ်နှင့် ဟီဂျက်ဒေသတို့သာ ကျန်ရှိတော့သည်။ အော်တိုမန်တို့သည် နယ်မြေရလိုရငြား ဂျာမန်ဘက်တွင် ဝင်တိုက်ပေးခဲ့သော်လည်း စစ်ရှုံးသွားသည့်အတွက် အီရတ်၊ ဆီးရီးယား၊ ဟီဂျက်တို့ကို ဆုံးရှုံးခဲ့သည့်အပြင် အာရှမိုင်းနားဒေသကိုလည်း မဟာမိတ်စစ်တပ်များ ဝင်ရောက်တပ်စွဲခြင်းကို ခံလိုက်ကြရသည်။ ထိုသို့ စူလတန်နှင့် အော်တိုမန်အစိုးရ၏ ညံ့ဖျင်းမှုကို မကျေနပ်သော တူရကီမျိုးချစ်များသည် မူစတာဖာ ကီးမဲ ပါရှားဦးဆောင်မှုအောက်တွင် အန်ကာရာအစိုးရကို ထူထောင်ကာ အော်တိုမန်အစိုးရနှင့် မဟာမိတ်တပ်များအား တော်လှန်သည်။ တော်လှန်ရေး (တူရကီ လွတ်လပ်ရေးစစ်ပွဲ) အောင်မြင်သည့်အတွက် မဟာမိတ်တပ်များ ဆုတ်ခွာရသည့်အပြင် အန်ကာရာအစိုးရမှ နောက်ဆုံးစူလတန် ဆဌမမက်ဟမက်အား ၁၉၂၂ခုနှစ်တွင် နန်းမှချကာ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။ ထို့သို့ဖြင့် အနှစ်၆၀၀ကျော်တည်ရှိခဲ့သော အော်တိုမန်အင်ပါယာသည် ဂျာမန်အင်ပါယာ၊ ဩစတြီးယားဟန်ဂေရီနိုင်ငံနှင့် ရုရှားအင်ပါယာတို့နှင့်အတူ နိဋ္ဌိတံသွားလေတော့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia