၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား
၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ (2010 AFC President's Cup) သည် အာရှဘောလုံးအဖွဲ့ချုပ် မှ ၆ ကြိမ်မြောက်ကျင်းပသောအာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် အာရှဘောလုံးအဖွဲ့ချုပ် မှ ဘောလုံးလောကဖွံ့ဖြိုးလာမည့်အာရှနိုင်ငံများ၏ဘောလုံးကလပ်အသင်းများအတွက် နှစ်စဉ်ကျင်းပနေသောပြိုင်ပွဲဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သည့်အသင်းများ
*၂၀၀၉ နီပေါလိဂ်သည်ကျင်းပခဲ့ခြင်းမရှိပါ။ မဲခွဲပွဲယင်းပြိုင်ပွဲ၏အုပ်စုမဲခွဲပွဲကို မတ်လ ၅ ရက်တွင် အာရှဘောလုံးအဖွဲ့ချုပ် ၏ရုံးချုပ်တွင် ကျင်းပခဲ့သည်။ အကြိုဗိုလ်လုပွဲအတွက် မဲခွဲပွဲကိုမူ ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်ခဲ့သည်။ အုပ်စုရလဒ်များအုပ်စု (က)အုပ်စု (က) ပွဲစဉ်များကို ဒါကာမြို့ ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ဒါကာစံတော်ချိန် (UTC+6) ဖြစ်သည်။
အုပ်စု (ခ)အုပ်စု (ခ) ပွဲစဉ်များကို ရန်ကုန်မြို့ ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ရန်ကုန်စံတော်ချိန် (UTC+6:30) ဖြစ်သည်။
အုပ်စု (ဂ)အုပ်စု (ဂ) ပွဲစဉ်များကို ရန်ကုန်မြို့ ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ရန်ကုန်စံတော်ချိန် (UTC+6:30) ဖြစ်သည်။
အကောင်းဆုံးအုပ်စုဒုတိယရွေးချယ်ခြင်းအုပ်စုများထဲမှ အကောင်းဆုံးအုပ်စုဒုတိယအသင်းသည် အကြိုဗိုလ်လုပွဲသို့တက်ရောက်မည်ဖြစ်သည်။ အုပ်စု (ဂ)တွင် အသင်း ၃ သင်းသာရှိသောကြောင့် ကျန်အုပ်စုများမှ အုပ်စုဒုတိယအသင်းနှင့်အောက်ဆုံးအသင်းတို့၏ပွဲရလဒ်များကို မတွက်ချက်ထားသော အုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲရလဒ်များနောက်ဆုံးအဆင့်ပြိုင်ပွဲများကို စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ တွင်ကျင်းပခဲ့သည်။ အကြိုဗိုလ်လုပွဲရလဒ်များ
ဗိုလ်လုပွဲရလဒ်
ဆုပေးပွဲအခမ်းအနားဆုပေးပွဲအခမ်းအနားကို ဗိုလ်လုပွဲပြီးဆုံးချိန်တွင် တစ်ဆက်တည်းကျင်းပခဲ့သည်။ ဆုပေးပွဲအခမ်းအနားတွင် ပြိုင်ပွဲတွင်း ခြေစွမ်းပြခဲ့သော ကစားသမားများကိုရွေးချယ်ကာ တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဆုရ ကာဂျစ္စတန်ကလပ်ဘောလုံးအသင်းမှ ကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ခဲ့သည်။ အခမ်းအနား၏နောက်ဆုံးအစီအစဉ်အဖြစ် ဗိုလ်လုပွဲတွင်အနိုင်ရရှိကာပထမဆုရရှိခဲ့သောရတနာပုံ ဘောလုံး အသင်းမှ ကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ထပ်မံပေးအပ်ကာ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဘင်ဟားမန်းက ချန်ပီယံဆုဖလားကြီးကို ချန်ပီယံရတနာပုံ ဘောလုံး အသင်းထံ ချီးမြှင့်ခဲ့သည်။
ကိုးကား |
Portal di Ensiklopedia Dunia