အံ့ကြီး၊ ကို
ကိုအံ့ကြီးသည် မြန်မာတေးသံရှင်တစ်ဦး ဖြစ်သည်။ ကိုအံ့ကြီးသည် မန်းတောင်ရိပ်ခို သီချင်းကို ပထမဦးဆုံး သီဆိုသူ ဖြစ်သည်။ ရန်ကုန်မြို့ ဘီတီဘရားသား မိသားစု တီးဝိုင်းနှင့် အသံသွင်းသည်။ မန္တလာမြင့်၏ အကျော်ကြားဆုံးတေးတစ်ပုဒ် ဖြစ်သော ရွှေဘိုသနပ်ခါး သီချင်းကို ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အနုပညာရှင်များမှ သူ၏ဝါသနာ၊ ဂီတအနုပညာကို လေးစားဂုဏ်ပြုသောအားဖြင့် ပေးအပ်ချီးမြှင့်ခဲ့သော မြန်မာဂီတထူးချွန်ဆုကြီးကို ရရှိခဲ့သည်။ ငယ်ဘဝဖခင်ဖြစ်သူ ချင်းတွင်းနယ်မြေ သစ်တောဝန်ထောက် ဦးကေကေ (ခ) ဘာတာချာဂျီ နှင့် မိခင်ဖြစ်သူ ဒေါ် ဝင်း တို့မှ ၁၉၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ အစ်ကိုကြီး ဦးဘတူက ပြင်ဦးလွင်ရှိ ကော်ဖီခြံကို ဝယ်ယူကာ ခြံလုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ယင်းလုပ်ငန်းကို မောင်နှမများ စုပေါင်းလုပ်ကိုင်ရာမှ ဘတူနှင့်ညီအစ်ကိုများ အစုစပ်ကုမ္ပဏီကို ထူထောင်ခဲ့ပြီး နောင်တွင် BT Brother Co. ဟူ၍ ဖြစ်လာသည်။ ဘီတီဘရားသား စတူဒီယိုကို တည်ထောင်သောအခါ ဦးဘသိန်းက အသံဖမ်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်သည်။ ဂျပန်ခေတ်ကို ဖြတ်သန်းခဲ့သူဖြစ်ရာ ဂျပန်စကားကို ပိုင်နိုင်စွာ ပြောဆိုနိုင်သည့်အပြင် အင်္ဂလိပ်၊ မလေး၊ အင်ဒို၊ တရုတ်၊ အိန္ဒိယနှင့် အီတလီစကားများကိုလည်း ပြောဆိုနိုင်သည်။ ၁၉၅၀ ပြည့်နှစ်တွင် အင်ဒို ခရီးစဉ်၊ ၁၉၅၃ ခုနှစ်တွင် ဂျပန် ခရီးစဉ်၊ ၁၉၆၀ ပြည့်နှစ်တွင် တရုတ် ခရီးစဉ် စသော ချစ်ကြည်ရေးခရီးစဉ်များ၌ နိုင်ငံတော်ဝန်ကြီးများနှင့် လိုက်ပါကာ မြန်မာသံစဉ်ကို လိုက်ပါသီဆိုပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ရန်ကုန်မြို့၌ ကျင်းပသော မြန်မာ-အမေရိကန် ချစ်ကြည်ရေးဂီတပွဲတော်တွင်လည်း သီဆိုခဲ့သေးသည်။ မိသားစုမွေးချင်းများ
သားသမီးများ
ဘဝနိဂုံး၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်နေ့၊ ည ၉:၂၅ မိနစ်တွင် ရန်ကုန်မြို့၊ ပါရမီ အထွေထွေရောဂါကုဆေးရုံ၌ နှလုံးရောဂါကြောင့် ကွယ်လွန်သည်။[၁] တိမ်းပါးချိန်၌ ဇနီးဖြစ်သူတွင် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။
သီဆိုခဲ့သော သီချင်းများမြနန္ဒာ စစ်ကိုင်းတောင် (တေးရေး မြို့မငြိမ်း) ကသစ်ပန်း (တေးရေး မြို့မငြိမ်း) လူချွန်လူကောင်း(တေးရေး မြို့မငြိမ်း) မေ့ပါနိုင် သုံးရာသီ ယဥ်တကိုယ်မယ်
3
ကိုးကား
|
Portal di Ensiklopedia Dunia