၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
မြန်မာနိုင်ငံအသင်းသည် ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤပွဲသည် (၃၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ ၂၀၂၃ခုနှစ် မေလ (၅)ရက်နေ့မှ မေလ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ် (၂၅)ခု၊ ကြေးတံဆိပ် (၆၈)ခု၊ စုစုပေါင်း တံဆိပ်(၁၁၄)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၈)တွင် ရပ်တည်ခဲ့သည်။[၁] ဤသည်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်ကို ဖယ်လိုက်ပါက ၁၉၇၉ခုနှစ်နောက်ပိုင်း ဆုတံဆိပ်ပိုင်းအရ အအောင်မြင်ဆုံးသော နှစ်တစ်နှစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် အားကစားနည်း (၁၉)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ကို စေလွှတ်ခဲ့သည်။ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့တွင် အားကစားသမား (၃၄၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၅၅)ဦး၊ စီမံအုပ်ချုပ်သူ/နည်းပြ (၁၀၄)ဦး၊ စုစုပေါင်း (၅၀၀)ဦး ပါဝင်ကြသည်။[၂] မြန်မာအားကစားအဖွဲ့အတွက် အောင်နိုင်ရေးအလံအပ်နှင်းခြင်းကို ဧပြီလ (၂၅)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ (ဘီ)၌ ကျင်းပခဲ့သည်။ မြန်မာအားကစားသမားများသည် ဧပြီလ (၂၆)ရက်နေ့မှစတင်ကာ သက်ဆိုင်ရာအားကစားနည်းများအလိုက် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ကို ဗိုဗီနမ်အားကစားနည်းမှ ရရှိခဲ့သည်။[၃]မြန်မာအားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က ကမ္ဘောဒီးယားနိုင်ငံသို့ လိုက်ပါကာ အနီးကပ်ကြီးကြပ် အားပေးခဲ့သည်။ တစ်ဦးချင်း ရွှေတံဆိပ်ဆုရအားကစားသမားတစ်ဦးအတွက် ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ်အတွက် ကျပ်သိန်း (၂၀၀)၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း (၁၀၀) ချီးမြှင့်ခဲ့သည်။ အသင်းလိုက်ကစားသမားများအတွက် ရွှေရရှိလျှင် တစ်ဦးလျှင် ကျပ်သိန်း (၁၀၀)၊ ငွေရလျှင် ကျပ်သိန်း (၇၀)၊ ကြေးရလျှင် ကျပ်သိန်း (၃၀) ချီးမြှင့်ခဲ့သည်။ နည်းပြ/အုပ်ချုပ်သူများအတွက် ကျပ်သိန်း (၁၀၀)၊ (၅၀)နှင့် (၃၀) အသီးသီးချီးမြှင့်ခဲ့သည်။ အထူးအနေဖြင့် ဗိုလ်လုပွဲတက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ (၅၀,၀၀၀)၊ အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ချီးမြှင့်ခဲ့သည်။ ထို့အတွက်ကြောင့် စုစုပေါင်းငွေကျပ် (၃,၃၃၃)သန်း၊ အမေရိကန်ဒေါ်လာ (၇၀,၀၀၀) ကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။[၄] ဆုတံဆိပ်ရရှိသူများအောက်ပါကစားသမားများသည် ဆုတံဆိပ်များရရှိခဲ့သည်။ ရွှေတံဆိပ်
ငွေတံဆိပ်
ကြေးတံဆိပ်
ဆုတံဆိပ်ဆိုင်ရာ အချက်အလက်များ
ကြိုတင်ပြင်ဆင်ခြင်း(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားသမားများကို ကြိုတင်စခန်းဝင်လေ့ကျင့်ပေးခဲ့သည်။ ဝူရှူး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ လက်ဝှေ့အားကစားနည်းများကို တရုတ်နိုင်ငံသို့ (၃)လကြာ စေလွှတ်လေ့ကျင့်စေခဲ့သည်။ ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ရည်စစ်ပြိုင်ပွဲများ ကျင်းပကာ အားကစားသမားများ ရွေးချယ်ခဲ့သည်။[၅][၆] ![]() အားနစ်မြန်မာ့သိုင်းအားကစားအဖွဲ့ချုပ်မှ အားကစားသမားများသည် ကိုယ်ခံပညာအားကစားဖြစ်သည့် အားနစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၈)ခု၊ စုစုပေါင်း (၁၂)ခု ရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့်အတူ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။[၇]
ရွှေတံဆိပ်ဆုရှင်များ
စည်သူမောင် (၅၅-၆၀ ကီလို ဖော့တုတ်အတိုက်)
ငွေတံဆိပ် ရရှိသူများမိုးမိုးအေး (၅၀ကီလိုအောက် ဖော့တုတ်အတိုက်)မိုးမိုးအေး (၅၀ကီလိုအောက် ကြိမ်တုတ်အတိုက်)ကြေးတံဆိပ်ရရှိသူများဝင်းသက်ပိုင် - ကြိမ်တုတ်အတိုက် (၅၅-၆၀ကီလို အမျိုးသား)
လူမင်းဦး - ကြိမ်တုတ်အတိုက် (၆၀-၆၅ကီလို အမျိုးသား)
ဝိုင်းသက်အောင် - ၅၅-၆၀ ကီလို ဖော့တုတ်အတိုက် (အမျိုးသား)
ထက်ဝေလှိုင် - အလွတ်တန်းအမျိုးသားတစ်ဦးချင်းစွမ်းရည်ပြ
သန္တာခိုင် - ကြိမ်တုတ်အတိုက် (၅၀-၅၅ကီလို အမျိုးသမီး)
သန္တာခိုင် - ကြိမ်တုတ်အတိုက် (၅၀-၅၅ကီလို အမျိုးသမီး)
ခင်ခင်ခန့် - အလွတ်တန်းအမျိုးသမီးတစ်ဦးချင်းစွမ်းရည်ပြ
ပြေးခုန်ပစ်
အမျိုးသား
အမျိုးသမီး
ကိုးကား
|
Portal di Ensiklopedia Dunia