၂၀၁၈ အာရှ အားကစားပြိုင်ပွဲ
၂၀၁၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 Asian Games)သည် အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့နှင့် ဖလန်းပင်မြို့တွင် ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၈ရက်မှ စက်တင်ဘာလ ၂ရက်နေ့အထိကျင်းပခဲ့သည့် ၁၈ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို မြို့၂မြို့တွင်ခွဲ၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၁၉၆၂ခုနှစ်၌ ဂျာကာတာမြို့တွင် ကျင်းပခဲ့ဖူးသည်။ လက်ခံကျင်းပခြင်းအိမ်ရှင်အဖြစ်ယှဉ်ပြိုင်ခြင်းဟနွိုင်းဗီယက်နမ်၊ဟနွိုင်းမြို့မှာ ဆာရာဘာရာမြို့(အင်ဒိုနီးရှား)၊ဒူဘိုင်းမြို့များကိုကျော်၍ကျင်းပခွင့်ရခဲ့သည်။၂၀၁၂ နိုဝင်ဘာ၈ရက်နေ့တွင် ဟနွိုင်းက ၂၉မဲ၊ဆာရာဘာရာက ၁၄မဲဖြင့် ဟနွိုင်းကအနိုင်ရခဲ့သည်။ ဒူဘိုင်းမှာမူ နုတ်ထွက်ခဲ့သည်။ သို့သော် ၂၀၁၄ခုနှစ် မတ်လတွင် ဗီယက်နမ်၏လက်ခံကျင်းပနိုင်မှုကို စိုးရိမ်လာကြသည်။ ထိုအထဲတွင် ဘတ်ဂျက်$၁၅၀ မီလီယံသာသုံးစွဲခြင်းလည်းပါသည်။ အစိုးရအနေဖြင့် $၃၀၀ မီလီယံသုံးစွဲရန် တိုက်တွန်းမှုများရှိခဲ့သည်။ ဗီယက်နမ်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌဟောင်းကလည်း အာရှအားကစားပွဲကိုကျင်းပခြင်းမှာ ဗီယက်နမ်၏ ခရီးသွားကဏ္ဍကို မမြှင့်တင်နိုင်ကြောင်းပြောခဲ့သည်။ ၂၀၁၄ခုနှစ် ဧပြီ၁၇ရက်နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ထန်းက အိမ်ရှင်အဖြစ်မှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ဂျာကာတာနှင့် ဖလမ်းပင်ဟနွိုင်းနုတ်ထွက်သွားပြီးနောက် အာရှအိုလံပစ်ကောင်စီမှ အင်ဒိုနီးရှား၊တရုတ်နှင့် ယူအေအီးနိုင်ငံများမှာ အဓိကစဉ်းစားစရာဖြစ်ကြောင်းပြောခဲ့သည်။ ထိုအထဲမှ ယခင်ရွေးချယ်စဉ်က ဒုတိယရသော ဆာရာဘာရာမြို့ကို လူကြိုက်များခဲ့သည်။ ၂၀၁၄ခုနှစ် မေလ၅ရက်တွင် အာရှအိုလံပစ်ကောင်စီမှ အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ၊ဖလမ်းပင်၊ဆာရာဘာရာ၊ဘန်ဒေါင်းမြို့များသို့ သွားရောက်ခဲ့သည်။ ဆာရာဘာရာအနေဖြင့် အာရှအားကစားပြိုင်ပွဲအစား ၂၀၂၁ အာရှလူငယ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်စီစဉ်ပြီးဖြစ်၍ အိမ်ရှင်ဖြစ်ရန်မကြိုးစားတော့ပေ။ ဇူလိုင်၂၅တွင် ကူဝိတ်စီးတီးတွင် ကျင်းပသော အစည်းအဝေးတွင် အာရှအိုလံပစ်ကောင်စီက ဂျာကာတာကိုအိမ်ရှင်အဖြစ်ပေးအပ်ခဲ့ပြီး ဖလမ်းပင်ကို ပူးဆွဲအိမ်ရှင်အဖြစ်ပေးခဲ့သည်။ စက်တင်ဘာ ၂၀ရက်နေ့တွင် အင်ဒိုနီးရှားသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စာချုပ်တွင်လက်မှတ်ထိုးခဲ့သည်။ ကုန်ကျစရိတ်၂၀၁၅ခုနှစ်က ဗဟိုအစိုးရအနေဖြင့် $၂၂၄မီလီယံကို ဘတ်ဂျက်ခွဲဝေခဲ့ပြီး ဒေသတွင်းအစိုးရများက အချို့ကုန်ကျစရိတ်များသုံးစွဲခဲ့သည်။၂၀၁၈၊ဇူလိုင်လတွင် အားကစားပွဲအတွက် ဘတ်ဂျက်ခွဲဝေမှုမှာ အလှူရှင်များထံမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅၉မီလီယံအပါအဝင် စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၅၀မီလီယံရှိခဲ့သည်။ အားကစားကွင်းများဂျာကာတာမြို့ ဘန်ကာနိုအားကစားနယ်မြေ
အခြားနေရာများ
![]() ဖလမ်းပင်မြို့
အနောက်ဂျာဗား
ပြိုင်ပွဲအထိမ်းအမှတ်များ၂၀၁၅ခုနှစ် စက်တင်ဘာလ၉ရက်နေ့တွင်ကျင်းပသော အင်ဒိုနီးရှားနိုင်ငံအားကစားနေ့တွင် အထိမ်းအမှတ်တံဆိပ်ကိုပြသခဲ့သည်။ အင်ဒိုနီးရှား၏ ရှားပါးလှသော Paradisaeaငှက်ကို ပုံဖော်ထားသည်။ ၂၀၁၆ ဇန်နဝါရီတွင် စီစဉ်သူများက ထိုတံဆိပ်ကိုရုပ်သိမ်းခဲ့သည်။ပြည်သူပြည်သားများက ထိုတံဆိပ်မှာ Paradisaeaငှက်အစား ကြက်ပေါက်လေးတစ်ကောင်နှင့်တူနေသည်ဟု နောက်ပြောင်ဝေဖန်ခဲ့ကြသည်။ သူနှင့်အတူ လာဘ်ကောင်"ဒရာဝါ"မှာလည်း ဝေဖန်ခံခဲ့ရသည်။ အစိုးရက ဒီဇိုင်းအသစ်အတွက် ဖိတ်ခေါ်ခဲ့သည်။ ဇူလိုင် ၂၈ရက်တွင် ဒီဇိုင်းအသစ်ကို ပြသခဲ့သည်။"အာရှ၏ စွမ်းအားများ(Energy kf Adia)"ဟု ခေါင်းစဉ်တပ်ကာ ဘန်ကာနိုအားကစားကွင်းကိုပုံထော်ထားသော ဒီဇိုင်းအသစ်မှာ အာရှနိုင်ငံများ၏စည်းလုံးမှုကိုဖော်ပြရန်ရည်ရွယ်သည်။ ထိုနေ့တွင်ပင် လာဘ်ကောင်အသစ်များကိုလည်း ပြသခဲ့သည်။ ယခင် Paradisaeaငှက်အစား ဘင်ဘင်-Paradisaeaငှက်၊အက်တင်-ဘာဝီသမင်၊ကာကာ-ဂျာဗန်ကြံ့ တို့ဖြစ်သည်။ သူတို့သည် အင်ဒိုနီးရှား၏ အရှေ့ပိုင်း၊အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့နှင့် မဟာဗျူဟာ၊အရှိန်နှင့် ခွန်အားတို့ကို ကိုယ်စားပြုသည်။ ![]() မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းမီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူးဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံကြေးမုံမှ၂၀၁၈ခုနှစ် ဇူလိုင်၁၅ရက်နေ့ကစတင်မီးထွန်းညှိခဲ့သည်။ ဇူလိုင် ၁၈ရက်နေ့တွင် Prambananရှိ ဗြဟ္မာကွင်းတွင် အလယ်ဂျာဗားမှမီးနှင့် အိန္ဒိယမှယူလာသော မီးတို့ကို ပူးပေါင်းထွန်းညှိခဲ့သည်။ ထို့နောက် နိုင်ငံအနှံ့မီးရှုးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းအစီအစဉ်စတင်ခဲ့သည်။ အိမ်ရှင်မြို့များအပါအဝင် နိုင်ငံအနှံ့ မြို့ပေါင်း၅၄မြို့ကိုဖြတ်၍ မီးရှုးတိုင်လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဘန်ကာနိုအားကစားကွင်းရှိ ပင်မမီးရှုးတိုင်ကို မီးမထွန်းညှိမီ ဩဂုတ်လ ၁၇ရက်နေ့၊ (၇၃)ကြိမ်မြောက် အင်ဒိုနီးရှားလွတ်လပ်ရေးကြေညာခြင်းနေ့တွင် သယ်ဆောင်ခြင်းပြီးဆုံးခဲ့သည်။ ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား![]() ![]() ၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်နေ့ ည၇နာရီတွင် ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင်ကျင်းပခဲ့သည်။ [၅] ၂၆မီတာရှိသော တောင်နှင့်ရေတံခွန်ပုံစံ နောက်ခံစတိတ်စင်မှာ အင်ဒိုနီးရှားရှိအပင်နှင့်ပန်းများဖြင့် တန်ဆာဆင်ထားသည်။[၆] တောင်နှင့်မြောက်ကိုရီးယားတို့မှာ ပေါင်းစည်းရေးအလံအောက်တွင် တစ်ဖွဲ့တည်းချီတက်ခဲ့သည်။ အားကစားပွဲတော်ကို သမ္မတဂျိုကိုဝီဒိုဒိုက ဖွင့်လှစ်ပေးခဲ့သည်။[၆] ပိတ်ပွဲအခမ်းအနားပိတ်ပွဲကို စက်တင်ဘာ၂ရက်နေ့ည၇နာရီက ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင် ကျင်းပခဲ့သည်။ [၇]၂၀၂၂ဟန်ကျိုးအားကစားပွဲတော်ကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့မှ မြို့တော်ဝန်မှ အားကစားပြိုငပွဲအလံကို လွှဲပြောင်းလက်ခံခဲ့သည်။[၈] ပါဝင်သော အားကစားနည်းများ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ကနူးပိုလိုနှင့် eSportsတို့ကို မိတ်ဆက်ကျင်းပခဲ့သည်။[၉][၁၀]
ဆုတံဆိပ်ဇယား* အိမ်ရှင်[၁၁]
ပါဝင်သောနိုင်ငံများအာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။တောင်နှင့် မြောက်ကိုရီးယားမှာ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့်ဝင်ရောက်ခဲ့ပြီး အချို့သောအားကစားနည်းများတွင် တစ်နိုင်ငံအနေဖြင့်ပေါင်း၍ယှဉ်ပြိုင်ခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia