ဧကမဉ္စတုဝဋ္ဋနသိက္ခာပုဒ်

အမှု—ခုတင်တစ်ခု၌ ၂-ယောက်အတူ အိပ်မှု။

အမှုသည်—ဘိက္ခုနီများ။ []

လူလို မအိပ်ရ

သာဝတ္ထိမြို့၌ ဘိက္ခုနီတချို့သည် ခုတင်တချပ်ထည်း၌ ၂-ယောက် အတူအိပ်ကြကုန်၏၊ ကျောင်းကို လှည့်လည်၍ ကြည့်ရှုကြသော လူတို့သည် ထိုသို့ အိပ်ကြပုံကို မြင်၍ “လူများအိပ်သလို အိပ်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနိယော ဒွေ ဧကမဉ္စေ တုဝဋ္ဋေယျုံ, ပါစိတ္တိယံ။

မြန်မာပြန်

ညောင်စောင်း(ခုတင်)တစ်ခုတည်း၌ ၂-ယောက်အတူ အိပ်သော ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ယောက်အိပ်တုန်း အခြားတစ်ယောက်က ထိုင်နေလျှင်လည်းကောင်း၊ ၂-ယောက်လုံး မအိပ်ဘဲ ထိုင်နေလျှင်လည်းကောင်း အနာပတ္တိ။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya