၂၀၁၉ မြန်မာနိုင်ငံတောင်ပိုင်း ရေကြီးမှု၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။[၁] ရေကြီးရေလျှံမှုများကြောင့် လူဦးရေ အနည်းဆုံး ၁၂၀၀၀ ကျော်ခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။[၂] ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် မိုးရွာသွန်းခဲ့ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများရှိ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ငဝန်မြစ်၊ ဘီးလင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်များ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့ကာ မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၃][၄][၅][၆] ကရင်ပြည်နယ်ရေကြီးရေလျှံမှုများကြောင့် ကရင်ပြည်နယ်အတွင်း လူ ၂၂၀၀၀ ခန့် ရေဘေးကြုံတွေ့နေရသည်။[၇] သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သည့်အတွက် ကရင်ပြည်နယ်ရှိ နေရာအတော်များများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဘားအံမြို့နယ်တွင် ရေဘေးစခန်း ၁၂ ခုခန့် ဖွင့်လှစ်ခဲ့ရသည်။[၄] လှိုင်းဘွဲ့မြို့တွင် ရေကြီးမှုကြောင့် ဩဂုတ်လ ၃ ရက်နေ့က မြို့မဈေးကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်။[၅] ထိုင်းမြန်မာ နယ်စပ် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီခရိုင်အတွင်း ရေဘေးသင့်သူ ၄၀၀ ခန့် ရှိခဲ့သည်။[၅] ကြာအင်းဆိပ်ကြီးမြို့တွင် ဩဂုတ် ၇ ရက်နေ့က ကုန်တင်ယာဉ်ငယ်တစ်စီး ရေစီးနှင့် မျောပါသည်အထိ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ပေ။[၈] မွန်ပြည်နယ်မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် လူဦးရေ ၁၄၀၀၀ ခန့်[၇] ရေဘေးသင့်နေကာ ကယ်ဆယ်ရေးစခန်း ၆၀ ကျော် ဖွင့်လှစ်ထားခဲ့ရသည်။[၉] မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် ရထားလမ်းကို ခေတ္တပိတ်ထားခဲ့ရသည်။ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်လှစ်ခဲ့ရပြီး လူဦးရေ ၇၀၀၀ ကျော် လာရောက်ခိုလှုံနေရသည်။[၄] ![]() ဩဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးခဲ့ကာ နေအိမ်များ နစ်မြုပ်ခဲ့သည်။ ရေကြီးမှုကြောင့် သံလွင်တံတား(မော်လမြိုင်)ကို ခေတ္တပိတ်ထားခဲ့ရသည်။[၁၀] ရေလွှမ်းမိုးမှုကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်း အချို့နေရာများတွင် လမ်းပိတ်ခဲ့ပြီး သောကြာနေ့ ညနေပိုင်းတွင် လမ်းတစ်ခြမ်း ပြန်ဖွင့်ပေးခဲ့သည်။[၁၀] ရေးမြို့နယ် မန်ကျည်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် ကွမ်းခြံတွင် နေထိုင်သူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းများက ဖော်ပြခဲ့သည်။[၁၀] ရေးမြို့ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊အောင်မင်္ဂလာ၊အောင်သုခ၊အောင်မေတ္တာ၊ သီရိနန္ဒာ ရပ်ကွက်များနှင့် ကျောင်းရွာ၊ ချောင်းတောင်ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီ၊ ရေဘေးဒုက္ခသည် ၁၄၀၀ ကျော်ရှိကာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်ထားခဲ့ရသည်။[၁၀] ![]() ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က မိုးများပြီး မလတ်တောင်ပြိုကျမှုကြောင့် တောင်ခြေရှိ နေအိမ် ၁၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း မြေပိခဲ့သလို[၁၁]အဝေးပြေးကားလမ်းပေါ်တွင် ရေကျချိန်စောင့်ဆိုင်းနေသော ခရီးသွားကားအချို့လည်း ပါဝင်ခဲ့သည်။[၁၂] အသက်ရှင်လျက် ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး[၁၃] ဩဂုတ်လ ၁၉ ရက်နေ့တွင် ရှာဖွေရှင်းလင်းရေး ရပ်နားခဲ့ပြီးနောက် သေဆုံးသူရုပ်အလောင်း ၆၉ ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ဆေးရုံတွင် တစ်ဦးကွယ်လွန်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၇၀ ဦးရှိခဲ့သည်။[၁၄] ပေါင်မြို့နယ်၊ မုတ္တမ နယ်မြေရဲစခန်းနှင့် တိုက်နယ်ဆေးရုံများတွင် ရေဝင်ခဲ့သောကြောင့် ဆေးရုံမှ လူနာများကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။[၁၁] သံဖြူဇရပ်နှင့် ရေးမြို့နယ်အကြား ကားလမ်းရေကျော်နေသောကြောင့် လမ်းပိတ်ထားခဲ့ရသည်။[၁၁] ![]() ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့ကာ နေအိမ် သုံးလုံးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အပြိုင်ကျေးရွာတွင်လည်း တောင်နံရံ ထပ်မံပြိုကျမှုကြောင့် နေအိမ်တစ်လုံး၏ အနောက်ဆောင်ပြိုကျခဲ့သည်။[၁၃] တနင်္သာရီတိုင်းဒေသကြီး![]() တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်ရှိ မလွှဲတောင်ပေါ်မှ ထားဝယ်-ရေးလမ်းပိုင်း မိုင်တိုင် ၇၉ တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျကာ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့သည်။[၁၅] ယင်းမြေပြိုမှုကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့ပြီး[၁၆] လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီး ၇၀ ခန့်နှင့် လူ ၁၀၀ ကျော် ပိတ်မိနေခဲ့သည်။ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်မော်ဘုရားတွင် ဩဂုတ်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုကျမှုဖြစ်ပွားခဲ့ကာ တောင်ပေါ်ရှိ လူ ၂၁ ဦး ပိတ်မိနေခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် ပိတ်မိနေသူအားလုံးအား ကယ်တင်နိုင်ခဲ့သည်။[၁၇] တနင်္သာရီမြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် လူ ၂၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူ ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။[၁၈] ထားဝယ်ဒေသတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ထားဝယ်၊ လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။[၁၅] ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia