ဦးပိန်တံတား
အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။[၁][၂][၃][၄] ဦးပိန်တံတားသည် ၁.၂-ကီလိုမီတာ (၀.၇၅-မိုင်) ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။[၁][၅][၆] ဦးပိန်တံတားသမိုင်း![]() ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ ငှက် အစရှိသည်သာမက အခြားသော တိရစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါး ဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ် ဟုခေါ်သည့် (မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင် မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၎င်း၏တပည့်မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ချောက်ချားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၎င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။ ထို မြို့စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ တံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားတိုင်များမှာကား အခြားမဟုတ်။ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်သည် ဟုဆိုသည်။ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်သမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။ ပြုပြင်ထိန်းသိမ်းမှု နှင့် ကျိုးကျမှုဦးပိန်တံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၁၆၀ ကျော် ရှိလာသည့်အတွက် ဆွေးမြေ့မှုများရှိလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြီးစား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ် အထိ ပြုလုပ်ခဲ့ရသည်။[၇] မူလတည်ဆောက်စဉ်က တံတားသည် အရှည်အားဖြင့် ၃၉၈၇ ပေ၊ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း ရှိသည်။လက်ရှိတွင် သဘာဝ ဘေးအန္တရာယ် များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့် တွင် တံတား၏ တောင်သမန် ဘက်ခြမ်း၊ တိုင်အမှတ် ၃၃၉ နှင့် ၃၄၀ ကြား အခန်း ၂ခန်း ပြိုကျမှုဖြစ်ပွားသည်။[၈] တံတားပေါ်သို့ လာရောက်လည်ပတ်သူများပြား၍ တံတားခံနိုင်ဝန် မမျှဖြစ်ကာ ကျိုးကျခဲ့မှုတွင် ၂၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။[၉] ရုပ်ပုံများ
ကိုးကား
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် U Bein Bridge
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
Portal di Ensiklopedia Dunia