အ.ထ.က(၁)လမ်းမတော်

အ.ထ.က (၁)၊ လမ်းမတော်
စိန်ဂျွန်းအထက်တန်းကျောင်း
လိပ်စာ
၁၂၀-၁၄၀ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
သတင်းအချက်အလက်
တည်ထောင်၁၈၆၄ ခုနှစ်
တည်ထောင်သူဆရာမှတ်ကြီး
ရွေးချယ်သတ်မှတ်ခြင်းများ
အထက (၁) လမ်းမတော် (စိန်ဂျွန်းကျောင်း)

စိန်ဂျွန်းအထက်တန်းကျောင်း (St. John's High School) သည် ပြည်သူပိုင်သိမ်းပြီးနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်အဖြစ် တည်ရှိနေလျက်ရှိသည်။

သမိုင်းကြောင်း

စိန်ဂျွန်းကောလိပ် (ယခုလမ်းမတော် အထက ၁)ကို ၁၈၆၄ ခုနှစ်တွင် ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး ဒေါက်တာမတ်ခ်စ် (Dr. J.E Marks) (ခ) ဆရာမှတ်ကြီးက စတင်တည်ထောင်ပြီး ၁၈၆၉ ခုနှစ်တွင် လက်ရှိကျောင်းနေရာသို့ ပြောင်းလာသည်။ မင်းညီမင်းသားများ၊ ပဒေသရာဇ် စော်ဘွားသားများ စိန်ဂျွန်းကျောင်း၌ ပညာဆည်းပူးသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ သားတော် လင်းပင်မင်းသားသည် စိန်ဂျွန်းကျောင်းထွက် တစ်ဦး ဖြစ်သည်။ စိန်ဂျွန်းကျောင်းကို ၁၈၇၉ ခုနှစ်တွင် စထောင်သည့် ဒိုင်အိုစီဇင် ယောက်ျားလေးကျောင်းနှင့် ပေါင်းကာ နောင်တွင် စိန်ဂျွန်း ဒိုင်အိုကျောင်းဟု ခေါ်ကြသည်။[]

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. 19။

ပြင်ပလင့်ခ်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya